Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 17:14

Judson Bible

ထို​အ​ခါ ညီ​အစ်​ကို​တို့​သည် ပေါ​လု​ကို ပင်​လယ်​လမ်း​ဖြင့် သွား​စေ​ခြင်း​ငှာ ချက်​ချင်း​လွှတ်​လိုက်​ကြ၏။ သိ​လ​နှင့် တိ​မော​သေ​တို့​သည် နေ​ရစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

တစ်​မြို့၌ သင်​တို့​ကို​ညှဉ်း​ဆဲ​လျှင် တစ်​မြို့​သို့​ပြေး ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို သင်​တို့ လှည့်​လည်၍ မ​ကုန်​မီ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။-

ထို​အ​ခါ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ရာ​နှစ်​ဆယ်​သော တ​ပည့်​တော်​တို့၏​အ​လယ်၌ ပေ​တ​ရု​သည်​ထ၍၊-

ထို​အ​ခါ​တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​မှ​စ၍ သင်း​ဝင်​သူ အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့​အ​ထဲ၌ ရွေး​ကောက်၍ ညီ​အစ်​ကို​တို့​တွင် ထင်​ရှား​သော​သူ​တည်း​ဟူ​သော ဗာ​ရှ​ဗ​အ​မည်​သစ်​ကို​ရ​သော ယု​ဒ​နှင့် သိ​လ​တို့​ကို၊ အ​န္တိ​အုတ်​မြို့​သို့ ပေါ​လု၊ ဗာ​န​ဗ​တို့​နှင့်​တ​ကွ စေ​လွှတ်​မည် အ​ကြောင်း သ​ဘော​ညီ​ညွတ်​ကြ၏။-

ထို​နောက်​မှ ပေါ​လု​သည် ဒေ​ရ​ဗေ​မြို့​နှင့် လု​တ္တ​ရ​မြို့​သို့ ရောက်​လေ၏။ လု​တ္တ​ရ​မြို့၌ တိ​မော​သေ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ယောက် ရှိ၏။ သူ၏​အ​မိ​ကား၊ ယုံ​ကြည်​သော ယု​ဒ​မိန်း​မ​ဖြစ်၏။ အ​ဘ​ကား၊ ဟေ​လ​သ​လူ​ဖြစ်၏။-

ည​အ​ခါ ညီ​အစ်​ကို​တို့​သည် ပေါ​လု​နှင့် သိ​လ​ကို ဗေ​ရိ​မြို့​သို့ ချက်​ချင်း​လွှတ်​လိုက်​ကြ၏။ ထို​မြို့​သို့ ရောက်​လျှင် ယု​ဒ​တ​ရား​ဇ​ရပ်​သို့ ဝင်​ကြ၏။-

ပေါ​လု​ကို​ပို့​သော​သူ​တို့​သည် အာ​သင်​မြို့​တိုင်​အောင် ပို့​ဆောင်​ပြီး​မှ၊ သိ​လ​နှင့် တိ​မော​သေ​တို့​ကို အ​လျင်​အ​မြန်​လာ​စေ​ခြင်း​ငှာ မှာ​စာ​ကို​ခံ၍ ပြန်​ကြ၏။

ထို​သူ​အ​ချို့​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်၍၊ ပေါ​လု၊ သိ​လ​တို့​နှင့် ပေါင်း​ဖော်​ကြ၏။ ဘု​ရား​ကို ကိုး​ကွယ်​သော ဟေ​လ​သ​လူ အ​ပေါင်း​တို့​နှင့် ထင်​ရှား​သော မိန်း​မ​များ​တို့​လည်း ယုံ​ကြည်​ကြ၏။-

မ​တွေ့​လျှင်၊ ယာ​သုန်​နှင့် ညီ​အစ်​ကို​အ​ချို့​တို့​ကို မင်း​အ​ရာ​ရှိ​တို့​ထံ​သို့​ဆွဲ​ငင်၍၊ လော​ကီ​နိုင်​ငံ​ကို မှောက်​လှန်​သော ဤ​သူ​တို့​သည် ဤ​အ​ရပ်​တိုင်​အောင် ရောက်​ကြ​ပါ​ပြီ။-

သိ​လ​နှင့် တိ​မော​သေ​တို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​မှ ရောက်​လာ​သော​အ​ခါ၊ ပေါ​လု​သည် သူ​တို့​နှင့်​တ​ကွ တ​ရား​ဟော​ခြင်း​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ယု​ဒ​လူ​တို့​အား ကြိုး​စား၍ သက်​သေ​ခံ​လေ၏။-

မိ​မိ​အား​လုပ်​ကျွေး​သော သူ​နှစ်​ယောက်၊ တိ​မော​သေ​နှင့် ဧ​ရ​တ္တု​တို့​ကို မာ​ကေ​ဒေါ​နိ​ပြည်​သို့ စေ​လွှတ်​ပြီး​မှ မိ​မိ​သည် အာ​ရှိ​ပြည်၌ ခ​ဏ​နေ​သေး၏။

သုံး​လ​နေ​ပြီး​လျှင် ပင်​လယ်​ကို​ကူး၍ ရှု​ရိ​ပြည်​သို့ သွား​မည်​ပြု​သော်၊ ယု​ဒ​လူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​ကို ကြံ​သော​ကြောင့်၊ မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​ဖြင့် ပြန်​မည်​ဟု အ​ကြံ​ရှိ​ပြန်၏။-

သူ​၏​တ​ပည့်​တို့​သည် ည​အ​ခါ​သူ့​ကို​ယူ၍ တောင်း၌ ထည့်​ပြီး​လျှင် မြို့​ရိုး​ပေါ်​က လျှော့​ချ​ကြ၏။

ထို​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​သည် ကြား​သိ​လျှင်၊ ရှော​လု​ကို ကဲ​သ​ရိ​မြို့​သို့​ပို့၍ တာ​ရှု​မြို့​တိုင်​အောင် စေ​လွှတ်​ကြ၏။

ခြား​နား​သော အ​ယူ​ဝါ​ဒ​သစ်​ကို မ​သွန်​သင်​ကြ​နှင့် ဟူ၍​လည်း​ကောင်း၊ ဒ​ဏ္ဍာ​ရီ​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့် ဟူ၍​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း၌​တည်​သော ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​ကို ပြု​စု​သည်​ထက်၊ အ​ချင်း​ချင်း​ငြင်း​ခုံ​ခြင်း​ကို​သာ၍ ပြု​စု​တတ်​သော၊ ပြင်​ဆင်၍ မ​ကုန်​နိုင်​သော ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​များ​ကို ပ​မာ​ဏ​မ​ပြု​ကြ​နှင့် ဟူ၍​လည်း​ကောင်း၊ သင်​သည် အ​ချို့​သော သူ​တို့​ကို ပ​ညတ်​ထား၍၊ ဧ​ဖက်​မြို့၌ နေ​ရစ်​စေ​ခြင်း​ငှာ၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​သို့ သွား​သော​အ​ခါ၊ တောင်း​ပန်​သည်​အ​တိုင်း နေ​ရစ်​လော့။

ငါ​သည် သင့်​ကို မှာ​ထား​ခဲ့​နှင့်​သည်​အ​တိုင်း၊ က​ရေ​တေ​ကျွန်း၌ မ​စုံ​လင်​သ​မျှ​တို့​ကို ပြင်​ဆင်၍၊ မြို့​ရွာ​များ၌ သင်း​အုပ်​တို့​ကို ခန့်​ထား​စေ​ခြင်း​ငှာ၊ ထို​ကျွန်း၌ သင့်​ကို ငါ​ထား​ခဲ့​သ​တည်း။-

သင်​တို့​သည် လိုက်၍​ရှာ​သော​သူ​တို့​နှင့် လွတ်​မည်​အ​ကြောင်း တောင်​ပေါ်​သို့​ပြေး၍ သုံး​ရက်​ပုန်း​နေ​ကြ​ပါ။ ရှာ​သော​သူ​တို့​သည် ပြန်​သော​နောက်​မှ​သွား​ကြ​ပါ​ဟု​ဆို​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ