အိမ်ဦးတံခါးကိုခေါက်လေသော်၊ ရောဒေအမည်ရှိသော မိန်းမငယ်တစ်ယောက်သည် နားထောင်ခြင်းငှာလာ၍၊-
ထိုနောက် ပေတရုသည် အိမ်ဦးရှေ့သို့ ထွက်ပြီးမှ အခြားသောမိန်းမသည် သူ့ကိုမြင်၍ ထိုအရပ်၌ရှိသော သူတို့အား၊ ဤသူလည်း နာဇရက်မြို့သားယေရှုနှင့် ပေါင်းဖော်သောသူ ဖြစ်သည်ဟု ဆိုလျှင်၊-
အိမ်ရှင်သည် တစ်ခါထ၍ တံခါးကို ပိတ်ပြီးမှ၊ သင်တို့သည် ပြင်၌ရပ်၍ တံခါးကိုခေါက်လျက်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့အားဖွင့်ပါဟု တောင်းလျှောက်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ပြန်ပြောလိမ့်မည်။-
ပေတရုသည် ခေါက်၍နေသော်၊ တံခါးကိုဖွင့်ကြ၍ သူ့ကိုမြင်သဖြင့် အလွန်တရာအံ့ဩကြ၏။-