Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 10:32

Judson Bible

ထို​ကြောင့် ယု​ပ္ပေ​မြို့​သို့​စေ​လွှတ်၍ ပေ​တ​ရု အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​ကို ခေါ်​ပင့်​လော့။ ထို​သူ​သည် ပင်​လယ်​နား​မှာ သား​ရေ​လုပ်​သ​မား ရှိ​မုန်၏​အိမ်၌ တည်း​နေ၏။ ထို​သူ​သည်​ရောက်​လာ​လျှင် သင့်​အား ဟော​ပြော​လိမ့်​မည်​ဟု ပြော​ဆို​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​သည် ကိုယ်​တော်​လို​ချင်​သ​မျှ​သော သစ်​သား​ကို၊ လေ​ဗ​နုန်​တောင်​ပေါ်​မှာ ခုတ်​ပြီး​လျှင် ဖောင်​လုပ်၍ ပင်​လယ်​လမ်း​ဖြင့်၊ ယု​ပ္ပေ​မြို့​သို့ ဆောင်​ခဲ့​ပါ​မည်။ ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သယ်​ပို့​ရ​မည်​ဟု ပြန်​ပြော၏။

များ​ပြား​သော လူ​မျိုး​တို့​က​လည်း၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်၊ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင့်​အိမ်​တော်​သို့ တက်​သွား​ကြ​ကုန်​အံ့။ လမ်း​ခ​ရီး​တော်​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​တို့​သည် ခြေ​တော်​ရာ​သို့ လိုက်​သွား​ကြ​မည်​ဟု၊ ခ​ရီး​သွား​လျက် ပြော​ဆို​ကြ​လိမ့်​မည်။ တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ပေါ်​ထွက်​လိမ့်​မည်။

နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယေ​ရှု​ကို က​ယာ​ဖ​ထံ​မှ အိမ်​တော်​ဦး​သို့ ဆောင်​သွား​ကြ၏။ ထို​သူ​တို့​သည် အာ​ပတ်​နှင့်​ကင်း​လွတ်၍ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​မည်​အ​ကြောင်း အိမ်​တော်​ဦး​ထဲ​သို့ ကိုယ်​တိုင်​မ​ဝင်​ကြ။-

ထို​မိန်း​မ​က​လည်း၊ သင်​သည်​ယု​ဒ​လူ​ဖြစ်​လျက်​ပင်၊ ရှ​မာ​ရိ​မိန်း​မ​ဖြစ်​သော​အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် သောက်​ဖို့​တောင်း​သ​နည်း​ဟု​ဆို၏။ ဆို​သည်​အ​ကြောင်း​ကား၊ ယု​ဒ​လူ​တို့​သည် ရှ​မာ​ရိ​လူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​မ​ရှိ။-

ကော်​နေ​လိ၊ သင်​ပြု​သော​ပ​တ္ထ​နာ​ကို ဘု​ရား​သ​ခင်​သည် ကြား၍၊ သင်​စွန့်​ကြဲ​ခြင်း​ကို​လည်း မှတ်​တော်​မူ​ပြီ။-

ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ အ​လျင်​အ​မြန်​စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​အား​ဖြင့် ကောင်း​မွန်​စွာ​ပြု​ပါ​ပြီ။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၌​မှာ​ထား​တော်​မူ​သ​မျှ​ကို နား​ထောင်​ခြင်း​ငှာ၊ ယ​ခု​အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ အ​သင့်​နေ​ကြ​ပါ​သည်​ဟု ကော်​နေ​လိ ပြော​ဆို၏။

ထို​ကြောင့် ယ​ခု​ပင်​ယု​ပ္ပေ​မြို့​သို့ လူ​တို့​ကို​စေ​လွှတ်၍၊ ပေ​တ​ရု အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​ကို​ခေါ်​ပင့်​လော့။-

ထို​ပေ​တ​ရု​သည် သင်​မှ​စ၍ သင်၏​အိမ်၌ ရှိ​သ​မျှ​သော သူ​တို့​ကို ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​စ​ကား​ကို သင့်​အား​ဟော​ပြော​လိမ့်​မည်​ဟု မြွက်​ဆို​ခဲ့​သော အ​ကြောင်း​အ​ရာ​ကို ထို​သူ​သည် ငါ​တို့​အား​ပြန်​ကြား​လေ၏။-

သင်​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​နှင့် ပေါင်း​ဖော်၍ စား​သောက်​ပါ​သည်​တ​ကား​ဟု ဆန့်​ကျင်​ဘက်​ပြု၍​ဆို​ကြ၏။-

များ​စွာ​သော​ဆွေး​နွေး​ငြင်း​ခုံ​ခြင်း ရှိ​သော​အ​ခါ ပေ​တ​ရု​သည် ထ​လျက်၊ ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည် ရှေ့​ဦး​စွာ​ငါ​တို့​တွင် ရွေး​ကောက်​တော်​မူ၍၊ ငါ​ဟော​ပြော​သော​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို​ကြား​နာ၍ ယုံ​ကြည်​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​သည်​ကို သင်​တို့​သိ​ကြ၏။-

ည​အ​ခါ​ပေါ​လု​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ၍၊ မာ​ကေ​ဒေါ​နိ လူ​တစ်​ယောက်​က၊ မာ​ကေ​ဒေါ​နိ​ပြည်​သို့ ကူး​ပါ။ ငါ​တို့​ကို​မ​စ​ပါ​ဟု ရပ်​လျက် တောင်း​ပန်၏။-

ပေ​တ​ရု​သည် ယု​ပ္ပေ​မြို့၌ ရှိ​မုန်​အ​မည်​ရှိ​သော သား​ရေ​လုပ်​သ​မား​နှင့်​အ​တူ ကြာ​မြင့်​စွာ​နေ၏။

သို့​သော်​လည်း ထ၍ မြို့​သို့​ဝင်​လော့။ သင်​ပြု​ရ​မည်​အ​မှု​ကို ပြော​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ