Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 24:1

Judson Bible

ထို​နောက် ငါး​ရက်​လွန်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​မင်း အာ​န​နိ​သည် တေ​ရ​တု​လု​အ​မည်​ရှိ​သော ရှေ့​နေ​မှ​စ၍၊ လူ​အ​ကြီး​အ​ကဲ​တို့​နှင့်​တ​ကွ ကဲ​သ​ရိ​မြို့​သို့ သွား​ကြ​သ​ဖြင့်၊ ပေါ​လု၏​အ​ကြောင်း​ကို မြို့​ဝန်​မင်း​ထံ၌ လျှောက်​ထား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သွေး​သောက်​ကြီး၊ အ​ရာ​ရှိ၊ တိုင်​ပင်​မှူး​မတ်၊ လက်​သ​တ္တိ​ရှိ​သော​သူ၊ နှုတ်​သ​တ္တိ​ရှိ​သော​သူ​တို့​ကို ပယ်​ရှား​တော်​မူ၏။

ဟေ​ရုဒ်​မင်း​သည်​လည်း ချိန်း​ချက်​သော​နေ့၌ မင်း​မြောက် တန်​ဆာ​ကို​ဝတ်​ဆင်၍ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​လျက် ထို​သူ​တို့​အား မိန့်​တော်​မူ၏။-

ထို​ခု​နစ်​ရက်​စေ့​လု​သော​အ​ခါ၊ အာ​ရှိ​ပြည်​မှ​လာ​သော ယု​ဒ​လူ​တို့​သည် ဗိ​မာန်​တော်၌ ပေါ​လု​ကို​မြင်​လျှင် စု​ဝေး​သော​လူ​အ​ပေါင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်၍၊ ဣ​သ​ရေ​လ​လူ​တို့၊ ကူ​မ​ကြ​ပါ။-

ယဇ်​ပု​ရော​ဟိတ်​မင်း အာ​န​နိ​က၊ သူ၏​နှုတ်​ကို​ရိုက်​လော့​ဟု အ​နား၌ ရပ်​နေ​သော​သူ​တို့​အား အ​မိန့်​ရှိ၏။-

ပေါ​လု​စီး​စ​ရာ​ဖို့ တိ​ရ​စ္ဆာန်​တို့​ကို​ပြင်၍ ပေး​ကြ။ သူ့​ကို ဖေ​လဇ်​မင်း​ထံ​သို့​ကြပ်​မ၍ ပို့​ကြ​ဟု​အ​မိန့်​ရှိ၏။-

ယု​ဒ​လူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​နှင့် သူ့​ကို​လုပ်​ကြံ​မည်​ဟု အ​ကျွန်ုပ်​ရိပ်​မိ​လျှင်၊ သူ့​ကို ကိုယ်​တော်​ထံ​သို့ ချက်​ချင်း​စေ​လွှတ်၍ အ​မှု​လုပ်​သော​သူ​တို့​ကို ရှေ့​တော်၌ လျှောက်​ထား​စေ​ခြင်း​ငှာ စီ​ရင်​ပါ၏။ ကိုယ်​တော် ကျန်း​မာ​ပါ​စေ​သော​ဟု ရေး၍​ပေး​လိုက်​သ​တည်း။

မြင်း​စီး​သူ​ရဲ​တို့​သည် ကဲ​သ​ရိ​မြို့​သို့​ရောက်​လျှင်၊ စစ်​သူ​ကြီး၏​စာ​ကို မြို့​ဝန်​မင်း​လက်​သို့​အပ်​ပေး၍၊ ပေါ​လု​ကို​လည်း ရှေ့​တော်၌ သွင်း​ထား​ကြ၏။-

သင့်​ကို​အ​မှု​လုပ်​သော​သူ​တို့​သည် ရောက်​လာ​သော​အ​ခါ ငါ​နား​ထောင်​မည်​ဟု ဆို၍၊ ပေါ​လု​သည် ဟေ​ရုဒ်​မင်း၏​အိမ်​တော်၌ အ​ချုပ်​ခံ​လျက်​နေ​စေ​ဟု စီ​ရင်​လေ၏။

အ​ကျွန်ုပ်​သည် ကိုး​ကွယ်​ခြင်း​ငှာ ယေ​ရု​ရှ​လင်​မြို့​သို့ တက်​သွား၍၊ ယ​ခု တစ်​ဆယ်​နှစ်​ရက်​သာ​ရှိ​သည်​ကို ကိုယ်​တော်​သိ​နိုင်​တော်​မူ၏။-

ပေါ​လု​ကို​ခေါ်​ပြီး​မှ၊ တေ​ရ​တု​လု​သည် အ​ပြစ်​တင်​သော စ​ကား​ကို​လျှောက်​ဆို​သည်​မှာ၊ မြတ်​တော်​မူ​သော​ဖေ​လဇ်​မင်း၊ အ​ကျွန်ုပ်​တို့​သည် ဘုန်း​တော်​ကို ခို​လှုံ၍ အ​လွန်​ငြိမ်​သက်​စွာ နေ​ရ​သ​ဖြင့်၊ ကိုယ်​တော် ကြည့်​ရှု​ပြု​စု​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို ဤ​လူ​မျိုး​သည် ခံ​ရ​ပါ​သည်​ဖြစ်၍၊-

ယေ​ရု​ရှ​လင်​မြို့၌ အ​ကျွန်ုပ်​ရှိ​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ယု​ဒ​အ​မျိုး​အ​ကြီး​အ​ကဲ​တို့​သည်၊ ထို​သူ၏​အ​ကြောင်း​ကို ကြား​လျှောက်၍ အ​ပြစ်​အ​လျောက် စီ​ရင်​ပါ​ဟု တောင်း​ပန်​ကြ​လျှင်၊-

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ၍ ယု​ဒ​လူ အ​ကြီး​အ​ကဲ​တို့​သည်၊-

ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​ရှိ​ရာ​သို့ ရောက်​လာ​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ သက်​သေ​ခံ​ချက်​ကို ထူး​မြတ်​သော​စ​ကား​နှင့် ထူး​မြတ်​သော​ပ​ညာ​အား​ဖြင့် သင်​တို့​အား ပြ​သ၍ ရောက်​လာ​သည်​မ​ဟုတ်။-

သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် လူ​ပ​ညာ​အား​ဖြင့် မ​တည်၊ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် တည်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား၊ ငါ့​ဒေ​သ​နာ​သည် လူ​ပ​ညာ​နှင့်​ယှဉ်​သော ဖြား​ယောင်း​သော​စ​ကား​နှင့်​တ​ကွ ရှိ​သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်၏​နိ​မိတ်​လ​က္ခ​ဏာ တန်​ခိုး​တော်​နှင့်​တ​ကွ ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ