Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 10:33

Judson Bible

ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ အ​လျင်​အ​မြန်​စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​အား​ဖြင့် ကောင်း​မွန်​စွာ​ပြု​ပါ​ပြီ။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၌​မှာ​ထား​တော်​မူ​သ​မျှ​ကို နား​ထောင်​ခြင်း​ငှာ၊ ယ​ခု​အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ အ​သင့်​နေ​ကြ​ပါ​သည်​ဟု ကော်​နေ​လိ ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့ စီ​ရင်​သည်​အ​တိုင်း၊ တ​ညီ​တ​ညွတ်​တည်း ပြု​ချင်​သော စေ​တ​နာ​စိတ်​ကို၊ ဘု​ရား​သ​ခင်​တန်​ခိုး​တော်​ကြောင့်​ရ​ကြ၏။

ပ​ညာ​ရှိ​သော​သူ​သည် နား​ထောင်​သ​ဖြင့်၊ ပ​ညာ​အ​တတ် တိုး​ပွား​ရ​လိမ့်​မည်။

သ​မ္မာ​သ​တိ​ရှိ​သော​သူ၏ စိတ်​နှ​လုံး​သည် ပ​ညာ​အ​တတ်​ကို သို​ထား​တတ်၏။ ပ​ညာ​ရှိ​သော​သူ၏​နား​သည်​လည်း၊ ပ​ညာ​စ​ကား​ကို​ရှာ​တတ်၏။

နား​ထောင်​တတ်​သော​သူ​ကို လျောက်​ပတ်​စွာ ဆုံး​မ​တတ်​သော​သူ​သည် ရွှေ​နား​တောင်း​ကဲ့​သို့​လည်း​ကောင်း၊ ရွှေ​စင်​တန်​ဆာ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။

ထို​ကြောင့် အ​ကြင်​သူ​သည် ဤ​သူ​ငယ်​ကဲ့​သို့ မိ​မိ​ကိုယ်​မိ​မိ နှိမ့်​ချ​အံ့၊ ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ သာ၍ ကြီး​မြတ်​လိမ့်​မည်။-

နောက်​ကျ​သော​သူ အ​များ​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ​အ​များ​တို့​သည် နောက်​ကျ​ကြ​လိမ့်​မည်။

ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို သူ​ငယ်​ကဲ့​သို့​မ​ခံ​မ​ယူ၊ ထို​သူ​သည် နိုင်​ငံ​တော်​သို့​မ​ဝင်​ရ​ဟု မိန့်​တော်​မူ​ပြီး​မှ၊-

ထို​ကြောင့် ယု​ပ္ပေ​မြို့​သို့​စေ​လွှတ်၍ ပေ​တ​ရု အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​ကို ခေါ်​ပင့်​လော့။ ထို​သူ​သည် ပင်​လယ်​နား​မှာ သား​ရေ​လုပ်​သ​မား ရှိ​မုန်၏​အိမ်၌ တည်း​နေ၏။ ထို​သူ​သည်​ရောက်​လာ​လျှင် သင့်​အား ဟော​ပြော​လိမ့်​မည်​ဟု ပြော​ဆို​ပါ၏။-

ထို​အ​ခါ​ပေ​တ​ရု​သည် နှုတ်​ကို​ဖွင့်၍၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မှတ်​တော်​မ​မူ။-

ထို​ကြောင့် ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ပေး​လိုက်​သည်​ဖြစ်၍၊ သူ​တို့​သည်​နား​ထောင်​မည်​အ​ရာ​ကို သင်​တို့ သိ​မှတ်​ကြ​လော့​ဟု၊-

အ​ဘယ်​သူ​မျှ ကိုယ်​ကို မ​လှည့်​ဖြား​စေ​နှင့်။ သင်​တို့​တွင် အ​ကြင်​သူ​သည် ဤ​လော​က၌ ပ​ညာ​ရှိ​ဖြစ်​သည်​ဟု ကိုယ်​ကို​ထင်၏။ ထို​သူ​သည် ပ​ညာ​ရှိ​အ​ဖြစ်​သို့ ရောက်​လို​သော​ငှာ လူ​မိုက်​ဖြစ်​ပါ​စေ။-

ကိုယ်​ကာ​ယ၌​ငါ​ခံ​ရ​သော စုံ​စမ်း​ခြင်း​ကို သင်​တို့​သည် မ​ထီ​မဲ့​မြင်​မ​ပြု၊ ငါ့​ကို​မ​ပယ်၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန် ကဲ့​သို့​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ကဲ့​သို့​လည်း​ကောင်း၊ လက်​ခံ​ကြ၏။-

တ​ရား​တော်​ကို ငါ​တို့​သည် နား​ထောင်၍ စောင့်​ရှောက်​မည်​အ​ကြောင်း၊ ပင်​လယ်​ကို အ​ဘယ်​သူ​ကူး၍ ငါ​တို့​ထံ​သို့​ဆောင်​ခဲ့​လိမ့်​မည်​နည်း​ဟု မေး​စေ​ခြင်း​ငှာ၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သည်​မ​ဟုတ်။

ငါ​တို့​ဟော​ပြော​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို သင်​တို့​သည် ခံ​ယူ​ကြ​သော​အ​ခါ၊ လူ၏​နှုတ်​ထွက်​စ​ကား​ကို မ​ခံ​မ​ယူ​ဘဲ၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော် အ​မှန်​ဖြစ်​သည်​နှင့်​အ​ညီ၊ ယုံ​ကြည်​ခြင်း​သို့​ရောက်​သော သင်​တို့​အ​ထဲ၌ ပြု​ပြင်​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို ခံ​ယူ​ကြ​သည် အ​ကြောင်း​အ​ရာ​ကို ငါ​တို့​သည်ထောက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ၏။-

သို့​ဖြစ်၍၊ ငါ​ချစ်​သော ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် နား​ကြား​ခြင်း​ငှာ လျင်​မြန်​ကြ​စေ။ စ​ကား​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း​ငှာ​လည်း​ကောင်း နှေး​ကြ​စေ။-

ထို​ကြောင့်၊ ခပ်​သိမ်း​သော​ညစ်​ညူး​ခြင်း၊ မ​နာ​လို​သော​စိတ် လွန်​ကျူး​ခြင်း​ကို ပယ်​ရှား၍၊ သင်​တို့​စိတ်​ဝိ​ညာဉ်​ကို ကယ်​တင်​နိုင်​သော၊ အ​ထဲ၌ စိုက်​ပျိုး​သော​နှုတ်​က​ပတ်​တ​ရား​ကို နူး​ညံ့​သိမ်​မွေ့​သော စိတ်​နှင့် ခံ​ယူ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ