တမန်တော်ဝတ္ထု 28:15Judson Bibleရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှာ အချို့တို့သည် အပ္ပိဈေးတိုင်အောင်လည်းကောင်း၊ အချို့တို့သည် သုံးဇရပ်တိုင်အောင်လည်းကောင်း လာကြ၏။ ပေါလုသည် ထိုသူတို့ကို မြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ပေတရုသည်လည်း ထိုသူတို့ကိုတိတ်ဆိတ်စွာ နေစေခြင်းငှာ မိမိလက်နှင့်အမှတ်ပေး၍ မိမိကို ထောင်ထဲက သခင်ဘုရားနုတ်တော်မူ သောအကြောင်းအရာကို ဖော်ပြပြီးမှ၊ သင်တို့သွား၍ ယာကုပ်နှင့် ညီအစ်ကိုတို့အား ဤအကြောင်းများကို ပြန်ကြားကြလော့ဟု ဆိုပြီးလျှင်၊ ထွက်၍အခြားတစ်ပါးသို့ သွားလေ၏။-