Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 5:8

Judson Bible

ကောင်း​ကင်​တ​မန်​က​လည်း၊ ထို​မိန်း​မ​သည် ဒု​စ​ရိုက်​အ​ပြစ်​ဖြစ်၏​ဟု ဆို​လျက်၊ သူ့​ကို ဧ​ဖာ​ထဲ​ကို​ချ​ထား၍ ဧ​ဖာ​အ​ဝ​ပေါ်​မှာ ခဲ​ပြား​ကို တင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

လူ​မျိုး​လေး​ဆက်​လွန်​သော​အ​ခါ၊ သူ​တို့​သည် ဤ​ပြည်​သို့​ပြန်​လာ​ကြ​လိမ့်​မည်။ အာ​မော​ရိ​အ​မျိုး​သား​တို့၏​ဒု​စ​ရိုက်​အ​ပြစ်​သည် မ​စုံ​လင်​သေး​ဟု အာ​ဗြံ​အား မိန့်​တော်​မူ၏။

အ​ကျွန်ုပ်​ပြု​မိ​သော ဒု​စ​ရိုက်​တို့​သည် အ​ကျွန်ုပ်​ခေါင်း​ကို လွှမ်း​မိုး၍၊ လေး​သော​ဝန်​ကဲ့​သို့ အ​ကျွန်ုပ်​မ​ထမ်း​နိုင်​အောင် လေး​ကြ​ပါ၏။

အ​ဓ​မ္မ​လူ​သည် မိ​မိ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ဖြင့်​ဖမ်း​မိ​ခြင်း၊ မိ​မိ​အ​ပြစ်​ကြိုး​တို့​ဖြင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

ငါ​ပြစ်​မှား​သော အ​ပြစ်​ထမ်း​ပိုး​ကို လက်​တော်​နှင့် ငါ့​လည်​ပင်း​ပေါ်၌​တပ်၍ ချည်​နှောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​အား​လျော့​စေ၍၊ ငါ​မ​ဆီး​တား​နိုင်​သော သူ့​တို့​လက်​သို့ ရောက်​စေ​တော်​မူ​ပြီ။

သူ​သည် ကုန်​သည်​ဖြစ်၏။ စဉ်း​လဲ​သော ချိန်​ခွင်​ကို ကိုင်​တတ်၏။ သူ​တစ်​ပါး​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ၏။

မ​တ​ရား​သော​ချိန်​ခွင်​နှင့် စဉ်း​လဲ​သော အ​လေး​အိတ်​ရှိ​သော မြို့​ကို သန့်​ရှင်း​သော​မြို့​ဟူ၍ ငါ​မှတ်​ရ​မည်​လော။

ခဲ​အ​ခွက်​တစ်​ဆယ်​ကို​လည်း အ​ထက်​သို့ ချီ​မြှောက်၍ မိန်း​မ​တစ်​ယောက်​သည် ဧ​ဖာ​ထဲ၌ ထိုင်​သည်​ကို ငါ​မြင်၏။

သို့​ဖြစ်၍ ဘိုး​ဘေး​တို့၏ အ​ကျင့်​ပ​မာ​ဏ​ကို မီ​အောင် ကျင့်​ကြ​လော့။-

တစ်​ပါး​အ​မျိုး​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​စေ​ခြင်း​ငှာ ငါ​တို့​သည် ဟော​ပြော​ကြ​သည်​ကို သူ​တို့​သည် ဆီး​တား၍၊ မိ​မိ​တို့​အ​ပြစ်​ကို အ​စဉ်​ပြည့်​စုံ​စေ​ကြ၏။ သူ​တို့​အ​ပေါ်၌ အ​မျက်​တော်​သည် အ​ကုန်​အ​စင် ရောက်​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ