Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 21:40

Judson Bible

စစ်​သူ​ကြီး​သည် အ​ခွင့်​ပေး​သ​ဖြင့်၊ ပေါ​လု​သည် လှေ​ကား​ပေါ်​မှာ​ရပ်၍ ထို​လူ​တို့​အား မိ​မိ​လက်​နှင့် အ​မှတ်​ပေး​လေ၏။ သူ​တို့​သည် အ​လွန်​တိတ်​ဆိတ်​စွာ​နေ​ကြ​သော​အ​ခါ၊ ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့်​မြွက်​ဆို​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် အ​လျင်​အ​မြန်​ထ​သ​ဖြင့်၊ အ​သီး​အ​သီး မိ​မိ​တို့​ဝတ်​လုံ​ကို​ယူ၍ လှေ​ကား​ထိပ်​ပေါ် ယေ​ဟု​အောက်​မှာ ခင်း​လျက်၊ ယေ​ဟု​သည် ရှင်​ဘု​ရင်​ဖြစ်​တော်​မူ၏​ဟု​တံ​ပိုး​မှုတ်၍ ဟစ်​ကြော်​ကြ၏။

ခေါင်း​တော်​ပေါ်​မှာ​တပ်၍ အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင် ဘု​ရင်​ပေ​တည်း​ဟု ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့်​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။

ထို​စ​ကား​ကို​ကြား​လျှင် ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ပြင်​သို့​ထုတ်​ပြီး​မှ၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂ​ဗ္ဗ​သ​အ​မည်​ရှိ၍ ကျောက်​ခင်း​ဟု​ခေါ်​ဝေါ်​သော​အ​ရပ်၌ တ​ရား​ပ​လ္လင်​ပေါ်​မှာ​ထိုင်​လေ၏။-

ကိုယ်​တော်​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လျက် ဦး​ခေါင်း​ခွံ​အ​ရပ်​ဟူ၍ တွင်​သော​အ​ရပ်​သို့ ထွက်​တော်​မူ၏။ ထို​အ​ရပ်​ကား၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂေါ​လ​ဂေါ​သ​အ​မည်​ရှိ၏။-

ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​အ​ရပ်​သည် မြို့​နှင့်​နီး​သည်​ဖြစ်၍၊ ထို​လိပ်​စာ​ကို ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့် ရေး​ထား​သော​ကြောင့် ယု​ဒ​လူ​များ​တို့​သည် ဖတ်​ကြ၏။-

ယေ​ရု​ရှ​လင်​မြို့၌ သိုး​တံ​ခါး​နား​မှာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဗေ​သေ​သ​ဒ​အ​မည်​ရှိ​သော ရေ​ကန်​ရှိ၏။ ထို​ရေ​ကန်​သည် က​နား​ပြင်​ငါး​ဆောင်​နှင့် ပြည့်​စုံ၏။-

ထို​အ​ကြောင်း​အ​ရာ​ကို ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​အ​ပေါင်း​တို့​သည်​သိ၍ မိ​မိ​တို့​ဘာ​သာ​အား​ဖြင့် ထို​မြေ​ကို အ​ကေ​လ​ဒ​မ​ဟု ခေါ်​တွင်​ကြ၏။ အ​နက်​ကား သွေး​မြေ​ဟု ဆို​လို​သ​တည်း။-

ပေ​တ​ရု​သည်​လည်း ထို​သူ​တို့​ကို​တိတ်​ဆိတ်​စွာ နေ​စေ​ခြင်း​ငှာ မိ​မိ​လက်​နှင့်​အ​မှတ်​ပေး၍ မိ​မိ​ကို ထောင်​ထဲ​က သ​ခင်​ဘု​ရား​နုတ်​တော်​မူ သော​အ​ကြောင်း​အ​ရာ​ကို ဖော်​ပြ​ပြီး​မှ၊ သင်​တို့​သွား၍ ယာ​ကုပ်​နှင့် ညီ​အစ်​ကို​တို့​အား ဤ​အ​ကြောင်း​များ​ကို ပြန်​ကြား​ကြ​လော့​ဟု ဆို​ပြီး​လျှင်၊ ထွက်၍​အ​ခြား​တစ်​ပါး​သို့ သွား​လေ၏။-

ထို​အ​ခါ​ပေါ​လု​သည်​ထ၍ မိ​မိ​လက်​နှင့် အ​မှတ်​ပေး​လျက်၊ ဣ​သ​ရေ​လ​လူ​မှ​စ၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။-

ယု​ဒ​လူ​တို့​သည် အာ​လေ​ဇ​န္ဒြု​ကို အ​ခွင့်​ပေး၍ သူ​တစ်​ပါး​တို့​သည် လူ​စု​ရှေ့​သို့ သွား​စေ​သ​ဖြင့်၊ သူ​သည် လက်​နှင့်​အ​မှတ်​ပေး၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို လူ​များ​တို့​အား ပြော​ခြင်း​ငှာ အ​လို​ရှိ၏။-

လူ​များ​တို့​သည် ပြင်း​ထန်​သော​ကြောင့်၊ လှေ​ကား​ပေါ်​သို့ ရောက်​သော​အ​ခါ၊ စစ်​သူ​ရဲ​တို့​သည် ပေါ​လု​ကို ချီ​ပွေ့၍ ဆောင်​ရ​ကြ၏။-

ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် ပြော​သည်​ကို ထို​သူ​တို့​သည် ကြား​လျှင် သာ၍ အ​လွန်​တိတ်​ဆိတ်​စွာ​နေ​ကြ၏။

အ​ကျွန်ုပ်​နှင့် ထို​သူ​အ​ပေါင်း​တို့​သည် မြေ​ပေါ်​မှာ လဲ၍​နေ​ကြ​စဉ်၊ ရှော​လု၊ ရှော​လု၊ ငါ့​ကို​အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​သ​နည်း။ တုတ်​ချွန်​ကို ခြေ​နှင့် ကျောက်​လျှင် ခက်​လှ​သည်​ဟု ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် ပြော​သော စ​ကား​သံ​ကို အ​ကျွန်ုပ်​ကြား​လျှင်၊-

ထို​ကာ​လ၌ တ​ပည့်​တော်​တို့​သည် များ​ပြား​သည်​ရှိ​သော်၊ နေ့​ရက် အ​စဉ်​အ​တိုင်း လုပ်​ကျွေး​သော​အ​ခါ၊ ဟေ​လေ​နစ်​အ​မျိုး မု​ဆိုး​မ​တို့​ကို မ​လုပ်​မ​ကျွေး​ဟု ထို​အ​မျိုး​သား​တို့​သည် မြည်​တမ်း၍ ဟေ​ဗြဲ​လူ​တို့​ကို အ​ပြစ်​တင်​ကြ၏။-

အ​သံ​တော်​ကား၊ သူ​ခိုး​ကဲ့​သို့ ငါ​လာ၏။ အ​ဝတ်​အ​ချည်း​စည်း​နှင့် သွား​လာ၍ သူ​တစ်​ပါး​ရှေ့၌ ရှက်​စ​ရာ​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ နိုး​လျက်​နေ၍၊ ကိုယ်​အ​ဝတ်​ကို စောင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

သူ​တို့၏ ရှင်​ဘု​ရင်​မူ​ကား၊ ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အ​ဗ​ဒ္ဒုန်​ဟူ၍​လည်း​ကောင်း၊ ဟေ​လ​သ​ဘာ​သာ​အား​ဖြင့် အ​ပေါ​လျုန်​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​သော အ​နက်​ဆုံး​သော​တွင်း​တ​မန် ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ