ခဲအခွက်တစ်ဆယ်ကိုလည်း အထက်သို့ ချီမြှောက်၍ မိန်းမတစ်ယောက်သည် ဧဖာထဲ၌ ထိုင်သည်ကို ငါမြင်၏။
ဗာဗုလုန်မြို့ကိုရည်ဆောင်၍ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊
မောဘပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသောညအခါ၊ မောဘပြည်အာရမြို့သည် ပျက်စီး၏။ လုပ်ကြံသောညအခါ၊ မောဘပြည် ကိရမြို့သည် ပျက်စီး၏။
ရေကန်ဟောင်းမှ ထွက်သောရေ စုဝေးရာကိုလည်း၊ မြို့ရိုးနှစ်ထပ်စပ်ကြားတွင် လုပ်ကြလိမ့်မည်။ သို့ရာတွင်၊ ဤအမှုကို စီရင်တော်မူသောသူကို သင်တို့သည် မကြည့်မမှတ်တတ်ကြ။ ရှေးကဖန်ဆင်းတော်မူသောသူကို ပမာဏမပြုတတ်ကြ။
မုရတုတော၌ ရပ်သောလူက၊ ထိုသူတို့သည် မြေကြီးအရပ်ရပ်တို့ကို လှည့်လည်၍ သွားစေခြင်းငှာ၊ ထာဝရဘုရား စေလွှတ်တော်မူသောသူ ဖြစ်ကြသည်ဟု ပြန်ပြော၏။
ထိုအရာကား အဘယ်အရာနည်းဟု ငါမေးသော်၊ ထိုအရာသည် ထွက်သွားသော ဧဖာဖြစ်သည် ဟူ၍လည်းကောင်း၊ ထိုအရာသည် တစ်ပြည်လုံး၌ သူတို့၏အကြံအစည်ဖြစ်သည် ဟူ၍လည်းကောင်း ဆို၏။
ကောင်းကင်တမန်ကလည်း၊ ထိုမိန်းမသည် ဒုစရိုက်အပြစ်ဖြစ်၏ဟု ဆိုလျက်၊ သူ့ကို ဧဖာထဲကိုချထား၍ ဧဖာအဝပေါ်မှာ ခဲပြားကို တင်လေ၏။