Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 10:48

Judson Bible

သ​ခင်​ဘု​ရား၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​စေ​မည်​အ​ကြောင်း စီ​ရင်​လေ၏။ ထို​နောက်​မှ ပေ​တ​ရု​သည် ကာ​လ​အ​တန်​အ​ရာ နေ​ပါ​မည်​အ​ကြောင်း​ကို ထို​သူ​တို့​သည် တောင်း​ပန်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

တ​ပည့်​တော်​တို့​သာ​လျှင် ပေး​ကြ​သော်​လည်း၊ ယေ​ရှု​သည် ယော​ဟန်​ထက် သာ၍​များ​သော သူ​တို့​ကို တ​ပည့်​တော်​ဖြစ်​စေ၍၊ ဗ​တ္တိ​ဇံ​ကို​ပေး​ကြောင်း​ကို ဖာ​ရိ​ရှဲ​တို့​သည် ကြား​ပြီ​ဟု သ​ခင်​ဘု​ရား​သိ​တော်​မူ​သော​အ​ခါ၊-

ထို​ကြောင့်၊ ရှ​မာ​ရိ​လူ​တို့​သည် အ​ထံ​တော်​သို့​ရောက်​လျှင်၊ မိ​မိ​တို့​အ​ရပ်၌ နေ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်၏။ ထို​အ​ရပ်၌ နှစ်​ရက်​နေ​တော်​မူ၏။-

ထို​မိန်း​မ​သည် အိမ်​သူ​အိမ်​သား​တို့​နှင့်​တ​ကွ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​မှ၊ ကျွန်​မ​သည် သ​ခင်​ဘု​ရား၌ အ​မှန်​ယုံ​ကြည်​သည်​ကို သင်​တို့​သည် ထင်​မှတ်​လျှင်၊ ကျွန်​မ​အိမ်​သို့ ဝင်၍​နေ​ကြ​ပါ​ဟု တောင်း​ပန်​လျက် ငါ​တို့​ကို အ​နိုင်​သွေး​ဆောင်​လေ၏။

ဟူ​သော​စ​ကား​ကို ကြား​လျှင်၊ ထို​သူ​တို့​သည် သ​ခင်​ယေ​ရှု၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။-

ပေ​တ​ရု​က​လည်း၊ သင်​တို့၏​အ​ပြစ်​ကို​လွတ်​စေ​ခြင်း​ငှာ နောင်​တ​ရ၍ တစ်​ယောက်​မျှ​မ​ကြွင်း၊ ယေ​ရှု​ခ​ရစ်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​လော့။ သို့​ပြု​လျှင် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။-

ဖိ​လိ​ပ္ပု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်နှင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ ထို​သူ​တို့​သည် ယုံ​ကြည်​သော​အ​ခါ၊ ယောက်ျား​မိန်း​မ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။-

တစ်​စုံ​တစ်​ယောက်​သော​သူ​အ​ပေါ်၌ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သက်​ရောက်​တော်​မ​မူ​သေး​သည်​ဖြစ်၍၊ တ​မန်​တော်​တို့​သည် ရောက်​ကြ​လျှင်၊ ဝိ​ညာဉ်​တော်​ကို​ခံ​ရ​မည်​အ​ကြောင်း ထို​မြို့​သူ​မြို့​သား​တို့​အ​ဖို့ ဆု​တောင်း၍၊-

ခ​ရစ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​ရှိ​သ​မျှ​တို့​သည် ခ​ရစ်​တော်​ကို ယူ​တင်​ဝတ်​ဆောင်​သော​သူ ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ