Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 27:3

Judson Bible

နက်​ဖြန်​နေ့​တွင် ဇိ​ဒုန်​မြို့၌​ဆိုက်​ကြ​ပြီး​လျှင်၊ ပေါ​လု​သည် မိ​မိ​အ​ဆွေ​ခင်​ပွန်း​တို့​ထံ​သို့​သွား၍ သူ​တို့၏​လုပ်​ကျွေး​ပြု​စု​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း၊ ယု​လိ​သည် ကျေး​ဇူး​ပြု၍ အ​ခွင့်​ပေး​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်​သား​အ​ကြီး​ကား၊ ဇိ​ဒုန်။ ထို​နောက် ဟေ​သ။

ဇာ​ဗု​လုန်​သည် ပင်လယ်ကမ်း​နား​မှာ​နေ၍၊ သင်္ဘော​ဆိပ်​ဖြစ်​လိမ့်​မည်။ သူ၏​နယ်​သည် ဇိ​ဒုန်​မြို့​တိုင်​အောင် ကျယ်​ဝန်း​လိမ့်​မည်။

ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​က​ညာ၊ ဇိ​ဒုန်​မြို့၏​သ​မီး၊ သင်​သည် နောက်​တစ်​ဖန် ရွှင်​လန်း​ခြင်း​မ​ရှိ​ရ။ ထ​လော့။ ခိ​တ္တိမ်​ပြည်​သို့ ကူး​သွား​လော့။ ထို​အ​ရပ်၌​လည်း ငြိမ်​သက်​ခြင်း​မ​ရှိ​ရ​ဟု မိန့်​တော်​မူ၏။

ထို​ပြည်​နှင့် နီး​စပ်​သော ဟာ​မတ်​ပြည်၌​လည်း​ကောင်း၊ တု​ရု​မြို့​သည် လိ​မ္မာ​သော​ကြောင့် ထို​မြို့​နှင့် ဇိ​ဒုန်​မြို့၌​လည်း​ကောင်း သင့်​ရောက်​ပေ၏။

အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ပြ​သော တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင်​ပြ​ဖူး​လျှင်၊ ထို​မြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​နှင့်​လူး​လျက် နောင်​တ ရ​ကြ​လိမ့်​မည်။-

ထို​နောက်၊ ဟေ​ရုဒ်​မင်း​သည် ယု​ဒ​ပြည်​မှ ကဲ​သ​ရိ​မြို့​သို့​သွား၍ နေ​သည်​ရှိ​သော်၊ တု​ရု​မြို့​သား​နှင့် ဇိ​ဒုန်​မြို့​သား​တို့​ကို အ​မျက်​ထွက်​လေ၏။ ထို​သူ​တို့​သည် တ​ညီ​တ​ညွတ်​တည်း​လာ​ကြ၍၊ ဗ​လ​တ္တု​အ​မည်​ရှိ​သော အ​တွင်း​ဝန်​ကို ဖျောင်း​ဖျ​ပြီး​မှ၊ အ​မျက်​တော်​ပြေ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြည်​သည် ပြည်​တော်​ကို​မှီ၍ ကျွေး​မွေး​ခြင်း​ကို​ခံ​ရ၏။-

ပေါ​လု​ကို အ​ကျဉ်း​မ​ထား​ဘဲ စောင့်၍​နေ​စေ။ သူ၏​အ​ဆွေ​အ​မျိုး​တို့​သည် သူ့​ထံ​သို့​လာ၍ လုပ်​ကျွေး​ကြ​စေ​ဟု တပ်​မှူး​ကို​မှာ​ထား၏။

ထို​အ​ခါ​ငါ​တို့​သည် ဣ​တ​လိ​ပြည်​သို့​သင်္ဘော​နှင့် ကူး​ရ​မည့်​အ​ကြောင်း​ကို စီ​ရင်​ပြီး​မှ၊ ယု​လိ​အ​မည်​ရှိ​သော ဩ​ဂု​တ္တု​တပ်​နှင့်​ဆိုင်​သော တပ်​မှူး၌ ပေါ​လု​မှ​စ၍ အ​ကျဉ်း​ခံ​သော​အ​ခြား​သူ​တို့​ကို အပ်​ကြ၏။-

တပ်​မှူး​သည်​ပေါ​လု​ကို ချမ်း​သာ​စေ​ခြင်း​ငှာ အ​လို​ရှိ​သ​ဖြင့်၊ စစ်​သူ​ရဲ​တို့၏​အ​ကြံ​ကို​မြစ်​တား၍၊ ကူး​နိုင်​သော သူ​တို့​သည် အ​ရင်​ဆင်း၍ ကုန်း​သို့ သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

ရော​မ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ တပ်​မှူး​သည် အ​ကျဉ်း​ခံ​သော​သူ​တို့​ကို ကိုယ်​ရံ​တော်​မှူး၌ အပ်​လေ​သော်၊ ပေါ​လု​သည် မိ​မိ​ကို​စောင့်​သော စစ်​သူ​ရဲ​တစ်​ယောက်​နှင့်​အ​တူ မိ​မိ​အ​လို​အ​လျောက်​နေ​ရ​သော အ​ခွင့်​ကို​ရ၏။

ဟေ​ဗြုန်​မြို့၊ ရ​ဟော​ဘ​မြို့၊ ဟ​မ္မုန်​မြို့၊ ကာ​န​မြို့၊ ဇိ​ဒုန်​မြို့​ကြီး​တိုင်​အောင် ရောက်​ပြီး​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ