Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 11:1

Judson Bible

တစ်​ပါး​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ​ကြ​သည်​ဟု ယု​ဒ​ပြည်၌​ရှိ​သော တ​မန်​တော်​တို့​နှင့် ညီ​အစ်​ကို​များ​တို့​သည် ကြား​သိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

ရှိ​လော​မ​ရောက်​မီ​တိုင်​အောင်၊ ရာ​ဇ​လှံ​တံ​သည်​ယု​ဒ​ထံ​မှ​လည်း​ကောင်း၊ မင်း​အာ​ဏာ​သည် သူ၏​အ​မျိုး​အ​နွယ်​ထံ​မှ​လည်း​ကောင်း မ​ရွေ့​ရ။ ရှိ​လော၌​လူ​မျိုး​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။

မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​သည် သ​တိ​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​ကြ​လိမ့်​မည်။ လူ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ကိုး​ကွယ်​ကြ​လိမ့်​မည်။

ထို​ကာ​လ၌ ယေ​ရှဲ၏​အ​မြစ်​သည် ပေါက်၍၊ လူ​များ​အ​ဖို့​ထူ​သော​အ​လံ ဖြစ်​လိမ့်​မည်။ ထို​အ​လံ၌ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​သည်​လည်း ဘုန်း​ကြီး​လိမ့်​မည်။

ဝိ​ညာဉ်​တော်​သည် ကောင်း​ကင်​မှ ငါ​တို့​အ​ပေါ်​သို့​သွန်း​လောင်း၍၊ တော​သည် အ​သီး​အ​နှံ​များ​သော လယ်​ဖြစ်၍၊ အ​သီး​အ​နှံ​များ​သော​လယ်​သည် တော​အုပ်​ကဲ့​သို့ မှတ်​ရ​သော​ကာ​လ မ​ရောက်​မီ​တိုင်​အောင်၊ ထို​သို့ ဖြစ်​ကြ​လိမ့်​မည်။

ငါ​ထောက်​မ​သော ငါ့​ကျွန်​ရင်း၊ ငါ​နှစ်​သက်​မြတ်​နိုး​ရာ ငါ​ရွေး​ချယ်​သော​သူ​ကို ကြည့်​ရှု​လော့။ ထို​သူ၏​အ​ပေါ်၌ ငါ့​ဝိ​ညာဉ်​ကို ငါ​တည်​စေ​မည်။ သူ​သည် လူ​အ​မျိုး​မျိုး​တို့​ကို တ​ရား​ပေး​လိမ့်​မည်။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို တ​ရား​သ​ဖြင့် ခေါ်​ထား​သည်​ဖြစ်၍၊

သင်​သည် ယာ​ကုပ်၏​အ​မျိုး​အ​နွယ်​တို့​ကို ချီး​မြှောက်​ခြင်း၊ ဘေး​လွတ်​သော ဣ​သ​ရေ​လ​သား​တို့​ကို အ​ရင်​ကဲ့​သို့ ဖြစ်​စေ​ခြင်း​အ​လို​ငှာ​သာ၊ ငါ့​အ​မှု​ကို​ဆောင်​ရွက်​သော​အ​မှု​သည် သာ​မ​ည​အ​မှု ဖြစ်၏။ ထို​အ​မှု​မ​က၊ သင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​ကယ်​တင်​ခြင်း​ကို ပြု​စိမ့်​သော​ငှာ၊ သင့်​ကို တစ်​ပါး​အ​မျိုး​သား​တို့ လင်း​စ​ရာ​ဖို့ ငါ​ခန့်​ထား​သည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှာ၊ သန့်​ရှင်း​သော လက်​ရုံး​တော်​ကို ဖွင့်​ပြ​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို သိ​မြင်​ကြ​လ​တ္တံ့။

တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်​၏​အ​လင်း​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့​သည် သင်၌ ပေါ်​ထွန်း​ခြင်း​အ​ရောင်​သို့​လည်း​ကောင်း လာ​ကြ​လိမ့်​မည်။

တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်၏​ဖြောင့်​မတ်​ခြင်း​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် သင်၏ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း မြင်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​တော်​ထွက်​နာ​မ​သစ်​ဖြင့် သင့်​ကို​ခေါ်​ကြ​လိမ့်​မည်။

အ​ကျွန်ုပ်​အ​စွမ်း​သ​တ္တိ၊ အ​ကျွန်ုပ်​ရဲ​တိုက်၊ အ​မှု​ရောက်​သော​နေ့၌ အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ တစ်​ပါး​အ​မျိုး​သား​တို့​က၊ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့ ဘိုး​ဘေး​တို့​သည် မု​သား၊ အ​န​တ္တ၊ အ​ချည်း​နှီး​သော အ​ရာ​တို့​ကို အ​မွေ​ခံ​ကြ​ပါ​ပြီ​ဟု၊ မြေ​ကြီး​စွန်း​မှ ကိုယ်​တော်​ထံ​သို့ လာ၍ လျှောက်​ကြ​ပါ​လိမ့်​မည်။

ထို​သ​တို့​သ​မီး​ကို မျိုး​စေ့​ကဲ့​သို့ မြေ၌ ကိုယ်​အ​ဖို့​ငါ​ကြဲ​မည်။ မ​သ​နား​မ​စုံ​မက်​အပ်​သော သ​တို့​သ​မီး​ကို ငါ​သ​နား​စုံ​မက်​မည်။ ငါ၏ လူ​မ​ဟုတ်​သော သူ​ကို​လည်း သင်​သည်​ငါ၏​လူ​ဖြစ်​သည်​ဟု ငါ​ဆို​မည်။ သူ​က​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။

ကျန်​ကြွင်း​သော ယာ​ကုပ်​အ​မျိုး​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား အ​များ​တို့​တွင်​နေ၍၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော နှင်း​ကဲ့​သို့​လည်း​ကောင်း၊ လူ​ကို​မ​ငံ့​လင့်၊ လူ​သား​တို့၏ အ​လို​သို့​မ​လိုက်​သော မိုး​ရေ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တစ်​ဖက်၌ ကြောက်​မက်​ဖွယ်​ဖြစ်၍၊ လော​ကီ​ဘု​ရား ရှိ​သ​မျှ​တို့​ကို အ​ငတ်​ထား​တော်​မူ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ကျွန်း​ရှိ​သ​မျှ​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​ရပ်၌ ရှိ​ခိုး​ကြ​လိမ့်​မည်။

အ​ကယ်​စင်​စစ် လူ​မျိုး​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို တ​ညီ​တ​ညွတ်​တည်း ဆောင်​ရွက်​မည်​အ​ကြောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​စေ​ခြင်း​ငှာ သန့်​ရှင်း​သော ဘာ​သာ​စ​ကား​ကို သူ​တို့​အား ငါ​ပြန်​ပေး​မည်။

ထို​ကာ​လ၌ လူ​မျိုး​အ​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့​ဝင်​စား၍ ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။ သင့်​အ​လယ်၌ ငါ​နေ​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင့်​ဆီ​သို့ စေ​လွှတ်​တော်​မူ​သည်​ကို သင်​သိ​ရ​လိမ့်​မည်။

နေ​ထွက်​ရာ​အ​ရပ်​မှ​သည် နေ​ဝင်​ရာ​အ​ရပ်​တိုင်​အောင် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ၏​နာ​မ​တော်​သည် ကြီး​မြတ်​ရ​လိမ့်​မည်။ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ နံ့​သာ​ပေါင်း​ကို ငါ၏​နာ​မ​တော်​အား​မီး​ရှို့၍၊ သန့်​ရှင်း​သော ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​တော်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကြီး​မြတ်​ရ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ ယေ​ရှု​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​ပြီး​မှ၊ မာ​ဂု​ပ​ညာ​ရှိ​တို့​သည် အ​ရှေ့​ပြည်​က ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ​လျှင်။-

ငါ​ဆို​ပြန်​သည်​ကား၊ လူ​များ​တို့​သည်၊ အ​ရှေ့​အ​ရပ်၊ အ​နောက်​အ​ရပ်​မှ​လာ၍၊ ကောင်း​ကင်​နိုင်​ငံ​တော်၌ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​တ​ကွ လျောင်း​ရ​ကြ​လ​တ္တံ့၊-

မိန်း​မ​တို့​သည် တွင်း​ထဲ​သို့​ဝင်​ကြ​ပြီး​လျှင်၊ လု​လင်​တစ်​ယောက်​သည် ဖြူ​စင်​ရှည်​လျား​သော​အင်္ကျီ​ကို ဝတ်​လျက် လက်​ယာ​ဘက်၌ ထိုင်​သည်​ကို​မြင်၍ ထိတ်​လန့် မိန်း​မော​ခြင်း​သို့ ရောက်​ကြ၏။-

ထို​အ​ခါ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ရာ​နှစ်​ဆယ်​သော တ​ပည့်​တော်​တို့၏​အ​လယ်၌ ပေ​တ​ရု​သည်​ထ၍၊-

ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​သီး​အ​သီး တတ်​နိုင်​ကြ​သည်​အ​တိုင်း၊ ယု​ဒ​ပြည်၌​နေ​သော ညီ​အစ်​ကို​တို့​အား အ​ကူ​အ​မ ပေး​လိုက်​မည်​ဟု၊-

ထို​မြို့​သို့​ရောက်​ပြီး​လျှင် သင်း​ဝင်​သူ​တို့​ကို စု​ဝေး​စေ၍၊ မိ​မိ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​သည် ပြု​တော်​မူ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​တံ​ခါး​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဖွင့်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ပြန်​ကြား​ကြ၏။-

အ​သင်း​တော်​သည်​လမ်း၌​ပို့​သ​ဖြင့်၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည် ဖိ​နိတ်​ပြည်​နှင့် ရှ​မာ​ရိ​ပြည်​ကို​လျှောက်​သွား၍ တစ်​ပါး​အ​မျိုး​သား​တို့ ပြောင်း​လဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကို ကြား​ပြော​သ​ဖြင့်၊ ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို အ​လွန်​ဝမ်း​မြောက်​စေ​ကြ၏။-

ရော​မ​မြို့​သား​ညီ​အစ်​ကို​တို့​သည် ငါ​တို့​လာ​ကြောင်း​ကို ကြား​သိ​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ အ​ချို့​တို့​သည် အ​ပ္ပိ​ဈေး​တိုင်​အောင်​လည်း​ကောင်း၊ အ​ချို့​တို့​သည် သုံး​ဇ​ရပ်​တိုင်​အောင်​လည်း​ကောင်း လာ​ကြ၏။ ပေါ​လု​သည် ထို​သူ​တို့​ကို မြင်​လျှင်၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ စိတ်​သက်​သာ​ခြင်း​သို့ ရောက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ