အာသင်မြို့သူ မြို့သားအပေါင်းတို့နှင့် ဧည့်သည်များတို့သည် သတင်းစကားကို ကြားပြောခြင်း၊ နားထောင်ခြင်း အမှုမှတစ်ပါး အခြားသောအမှုဖြင့် ကာလကို မလွန်စေတတ်ကြ။
ပေါလုကိုပို့သောသူတို့သည် အာသင်မြို့တိုင်အောင် ပို့ဆောင်ပြီးမှ၊ သိလနှင့် တိမောသေတို့ကို အလျင်အမြန်လာစေခြင်းငှာ မှာစာကိုခံ၍ ပြန်ကြ၏။
ပေါလုသည် အာသင်မြို့၌ သိလနှင့် တိမောသေတို့ကို ငံ့လင့်၍ နေစဉ်တွင်၊ ထိုမြို့သည် ရုပ်တုတို့နှင့် အပြည့်ရှိသည်ကိုမြင်လျှင် စိတ်ပူပန်ခြင်းသို့ရောက်၏။-
ငါတို့ မသိမကျွမ်းဖူးသောအရာတို့ကို သင်သည် ကြားပြော၏။ ထိုအရာများကား အဘယ်သို့ ဆိုလိုသည်ကို ငါတို့သိချင်ပါသည်ဟု ဆိုကြ၏။-
ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌နေသောသူ၊ ကုရေနေမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသောသူ၊ ရောမမြို့မှလာသော ဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ၊-
ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့။-
ပြင်ပလူတို့၏ မျက်နှာကိုထောက်လျက်၊ ပညာနှင့် ကျင့်ဆောင်၍ ကာလအချိန်ကို ရွေးနုတ်ကြလော့။-
ထိုမှတစ်ပါး၊ တစ်အိမ်မှတစ်အိမ်သို့ လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြောအပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူ ဖြစ်တတ်ကြ၏။-