Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 17:22

Judson Bible

ထို​အ​ခါ ပေါ​လု​သည် အာ​ရေ​တောင်​ပေါ်၌ ရပ်​လျက်၊ အ​ချင်း အာ​သင်​လူ​တို့၊ သင်​တို့​သည် ခပ်​သိမ်း​သော​အ​ရာ​တို့၌ နတ်​ဘု​ရား​တို့​ကို အ​လွန်​ရို​သေ​တတ်​ကြ​သည်​ကို ငါ​မြင်​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ခန်း​ခြောက်​ခြင်း​ဘေး​သည် မြို့၏​ရေ​တို့​အ​ပေါ်​သို့ ရောက်၍ ခန်း​ခြောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​ပြည်​သည် ရုပ်​တု​တို့​နှင့် အ​ပြည့်​ရှိ၏။ ပြည်​သား​တို့​သည် ဆင်း​တု​တို့​ကို အ​မှီ​ပြု၍ ဝါ​ကြွား​ကြ၏။

ပေါ​လု​ကို​ပို့​သော​သူ​တို့​သည် အာ​သင်​မြို့​တိုင်​အောင် ပို့​ဆောင်​ပြီး​မှ၊ သိ​လ​နှင့် တိ​မော​သေ​တို့​ကို အ​လျင်​အ​မြန်​လာ​စေ​ခြင်း​ငှာ မှာ​စာ​ကို​ခံ၍ ပြန်​ကြ၏။

ပေါ​လု​သည် အာ​သင်​မြို့၌ သိ​လ​နှင့် တိ​မော​သေ​တို့​ကို ငံ့​လင့်၍ နေ​စဉ်​တွင်၊ ထို​မြို့​သည် ရုပ်​တု​တို့​နှင့် အ​ပြည့်​ရှိ​သည်​ကို​မြင်​လျှင် စိတ်​ပူ​ပန်​ခြင်း​သို့​ရောက်၏။-

ထို​အ​ခါ၊ ထို​သူ​တို့​သည် ပေါ​လု​ကို​ခေါ်၍ အာ​ရေ​တောင်​သို့ ဆောင်​သွား​ပြီး​လျှင်၊ သင်​သည် ဟော​ပြော​သော ဤ​အ​ယူ​ဝါ​ဒ​သစ်​ကို ငါ​တို့ သိ​အပ်​သ​လော။-

လူ​အ​ချို့​တို့​သည် ပေါ​လု၌ မှီ​ဝဲ​ဆည်း​ကပ်၍ ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။ ထို​သူ​တို့​အ​ဝင် ဒ​ယော​နု​သိ အ​မည်​ရှိ​သော အာ​ရေ​တောင် မင်း​တစ်​ယောက်၊ ဒ​မာ​ရိ အ​မည်​ရှိ​သော မိန်း​မ​တစ်​ယောက်​မှ​စ၍ အ​ခြား​သော​သူ​ရှိ​ကြ၏။

မြို့​စာ​ရေး​သည် လူ​များ​ကို​တိတ်​စေ​ပြီး​လျှင်၊ ဧ​ဖက်​လူ​တို့၊ ဧ​ဖက်​မြို့​သည် ဇု​သ​ဘု​ရား​ထံ​မှ​ကျ​သော ရုပ်​တု​တော်​တည်း​ဟူ​သော ကြီး​မြတ်​တော်​မူ​သော အာ​တေ​မိ​ကို လုပ်​ကျွေး​သော ဘု​ရား​ကျွန်​ဖြစ်​သည်​ကို မ​သိ​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။-

သေ​ပြီး​သော သူ​တစ်​ယောက်​နှင့်​လည်း​ကောင်း ယှဉ်​သော ပု​စ္ဆာ​အ​မေး​ကို အ​ကြောင်း​ပြု၍ အ​ပြစ်​တင်​ကြ၏။ ထို​ယေ​ရှု​သည် အ​သက်​ရှင်​လျက်​ရှိ​သည်​ဟု ပေါ​လု​ဆို​တတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ