အာဒြမုတ္တိ သင်္ဘောကိုစီး၍ အာရှိပြည်နားသို့ လျှောက်သွားမည်အကြံနှင့် လွှင့်ကြ၏။ အာရိတ္တခုအမည်ရှိသော မာကေဒေါနိပြည်သက်သာလောနိတ်မြို့သားသည် ငါတို့နှင့်ပါ၏။-
တစ်နေ့သ၌ ယေရှုသည် တပည့်တော်တို့နှင့်အတူ လှေထဲသို့ဝင်၍၊ အိုင်တစ်ဖက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူပြီးလျှင် လွှင့်သွားကြ၏။-
ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့နောက်သို့လိုက်၍၊ ဤသူတို့ကား အကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသော ဘုရားသခင်၏ကျွန်ဖြစ်ကြ၏ဟု ဟစ်ကြော်လေ၏။-
ထိုနောက်၊ အံဖိပေါလိမြို့၊ အာပေါလောနိမြို့ကိုလျှောက်သွား၍ သက်သာလောနိတ်မြို့သို့ ရောက်ကြ၏။ ထိုမြို့မှာယုဒတရားဇရပ်ရှိ၏။-
နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ရှေ့မှာ မီးရှို့ကြ၏။ စာစောင်အဖိုးကို ချင့်တွက်သော်၊ ငွေအသပြာ ငါးသောင်းထိုက်သည်ကို သိကြ၏။-
တစ်မြို့လုံး ရုန်းရင်းခတ်မျှဖြစ်၍၊ ပေါလုနှင့်အတူ ဒေသစာရီ လှည့်လည်သော မာကေဒေါနိလူ ဂါယုနှင့် အာရိတ္တာခုတို့ကို ဆွဲယူပြီးလျှင်၊ ပွဲခံရာဇရပ်ထဲသို့ ညီညွတ်စွာ တစ်ဟုန်တည်းပြေးဝင်ကြ၏။-
ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊-
ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည် သားမယားနှင့်တကွ မြို့ပြင်သို့ ငါတို့ကို ပို့လိုက်ကြ၍ ငါတို့သည်ထွက်သွားပြီးလျှင်၊ ပင်လယ်ကမ်းပေါ်၌ ဒူးထောက်လျက် ဆုတောင်းကြ၏။-
ထိုသူတို့သည် များစွာသော လက်ဆောင်တို့ကို ပေး၍၊ ငါတို့သည် လွှင့်ပြန်သောအခါ၊ ရိက္ခာများကိုလည်း သင်္ဘောပေါ်သို့ တင်ကြ၏။
သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ၏။-
ရောမမြို့သို့ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလုသည် မိမိကိုစောင့်သော စစ်သူရဲတစ်ယောက်နှင့်အတူ မိမိအလိုအလျောက်နေရသော အခွင့်ကိုရ၏။
မိုးရွာ၍ ချမ်းသောကြောင့် လူရိုင်းတို့သည် မီးမွှေးပြီးလျှင်၊ ငါတို့အပေါင်းကို လက်ခံ၍ အထူးသဖြင့် ကျေးဇူးပြုကြ၏။-
ငါနှင့်အတူ အကျဉ်းခံရသောသူ အာရိတ္တာခု၊ ဗာနဗ၏ညီအစ်ကိုတော်မာကု၊ ယုတ္တုဟုခေါ်ဝေါ်သော ယေရှုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ မာကုအတွက် သင်တို့ကို ငါမှာလိုက်ခဲ့ပြီ။ သူသည် သင်တို့ဆီသို့ ရောက်လာလျှင် လက်ခံကြလော့။-
ငါ၏ လုပ်ဖော်ဆောင်ဖက် မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာတို့သည် သင့်ကို နှုတ်ဆက်ကြ၏။-