ပေတရု၏စကားသံကို သိလျှင်၊ ဝမ်းမြောက်သောအားဖြင့် တံခါးကိုမဖွင့်ဘဲ အထဲသို့ပြေးဝင်၍၊ ပေတရုသည် တံခါးရှေ့မှာရပ်နေသည်ဟု ကြားပြော၏။-
ထိုအရပ်သားတို့သည် မျက်နှာတော်ကို မှတ်မိလျှင်၊ ပတ်ဝန်းကျင်အရပ် ရှိသမျှသို့ စေလွှတ်သဖြင့် လူနာရှိသမျှတို့ကို ဆောင်ခဲ့၍၊-
ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့သဖြင့်လည်းကောင်း၊ အလွန်ဝမ်းမြောက်သဖြင့်လည်းကောင်း၊ သင်္ချိုင်းတော်မှ အလျင်အမြန်သွား၍ တပည့်တော်တို့အား ထိုသတင်းစကားကို ကြားပြောခြင်းငှာ ပြေးကြ၏။-
ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲနေသေးသောအခါ၊ သင်တို့၌ စားစရာ တစ်စုံတစ်ခုရှိသလောဟု မေးတော်မူလျှင်၊-