တမန်တော်ဝတ္ထု 13:23Judson Bibleထိုသူ၏အမျိုးအနွယ်ထဲ၌ ဘုရားသခင်သည် ကတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်းစေတော်မူပြီ။- အခန်းကိုကြည့်ပါ။ |
သတင်းကြားပြောကြလော့။ လူများကို အနီးသို့ခေါ်ခဲ့၍ တိုင်ပင်ကြစေ။ ဤအမှုကို ရှေးကာလမှစ၍ အဘယ်သူ ဖော်ပြသနည်း။ အထက်က အဘယ်သူ ဟောပြောသနည်း။ ငါထာဝရဘုရား ဟောပြောသည် မဟုတ်လော။ ငါမှတစ်ပါး အခြားသော ဘုရားသခင်မရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။
အို ဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အို ယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်ကြလော့။ တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ရောက်သော သခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။
သန့်ရှင်းသော ပရောဖက်တို့သည်၊ အထက်က ဟောပြောသော စကားများကိုလည်းကောင်း၊ ကယ်တင်တော်မူသော အရှင်သခင်ဘုရား၏ တမန်တော်ဖြစ်သော ငါတို့၏ပညတ်ကိုလည်းကောင်း၊ သင်တို့သည် အောက်မေ့စေခြင်းငှာ၊ ဤစာနှစ်စောင်၌ သင်တို့၏ ကြည်ဖြူသော စိတ်ဝိညာဉ်တို့ကို ငါသတိပေး၍ နှိုးဆော်၏။-