တမန်တော်ဝတ္ထု 22:1Judson Bibleညီအစ်ကို၊ အဘတို့၊ အကျွန်ုပ်သည် ကိုယ်အပြစ်ဖြေရာ စကားကို သင်တို့ရှေ့မှာ ယခုပြောစဉ်တွင် နားထောင်ကြပါဟု ဆိုလေသော်၊- အခန်းကိုကြည့်ပါ။ |
ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်ဟု မျှော်လင့်ခြင်းအကြောင်းကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကိုခံရ၏ဟု လွှတ်တော်ပေါ်မှာ ကြွေးကြော်လေ၏။-
သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ်၍စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယုဒလူမျိုးကို မပြစ်မှား၊ မိစဉ်ဘဆက် ကျင့်သောထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင်၊ ယေရုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍ ရောမလူတို့လက်သို့ အပ်လိုက်ကြ၏။-
ဘုရားသခင်၏ အလိုတော်နှင့်ညီသော သင်တို့၏ဝမ်းနည်းခြင်းသည် သင်တို့၌ အဘယ်သို့သော သတိပြုခြင်း၊ ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ ငါ၏အကျိုးအလိုငှာ စိတ်အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကို ပြုပြင်သည်ကို ကြည့်ရှုကြလော့။ သင်တို့သည် ဤအမှု၌ အပြစ်ကင်းသည်ကို အရာရာအားဖြင့် ထင်ရှားပြကြပြီ။-