Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 13:22

Judson Bible

နောက်​မှ​ထို​သူ​ကို​ပယ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ဒါ​ဝိဒ်​ကို ချီး​မြှောက်​တော်​မူ၏။ ထို​သူ​အား သက်​သေ​ခံ​တော်​မူ​လျက်၊ စိတ်​နှ​လုံး၌ ညီ​ညွတ်​သည်​ဖြစ်၍ ငါ့​အ​လို​ကို​ပြည့်​စုံ​စေ​မည့်​သူ၊ ယေ​ရှဲ၏​သား​ဒါ​ဝိဒ်​ကို ငါ​တွေ့​ရ​ပြီ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ယု​ဒ​လူ​တို့​သည် လာ၍​ဘိ​သိက်​ပေး​သ​ဖြင့် ဒါ​ဝိဒ်​ကို ယု​ဒ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။

သို့​ရာ​တွင် သင့်​ရှေ့​မှာ ငါ​ပယ်​ရှား​သော​ရှော​လု၌ ငါ၏​က​ရု​ဏာ​ကို​နုတ်​သ​ကဲ့​သို့ သင်၏​သား၌ ငါ​မ​နုတ်။

ယ​ခု​မှာ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သိုး​ထိန်း​ရာ​သိုး​ခြံ​ထဲ​က သင့်​ကို​ငါ​နုတ်​ယူ၍၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အုပ်​စိုး​သော​မင်း​အ​ရာ၌ ငါ​ခန့်​ထား​ပြီ။

ခ​မည်း​တော်​ပြု​သော ဒု​စ​ရိုက်​ကို​ပြု​မြဲ​ပြု၍၊ ဘေး​တော်​ဒါ​ဝိဒ်​ကဲ့​သို့ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စိတ်​နှ​လုံး​စုံ​လင်​သည်​မ​ဟုတ်။

အ​ကြောင်း​မူ​ကား၊ ဒါ​ဝိဒ်​သည် ဟိ​တ္တိ​အ​မျိုး ဥ​ရိ​ယ​အ​မှု​ကို​ထား​လျှင်၊ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ရှောင်၊ ရှေ့​တော်၌ တ​ရား​သ​ဖြင့် ကျင့်​သော​အ​ကြောင်း​တည်း။

ထို​သို့​ရှော​လု​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်၊ လွန်​ကျူး၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်​လည်း​ကောင်း၊

ဗော​ဇ​သား​ဩ​ဗက်၊ ဩ​ဗက်​သား​ယေ​ရှဲ​တည်း။

ငါ၏​ရှင်​ဘု​ရင်​ကို သန့်​ရှင်း​သော ဇိ​အုန်​တောင်​တော်​ပေါ်​မှာ၊ ငါ့​ကိုယ်​တိုင် ဘိ​သိက်​ပေး​ပြီ​ဟု မိန့်​တော်​မူ​မည်။

ငါ၏​ကျွန်​ဒါ​ဝိဒ်၌ ငါ​ထား​သော​ပ​ဋိ​ညာဉ်​ပျက်၍၊ ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​စိုး​စံ​ရ​သော ဒါ​ဝိဒ်​မင်း​ရိုး​သည် ပြတ်​လိမ့်​မည်။ ငါ၏​အ​မှု​ထမ်း လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​ရိုး​လည်း ပြတ်​လိမ့်​မည်။

အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​အ​မျိုး​ကို အုပ်​စိုး​ရ​သော မင်း​အ​ရာ၌၊ ယာ​ကုပ်​အ​မျိုး​နှင့် ငါ့​ကျွန်​ဒါ​ဝိဒ်၏​အ​မျိုး သား​စဉ်​မြေး​ဆက်​ထဲ​က ငါ​ရွေး၍​မ​ခန့်​ထား​ဘဲ စွန့်​ပစ်​မည်။ သို့​မ​ဟုတ် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ထို​သူ​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့၍ ကယ်​မ​သ​နား​မည်​ဟု မိန့်​တော်​မူ၏။

သိုး​ထိန်း​တစ်​ဦး​ကို​လည်း ငါ​ခန့်​ထား၍ သူ​သည် ကျွေး​မွေး​လိမ့်​မည်။ ငါ၏​ကျွန်​ဒါ​ဝိဒ်​သည် သူ​တို့​ကို ကျွေး​မွေး၍ သိုး​ထိန်း​လုပ်​ရ​လိမ့်​မည်။

ထို​နောက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြန်​လာ၍၊ သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ သူ​တို့​ရှင်​ဘု​ရင် ဒါ​ဝိဒ်​ကို​လည်း​ကောင်း​ရှာ၍၊ နောင်​ကာ​လ၌ ကျေး​ဇူး​တော်​ကို​ခံ​အံ့​သော​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တုန်​လှုပ်​လျက်​ပြေး​ကြ​လိမ့်​မည်။

ဒါ​ဝိဒ်​သည် မိ​မိ​ကာ​လ၌ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို ဆောင်​ရွက်​ပြီး​လျှင်၊ ကျိန်း​စက်၍ မိ​မိ​ဘိုး​ဘေး​စု​ထဲ​သို့​ဝင်​သ​ဖြင့် ပုပ်​စပ်​ခြင်း​သို့ ရောက်​လေ၏။-

စိတ်​နှ​လုံး​ကို သိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား​ပေး​သည်​နည်း​တူ သူ​တို့​အား​ပေး​သ​ဖြင့်၊ သူ​တို့​ဘက်၌ သက်​သေ​ခံ​တော်​မူ၏။

ထို​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ခံ​ရ၍၊ ယာ​ကုပ်၏ ဘု​ရား​သ​ခင် ကျိန်း​ဝပ်​တော်​မူ​ဖို့​ရာ​အ​ရပ်​ကို တွေ့​ခြင်း​ငှာ တောင့်​တ၏။-

သို့​မ​ဟုတ် သင်​တို့​သည် ဒု​စ​ရိုက်​ပြု​မြဲ​ပြု​လျှင်၊ ရှင်​ဘု​ရင်​နှင့်​တ​ကွ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​လေ၏။

ငါ​သည် ရှော​လု​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သည်​အ​မှု​ကြောင့် နောင်​တ​ရ၏။ သူ​သည် ငါ၏​ပ​ညတ်​တို့​ကို​မ​ကျင့်၊ ငါ့​နောက်​သို့​မ​လိုက်၊ လမ်း​လွှဲ​ပြီ​ဟု မိန့်​တော်​မူ၏။ ရှ​မွေ​လ​သည် ဝမ်း​နည်း၍ တစ်​ည​လုံး ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ပြီး​လျှင်၊

ငြင်း​ဆန်​သော​သ​ဘော​သည် နတ်​ဆိုး​နှင့် ပေါင်း​ခြင်း​ကဲ့​သို့​လည်း​ကောင်း၊ ခိုင်​မာ​သော​သ​ဘော​သည် ဗေ​ဒင်​တန်​ဆာ​ကို သုံး​ခြင်း​ကဲ့​သို့​လည်း​ကောင်း အ​ပြစ်​ကြီး၏။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင်​အ​ရာ​ကို​နုတ်၍ သင့်​ကို​ပယ်​တော်​မူ​ပြီ​ဟု ဆို၏။

ရှ​မွေ​လ​က၊ သင်​နှင့်​အ​တူ ငါ​မ​ပြန်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အ​ရာ​ကို​နုတ်၍ သင့်​ကို​ပယ်​တော်​မူ​ပြီ​ဟု ရှော​လု​အား​ဆို​ပြီး​မှ၊

ရှ​မွေ​လ​က​လည်း၊ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို သင်​မှ​ဆုတ်​ယူ၍၊ သင့်​ထက်​ကောင်း​သော သင်၏​အိမ်​နီး​ချင်း​အား​ပေး​တော်​မူ​ပြီ။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ရှော​လု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ​မှ ငါ​ပယ်​သော​ကြောင့်၊ သင်​သည် အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး စိတ်​မ​သာ ညည်း​တွား​လျက် နေ​လိမ့်​မည်​နည်း။ သင်၏​ဘူး​ကို ဆီ​နှင့်​ပြည့်​စေ​လော့။ ဗက်​လင်​မြို့​သား ယေ​ရှဲ​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သူ၏​သား​တို့​တွင် ငါ့​အ​ဖို့ ရှင်​ဘု​ရင်​တစ်​ပါး​ကို ငါ​ပြင်​ဆင်​ပြီ​ဟု ရှ​မွေ​လ​အား မိန့်​တော်​မူ၏။

ရှ​မွေ​လ​သည်​လည်း၊ ဆီ​ဘူး​ကို​ယူ၍ သူ၏​အစ်​ကို​စု​ထဲ​မှာ သူ့​ကို ဘိ​သိက်​ပေး​လေ၏။ ထို​နေ့​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။ ရှ​မွေ​လ​သည်​ထ၍ ရာ​မ​မြို့​သို့ ပြန်​သွား၏။

ရှ​မွေ​လ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​စွန့်၍ သင့်​ရန်​ဘက်​ဖြစ်​တော်​မူ​သည်​မှန်​လျှင်၊ ငါ့​ကို အ​ဘယ်​ကြောင့် မေး​မြန်း​သေး​သ​နည်း။

ထို​သို့​ရှော​လု​မှ​စ၍ သူ၏​သား​သုံး​ယောက်၊ သူ၏​လက်​နက်​ဆောင်​လု​လင်၊ သူ၏​လူ​အ​ပေါင်း​တို့​သည် ထို​နေ့​ချင်း​တွင် အ​တူ​သေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ