Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 23:35

Judson Bible

သင့်​ကို​အ​မှု​လုပ်​သော​သူ​တို့​သည် ရောက်​လာ​သော​အ​ခါ ငါ​နား​ထောင်​မည်​ဟု ဆို၍၊ ပေါ​လု​သည် ဟေ​ရုဒ်​မင်း၏​အိမ်​တော်၌ အ​ချုပ်​ခံ​လျက်​နေ​စေ​ဟု စီ​ရင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ယေ​ရ​မိ​ကို မြေ​တွင်း​ထဲ​က ကြိုး​နှင့်​ဆွဲ​တင်​ကြ၏။ ထို​နောက် ယေ​ရ​မိ​သည်​ထောင်​ဝင်း​ထဲ​မှာ နေ​လေ၏။

ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ ယေ​ရှု​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​ပြီး​မှ၊ မာ​ဂု​ပ​ညာ​ရှိ​တို့​သည် အ​ရှေ့​ပြည်​က ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ​လျှင်။-

ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည် မာ​ဂု​ပ​ညာ​ရှိ​တို့ လှည့်​ဖြား​သည်​ကို​သိ​လျှင်၊ ပြင်း​စွာ​အ​မျက်​ထွက်၍ လူ​ကို​စေ​လွှတ်​သ​ဖြင့်၊ မာ​ဂု​ပ​ညာ​ရှိ​တို့၌ စေ့​စေ့​မေး​မြန်း​ပြီး​သော ကြယ်၏​အ​ချိန်​ကာ​လ​ကို ထောက်၍၊ ဗက်​လင်​မြို့​မှ​စ​သော ကျေး​လက်​ရှိ​သ​မျှ​တို့၌ နှစ်​နှစ်​အ​ရွယ်​မှ​စ၍ ထို​အ​ရွယ်​အောက်​ယုတ်​သော သူ​ငယ်​ယောက်ျား​အ​ပေါင်း​တို့​ကို သတ်​စေ၏။-

ထို​စ​ကား​ကို​ကြား​လျှင် ဟေ​ရုဒ်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​နှင့်​တ​ကွ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​သ​ဖြင့်၊-

ထို​အ​ခါ မြို့​ဝန်​မင်း၏ စစ်​သူ​ရဲ​တို့​သည် ယေ​ရှု​ကို အိမ်​တော်​ဦး​သို့ ဆောင်​သွား၍ စစ်​သူ​ရဲ​တစ်​တပ်​လုံး​ကို အ​ထံ​တော်၌ စု​ရုံး​စေ​ပြီး​မှ၊-

နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယေ​ရှု​ကို က​ယာ​ဖ​ထံ​မှ အိမ်​တော်​ဦး​သို့ ဆောင်​သွား​ကြ၏။ ထို​သူ​တို့​သည် အာ​ပတ်​နှင့်​ကင်း​လွတ်၍ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​မည်​အ​ကြောင်း အိမ်​တော်​ဦး​ထဲ​သို့ ကိုယ်​တိုင်​မ​ဝင်​ကြ။-

ယု​ဒ​လူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​နှင့် သူ့​ကို​လုပ်​ကြံ​မည်​ဟု အ​ကျွန်ုပ်​ရိပ်​မိ​လျှင်၊ သူ့​ကို ကိုယ်​တော်​ထံ​သို့ ချက်​ချင်း​စေ​လွှတ်၍ အ​မှု​လုပ်​သော​သူ​တို့​ကို ရှေ့​တော်၌ လျှောက်​ထား​စေ​ခြင်း​ငှာ စီ​ရင်​ပါ၏။ ကိုယ်​တော် ကျန်း​မာ​ပါ​စေ​သော​ဟု ရေး၍​ပေး​လိုက်​သ​တည်း။

ထို​နောက် ငါး​ရက်​လွန်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​မင်း အာ​န​နိ​သည် တေ​ရ​တု​လု​အ​မည်​ရှိ​သော ရှေ့​နေ​မှ​စ၍၊ လူ​အ​ကြီး​အ​ကဲ​တို့​နှင့်​တ​ကွ ကဲ​သ​ရိ​မြို့​သို့ သွား​ကြ​သ​ဖြင့်၊ ပေါ​လု၏​အ​ကြောင်း​ကို မြို့​ဝန်​မင်း​ထံ၌ လျှောက်​ထား​ကြ၏။-

မြို့​ဝန်​မင်း​သည် အ​မှတ်​ပေး၍၊ ပေါ​လု​သည် လျှောက်​ရ​သော အ​ခွင့်​ကို​ရ​လျှင်၊ ကိုယ်​တော်​သည် ဤ​လူ​မျိုး​ကို တာ​ရှည်​စွာ​အုပ်​စိုး​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ၍၊ သာ​ယာ​သော​စိတ်​နှင့် ကိုယ်​အ​ပြစ်​ဖြေ​ရာ စ​ကား​ကို လျှောက်​ဝံ့​ပါ၏။-

ထို​သူ​တို့​သည် အ​ကျွန်ုပ်၌​အ​ပြစ်​တင်​စ​ရာ​ရှိ​လျှင်၊ အ​ထံ​တော်​သို့​ကိုယ်​တိုင်​လာ၍ အ​ပြစ်​တင်​အပ်​ပါ၏။-

ဖေ​လဇ်​မင်း​က​လည်း၊ စစ်​သူ​ကြီး​လု​သိ ရောက်​လာ​သော​အ​ခါ၊ သင်​တို့​အ​မှု​ကို ငါ​စစ်​ဦး​မည်​ဟု ထို​ဘာ​သာ​ကို​သာ၍ နား​လည်​သော​သူ​ဖြစ်​လျက်၊ မ​စီ​ရင်​ဘဲ သူ​တို့​ကို လွှတ်​လိုက်၏။-

ပေါ​လု​ကို အ​ကျဉ်း​မ​ထား​ဘဲ စောင့်၍​နေ​စေ။ သူ၏​အ​ဆွေ​အ​မျိုး​တို့​သည် သူ့​ထံ​သို့​လာ၍ လုပ်​ကျွေး​ကြ​စေ​ဟု တပ်​မှူး​ကို​မှာ​ထား၏။

ကျွန်ုပ်​က​လည်း၊ အ​ပြစ်​တင်​ခြင်း​ကို ခံ​သော​သူ​သည် အ​ပြစ်​တင်​သော သူ​တို့​နှင့် မျက်​မှောက်​တွေ့၍၊ မိ​မိ၌​တင်​သော​အ​ပြစ်​ကို​ဖြေ​ရ​သော အ​ခွင့်​မ​ရှိ​မီ၊ အ​ဘယ်​သူ​ကို​မျှ အ​သေ​ခံ​စေ​ခြင်း​ငှာ မ​စွန့်​မ​အပ်​ရ​ဟု ရော​မ​ထုံး​စံ​ရှိ​ကြောင်း​ကို ပြော​ဆို၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ