Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 17:13

Judson Bible

ပေါ​လု​သည် ဗေ​ရိ​မြို့၌ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​သည်​ကို၊ သက်​သာ​လော​နိတ်​မြို့​သား​ဖြစ်​သော ယု​ဒ​လူ​တို့​သည် ကြား​သိ​ရ​လျှင်၊ ဗေ​ရိ​မြို့​သို့​လာ​ပြန်၍ လူ​များ​တို့​ကို တိုက်​တွန်း နှိုး​ဆော်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခင်​ပွန်း​ယေ​ဇ​ဗေ​လ​သည် တိုက်​တွန်း​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​လို၍ ကိုယ်​ကို​ရောင်း​သော​သူ​ဖြစ်၏။

မာ​န​ကြီး​သော​သူ​သည် ရန်​ကို​နှိုး​ဆော်​တတ်၏။ သည်း​ခံ​နိုင်​သော​သူ​မူ​ကား ငြိမ်း​တတ်၏။

စိတ်​မြင့်​သော​သူ​သည် ခိုက်​ရန်​ကို​နှိုး​ဆော်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​မူ​ကား၊ ကြွယ်​ဝ​တတ်၏။

လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်၏ တံ​ခါး​ကို လူ​တို့​ရှေ့​မှာ​ပိတ်​ထား၍ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ၏။

မြေ​ပေါ်၌ ငြိမ်​သက်​ခြင်း​ကို ပေး​အံ့​သော​ငှာ ငါ​လာ​သည်​ဟု ထင်​ကြ​သ​လော။ ထို​သို့​သော​အ​လို​ငှာ ငါ​လာ​သည်​မ​ဟုတ်။ အ​ချင်း​ချင်း​ကွဲ​ပြား​စေ​ခြင်း​ငှာ ငါ​လာ​သည်​ဟု ငါ​ဆို၏။-

မ​ယုံ​ကြည်​သော ယု​ဒ​လူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ကို နှိုး​ဆော်၍၊ ညီ​အစ်​ကို​တို့​အား မ​နာ​လို​သော စိတ်​ရှိ​စေ​ခြင်း​ငှာ ချော​စား​ကြ၏။-

ထို​နောက်၊ အံ​ဖိ​ပေါ​လိ​မြို့၊ အာ​ပေါ​လော​နိ​မြို့​ကို​လျှောက်​သွား၍ သက်​သာ​လော​နိတ်​မြို့​သို့ ရောက်​ကြ၏။ ထို​မြို့​မှာ​ယု​ဒ​တ​ရား​ဇ​ရပ်​ရှိ၏။-

ည​အ​ခါ ညီ​အစ်​ကို​တို့​သည် ပေါ​လု​နှင့် သိ​လ​ကို ဗေ​ရိ​မြို့​သို့ ချက်​ချင်း​လွှတ်​လိုက်​ကြ၏။ ထို​မြို့​သို့ ရောက်​လျှင် ယု​ဒ​တ​ရား​ဇ​ရပ်​သို့ ဝင်​ကြ၏။-

ယု​ဒ​လူ​တို့​သည် ဆိုး​ယုတ်​လျှပ်​ပေါ်​သော သူ​အ​ချို့​တို့​ကို​ခေါ်၍ လူ​များ​ကို စု​ဝေး​စေ​ပြီး​လျှင်၊ မြို့၌ အုတ်​အုတ်​သဲ​သဲ ပြု​ကြ၏။ ယာ​သုန်၏ အိမ်​ကို​ဝိုင်း၍ သူ​တို့​ကို လူ​များ​ရှေ့​သို့​ဆွဲ​ထုတ်​ခြင်း​ငှာ ရှာ​ကြ၏။-

ပေါ​လု​နှင့်​အ​တူ အာ​ရှိ​ပြည်​သို့ လိုက်​သော​သူ ဟူ​မူ​ကား၊ ဗေ​ရိ​မြို့​သား​ဖြစ်​သော ပု​ရု၏​သား သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား အာ​ရိ​တ္တာ​ခု​နှင့် သေ​ကု​န္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဂါ​ယု၊ လု​တ္တ​ရ​မြို့​သား တိ​မော​သေ၊ အာ​ရှိ​ပြည်​သား​တု​ခိတ်​နှင့် တ​ရော​ဖိမ်​တည်း။-

ထို​ခု​နစ်​ရက်​စေ့​လု​သော​အ​ခါ၊ အာ​ရှိ​ပြည်​မှ​လာ​သော ယု​ဒ​လူ​တို့​သည် ဗိ​မာန်​တော်၌ ပေါ​လု​ကို​မြင်​လျှင် စု​ဝေး​သော​လူ​အ​ပေါင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်၍၊ ဣ​သ​ရေ​လ​လူ​တို့၊ ကူ​မ​ကြ​ပါ။-

လူ​များ​ကို​လည်း​ကောင်း၊ အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​တို့​ကို​လည်း​ကောင်း နှိုး​ဆော်၍၊ သ​တေ​ဖန်​ထံ​သို့​လာ​သ​ဖြင့် ဖမ်း​ဆီး၍ လွှတ်​တော်​သို့​ပို့​ကြ၏။-

အ​ကြိမ်​ကြိမ် ဒေ​သ​စာ​ရီ​လှည့်​လည်​ပြီ။ မြစ်​ကို ကူး​သော​ဘေး၊ ဓား​ပြ​တိုက်​သော​ဘေး၊ အ​မျိုး​သား​ချင်း ပြု​သော​ဘေး၊ တစ်​ပါး​အ​မျိုး​သား​ပြု​သော​ဘေး၊ မြို့​ရွာ၌ ရောက်​သော​ဘေး၊ တော၌​ရောက်​သော​ဘေး၊ ပင်​လယ်​ဘေး၊ ညီ​အစ်​ကို​ဖြစ်​ယောင်​ဆောင်​သော သူ​တို့​ပြု​သော​ဘေး၊ ဤ​ဘေး​များ​ကို ငါ​တွေ့​ခဲ့​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ