Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 17:16

Judson Bible

ပေါ​လု​သည် အာ​သင်​မြို့၌ သိ​လ​နှင့် တိ​မော​သေ​တို့​ကို ငံ့​လင့်၍ နေ​စဉ်​တွင်၊ ထို​မြို့​သည် ရုပ်​တု​တို့​နှင့် အ​ပြည့်​ရှိ​သည်​ကို​မြင်​လျှင် စိတ်​ပူ​ပန်​ခြင်း​သို့​ရောက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏ ပ​ဋိ​ညာဉ်​တ​ရား​ကို​စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍ ကိုယ်​တော်၏​ပ​ရော​ဖက်​များ​ကို ဓား​နှင့် သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း​ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင်​သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။

ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏​ပ​ဋိ​ညာဉ်​တ​ရား​ကို စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍၊ ကိုယ်​တော်၏ ပ​ရော​ဖက်​များ​ကို ဓား​နှင့်​သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင် သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ​သော်၊

သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို​မ​စောင့်​သော​ကြောင့်၊ အ​ကျွန်ုပ်​မျက်​စိ​တို့​မှ မျက်​ရည်​သည် မြစ်​ရေ​ကဲ့​သို့ စီး​ပါ​၏။

သ​စ္စာ​မ​ရှိ​သော​သူ​တို့​ကို အ​ကျွန်ုပ်​သည်​မြင်၍ စိတ်​နာ​ပါ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဗျာ​ဒိတ်​တော်​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ပါ၏။

ကိုယ်​တော်၏​အိမ်​တော်၌ စွဲ​လမ်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို​စား​ပါ၏။ ကိုယ်​တော်​ကို ကဲ့​ရဲ့​သော သူ​တို့၏​စ​ကား​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ၏။

ထို​ကြောင့်၊ ငါ​သည် နှုတ်​က​ပတ်​တော်​ကို မ​ကြား​မ​ပြော၊ နာ​မ​တော်​ကို​အ​မှီ​ပြု၍ မ​ဟော​ဘဲ​နေ​မည်​ဟု သ​ဘော​ထား​သော်​လည်း၊ ငါ့​အ​ရိုး​တို့၌​ချုပ်​ထား၍၊ လောင်​သော​မီး​ကဲ့​သို့ နှုတ်​က​ပတ်​တော်​သည် ငါ့​နှ​လုံး၌ ဖြစ်​သော​ကြောင့်၊ အ​လွန်​ငြီး​ငွေ့​သ​ဖြင့် အောင့်၍​မ​နေ​နိုင်၊

ငါ​မူ​ကား၊ ယာ​ကုပ်​အ​မျိုး လွန်​ကျူး​ခြင်း၊ ဣ​သ​ရေ​လ​အ​မျိုး ပြစ်​မှား​ခြင်း​ကို သူ​တို့​အား ဖော်​ပြ​နိုင်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ရှိန်​တန်​ခိုး၊ ဉာဏ်​သ​တ္တိ၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ၏။

ထို​အ​ခါ အ​မျက်​တော်​နှင့် သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍ သူ​တို့​စိတ်​နှ​လုံး မိုက်​သော​ကြောင့် ဝမ်း​နည်း​တော်​မူ​ခြင်း​ရှိ​လျက်၊ သင်၏​လက်​ကို​ဆန့်​လော့​ဟု ထို​သူ​အား မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-

ယု​ဒ​ပ​သ​ခါ​ပွဲ​ခံ​ချိန် နီး​သည်​ရှိ​သော်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ၏။-

ပေါ​လု​ကို​ပို့​သော​သူ​တို့​သည် အာ​သင်​မြို့​တိုင်​အောင် ပို့​ဆောင်​ပြီး​မှ၊ သိ​လ​နှင့် တိ​မော​သေ​တို့​ကို အ​လျင်​အ​မြန်​လာ​စေ​ခြင်း​ငှာ မှာ​စာ​ကို​ခံ၍ ပြန်​ကြ၏။

အာ​သင်​မြို့​သူ မြို့​သား​အ​ပေါင်း​တို့​နှင့် ဧည့်​သည်​များ​တို့​သည် သ​တင်း​စ​ကား​ကို ကြား​ပြော​ခြင်း၊ နား​ထောင်​ခြင်း အ​မှု​မှ​တစ်​ပါး အ​ခြား​သော​အ​မှု​ဖြင့် ကာ​လ​ကို မ​လွန်​စေ​တတ်​ကြ။

လမ်း၌​သွား၍​သင်​တို့၏ ဘု​ရား​များ​ကို ကြည့်​ရှု​သည်​တွင်၊ ငါ​တို့​မ​သိ​သော ဘု​ရား​သ​ခင်​အ​ဖို့​ဟူ၍ အ​က္ခ​ရာ​တင်​သော ယဇ်​ပ​လ္လင်​တစ်​ခု​ကို တွေ့​ပါ၏။ သင်​တို့​သည် မ​သိ​ဘဲ​လျက် ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​အ​ကြောင်း​ကို ငါ​ဟော​ပြော၏။-

ထို​နောက် ပေါ​လု​သည် အာ​သင်​မြို့​မှ ထွက်​သွား၍ ကော​ရိ​န္သု​မြို့​သို့ ရောက်​လေ၏။-

ယ​ခု​မှာ​ငါ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ချည်​နှောင်​ခြင်း​ကို​ခံ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ၏။ ထို​မြို့၌ အ​ဘယ်​အ​မှု​ရောက်​မည်​ကို မ​သိ။-

ထို​ကြောင့် ငါ​သည် တစ်​ဖန် မ​အောင့်​နိုင်​သော​အ​ခါ၊ အာ​သင်​မြို့၌ တစ်​ယောက်​တည်း​ကျန်​ရစ်၍ နေ​ခြင်း​ငှာ အ​လို​ရှိ၏။-

ထို​အ​ခါ မ​တ​ရား​သော​သူ​တို့၏ ညစ်​ညူး​သော အ​ကျင့်​အား​ဖြင့် နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​သူ၊ ဖြောင့်​မတ်​သော လော​တ​ကို ကယ်​နုတ်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ