Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 28:14

Judson Bible

ထို​မြို့၌ ညီ​အစ်​ကို​အ​ချို့​တို့​ကို​တွေ့၍ ခု​နစ်​ရက်​နေ​ကြ​ပါ​ဟု သူ​တို့​သည်​တောင်း​ပန်​သည်​အ​တိုင်း နေ​ပြီး​မှ၊ ရော​မ​မြို့​သို့ ခ​ရီး​သွား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ ယ​နေ့​မှ​စ၍ ခု​နစ်​ရက်​စေ့​လျှင်၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​သို့ မိုး​ရွာ​စေ​မည်။ ငါ​ဖန်​ဆင်း​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ မြေ​ကြီး​မျက်​နှာ​ပေါ်​မှ ငါ​ပယ်​ရှင်း​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။

ကိုယ်​တော်​ကို​ကြောက်​ရွံ့​သော​သူ၊ ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​ကို နား​ထောင်​သော​သူ​ရှိ​သ​မျှ​တို့​နှင့် အ​ကျွန်ုပ် ပေါင်း​ဖော်​တတ်​ပါ၏။

မည်​သည်​မြို့ မည်​သည်​ရွာ​သို့ ဝင်​လျှင်၊ ထို​မြို့​ရွာ၌ အ​ဘယ်​မည်​သော​သူ​သည် ထိုက်​တန်​သ​နည်း​ဟု မေး​မြန်း၍၊ ထို​မြို့​ရွာ​မှ မ​ထွက်​မ​သွား​မီ​တိုင်​အောင် ထို​သူ၏​အိမ်​တွင် နေ​ကြ​လော့။-

ထို​စ​ကား​တော်​ကို​ထောက်​လျှင်၊ ညီ​အစ်​ကို​တို့​က၊ ထို​တ​ပည့်​တော်​သည် မ​သေ​ရ​ဟု အ​နှံ့​အ​ပြား ပြော​ဆို​ကြ၏။ သို့​သော်​လည်း ထို​သူ​သည်​မ​သေ​ရ​ဟု ယေ​ရှု​မိန့်​တော်​မူ​သည် မ​ဟုတ်။ ငါ​ကြွ​လာ​သည်​ကာ​လ​တိုင်​အောင် ထို​သူ​ကို​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ​လျှင် သင်​သည် အ​ဘယ်​သို့​ဆိုင်​သ​နည်း​ဟု မိန့်​တော်​မူ​သ​တည်း။

ထို​အ​ခါ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ရာ​နှစ်​ဆယ်​သော တ​ပည့်​တော်​တို့၏​အ​လယ်၌ ပေ​တ​ရု​သည်​ထ၍၊-

အာ​ပေါ​လု​သည် ကော​ရိ​န္သု​မြို့၌​နေ​စဉ်၊ ပေါ​လု​သည် အ​ထက်​အ​ရပ်​များ​ကို လျှောက်​သွား​ပြီး​မှ ဧ​ဖက်​မြို့​သို့​ရောက်၍၊ တ​ပည့်​တော် အ​ချို့​တို့​ကို​တွေ့​လျှင်၊-

အ​ဇု​မ​ပွဲ​နေ့​ရက်​လွန်​ပြီး​မှ ငါ​တို့​သည် ဖိ​လိ​ပ္ပိ​မြို့​မှ သင်္ဘော​နှင့်​လွှင့်၍ ငါး​ရက်​အ​တွင်း​တွင် သူ​တို့​ရှိ​ရာ တ​ရော​မြို့​သို့​ရောက်၍ ခု​နစ်​ရက် နေ​ကြ၏။

တ​ပည့်​တော်​တို့​ကို​တွေ့၍ ငါ​တို့​သည် ခု​နစ်​ရက်​နေ​ကြ၏။ ပေါ​လု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ မ​တက်​ရ​မည် အ​ကြောင်း၊ ထို​တ​ပည့်​တော်​တို့​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ပြော​ကြ၏။-

ထို​မြို့​မှ​လွှင့်​ပြန်၍ ဝိုက်​သွား​သ​ဖြင့်၊ ရေ​ဂျုန်​မြို့ သို့​ရောက်၍ တစ်​ရက်​နေ​ပြီး​မှ တောင်​လေ​လာ​သော​ကြောင့်၊ နှစ်​ရက်​တွင်​ပေါ​တ​ယော​လိ​မြို့​သို့ ရောက်​ကြ၏။-

ရော​မ​မြို့​သား​ညီ​အစ်​ကို​တို့​သည် ငါ​တို့​လာ​ကြောင်း​ကို ကြား​သိ​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ အ​ချို့​တို့​သည် အ​ပ္ပိ​ဈေး​တိုင်​အောင်​လည်း​ကောင်း၊ အ​ချို့​တို့​သည် သုံး​ဇ​ရပ်​တိုင်​အောင်​လည်း​ကောင်း လာ​ကြ၏။ ပေါ​လု​သည် ထို​သူ​တို့​ကို မြင်​လျှင်၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ စိတ်​သက်​သာ​ခြင်း​သို့ ရောက်​လေ၏။

ထို​သူ​တို့​က၊ သင်၏​အ​ကြောင်း​ကို ကြား​လိုက်​သော​စာ​ကို ယု​ဒ​ပြည်​မှ အ​ကျွန်ုပ်​တို့​မ​ရ​ကြ။ ထို​ပြည်​မှ​လာ​သော ညီ​အစ်​ကို​တို့​တွင် အ​ဘယ်​သူ​မျှ သင်၌ အ​ပြစ်​ရှိ​ကြောင်း​ကို မ​ကြား​မ​ပြော​ပါ။-

ထို​ကြောင့် ညီ​အစ်​ကို​တို့၊ ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက်၊ အ​သ​ရေ​ရှိ​သော လူ​ခု​နစ်​ယောက်​တို့​ကို သင်​တို့​တွင် ရှာ​ကြ​လော့။ ဤ​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ငါ​တို့​သည် ခန့်​ထား​ကြ​မည်။-

ထို​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​သည် ကြား​သိ​လျှင်၊ ရှော​လု​ကို ကဲ​သ​ရိ​မြို့​သို့​ပို့၍ တာ​ရှု​မြို့​တိုင်​အောင် စေ​လွှတ်​ကြ၏။

ညီ​အစ်​ကို​တို့၊ ငါ​သည်​အ​ခြား​သော တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ကျိုး​ကို​ရ​သ​ကဲ့​သို့ သင်​တို့​တွင်​လည်း အ​ကျိုး​တစ်​စုံ​တစ်​ခု​ကို​ရ​ခြင်း​ငှာ၊ သင်​တို့​ရှိ​ရာ​သို့​သွား​မည်​ဟု အ​ဖန်​ဖန်​အ​ကြံ​ရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ၊ ထို​သို့​အ​ကြံ​ရှိ​သော်​လည်း၊ ယ​ခု​တိုင်​အောင် မြစ်​တား​သော အ​ကြောင်း​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ