Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 17:17

Judson Bible

ထို​ကြောင့် တ​ရား​ဇ​ရပ်၌ ယု​ဒ​လူ​မှ​စ၍ ဘု​ရား​ကို ကိုး​ကွယ်​သော သူ​တို့​နှင့်​လည်း​ကောင်း၊ လူ​များ​စု​ဝေး​ရာ​အ​ရပ်၌ နေ့​တိုင်း​တွေ့​ကြုံ​သော သူ​တို့​နှင့်​လည်း​ကောင်း ဆွေး​နွေး​နှီး​နှော​ခြင်း​ကို ပြု၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ငါ့​စ​ကား​ကို​ကြား၍ ငါ့​တံ​ခါး​နား​မှာ နေ့​တိုင်း​စောင့်​လျက်၊ တံ​ခါး​တိုင်​နား​မှ​မျှော်​လင့်​လျက်​နေ​သော သူ​သည် မင်္ဂ​လာ​ရှိ၏။

ထို​ကြောင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​နှင့် ပြည့်​ဝ၏။ အောင့်၍ မ​နေ​နိုင်။ လမ်း၌​ရှိ​သော သူ​ငယ်​များ​နှင့် စု​ဝေး​သော လူ​ပျို​များ​အ​ပေါ်​သို့ အ​မျက်​တော်​ကို ငါ​သွန်း​လောင်း​မည်။ လင်​မ​ယား​အ​စုံ​ကို​လည်း​ကောင်း၊ အ​သက်​ကြီး​သော​သူ​နှင့် အို​လွန်း​သော​သူ​ကို​လည်း​ကောင်း သိမ်း​သွား​မည်။

သင်​တို့​သည် လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​သို့​သွား၍၊ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ကြ​လော့။-

မှောင်​မိုက်၌ သင်​တို့​ပြော​သ​မျှ​သော​အ​ရာ​များ​ကို သူ​တစ်​ပါး​တို့​သည် အ​လင်း၌ နား​ကြား​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​ခန်း​ထဲ​မှာ နား​အ​ပါး၌ ပြော​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လိမ့်​မည်။

ထို​သူ​သည် မိ​မိ​အိမ်​တွင်​ရှိ​သ​မျှ​သော သူ​တို့​နှင့်​တ​ကွ ဘု​ရား​ဝတ်၌ မွေ့​လျော်၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း​ရှိ​သ​ဖြင့် လူ​တို့​အား များ​စွာ​သော စွန့်​ကြဲ​ခြင်း​ကို​ပြု၍ ဘု​ရား​သ​ခင်​ကို အ​စဉ်​ဆု​တောင်း​လေ့​ရှိ၏။-

ထို​အ​ခါ​ပေါ​လု​သည်​ထ၍ မိ​မိ​လက်​နှင့် အ​မှတ်​ပေး​လျက်၊ ဣ​သ​ရေ​လ​လူ​မှ​စ၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။-

အ​စည်း​အ​ဝေး​ပြီး၍ ပြန်​ကြ​သော​အ​ခါ ယု​ဒ​လူ​မှ​စ၍ ဘု​ရား​ကို ကိုး​ကွယ်​သော ဘာ​သာ​ဝင်​သူ​များ​တို့​သည် ပေါ​လု​နှင့် ဗာ​န​ဗ​နောက်​သို့ လိုက်​ကြ​သည်​ဖြစ်၍ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်၌ တည်​ကြည်​မည်​အ​ကြောင်း၊ တ​မန်​တော်​တို့​သည် ဖြား​ယောင်း၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လေ၏။-

ထို​အ​ခါ ဘု​ရား​ကို​ကိုး​ကွယ်၍ အ​သ​ရေ​ရှိ​သော မိန်း​မ​တို့​နှင့် ထို​မြို့၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ​ကို ယု​ဒ​လူ​တို့​သည် နှိုး​ဆော်၍၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​ကို ညှဉ်း​ဆဲ​စေ​သ​ဖြင့် ထို​ပြည်၏​နယ်​မှ နှင်​ထုတ်​ကြ၏။-

တ​ရား​ကို​ရို​သေ​သော​သူ​တို့​သည် သ​တေ​ဖန်​ကို သင်္ဂြိုဟ်၍ ပြင်း​စွာ​သော​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။-

ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​ကြောင်း​ကို တ​ရား​ဇ​ရပ်​တို့၌ မ​ဆိုင်း​မ​လင့် ဟော​လေ၏။-

လူ​တို့​သည် ကိုယ်​ကိုယ်​ကို​ချစ်​သော​သူ၊ ငွေ​ကို​တပ်​မက်​သော​သူ၊ ဝါ​ကြွား​သော​သူ၊ ထောင်​လွှား​စော်​ကား​သော​သူ၊ သူ့​အ​သ​ရေ​ကို ရှုတ်​ချ​သော​သူ၊ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​သော​သူ၊ ကျေး​ဇူး​မ​ရှိ​သော​သူ၊ သန့်​ရှင်း​ခြင်း မ​ရှိ​သော​သူ၊-

မွေ့​လျော်​ခြင်း​တန်​ခိုး​ကို ငြင်း​ပယ်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။ ထို​သူ​တို့​ကို ရှောင်​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ