Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 69:8

Judson Bible

ကိုယ်​ညီ​အစ်​ကို​တို့​တွင်၊ လူ​စိမ်း​ဖြစ်​ခဲ့​ပါ​ပြီ။ တစ်​မိ​တည်း​သော ပေါက်​ဖော်​တို့​တွင်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား ဖြစ်​ခဲ့​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အိမ်​နီး​ချင်း​တို့​သည် အ​ကျွန်ုပ်​ကို အ​ထူး​သ​ဖြင့် ကဲ့​ရဲ့​ကြ​ပါ၏။ အ​ကျွမ်း​ဝင်​သော​သူ​များ​တို့​သည်​လည်း ရွံ​ကြ​ပါ၏။ အိမ်​ပြင်​မှာ အ​ကျွန်ုပ်​ကို​တွေ့​မြင်​သော​သူ​တို့​သည် ရှောင်၍​ပြေး​ကြ​ပါ၏။

အ​ကျွန်ုပ်၏​အ​ဆွေ​ခင်​ပွန်း၊ အ​ပေါင်း​အ​ဖော်​တို့​သည် အ​ကျွန်ုပ်​အ​နာ​ရော​ဂါ​ကြောင့်၊ ဝေး​ဝေး​ရပ်​လျက်၊ ပေါက်​ဖော်​တို့​သည်​လည်း၊ ရှောင်​လျက်​နေ​ကြ​ပါ၏။

အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ရန်​သူ​တို့​သည် ကဲ့​ရဲ့​တတ်​ကြ​ပါ၏။ အ​ထံ​တော်၌ ဘိ​သိက်​ခံ​သော​သူ၏​ခြေ​တော်​ရာ​တို့​ကို ကဲ့​ရဲ့​တတ်​ကြ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်​နှင့် အာ​မင်။

ရိုက်​သော​သူ​တို့​အား ငါ့​ကျော​ကို​လည်း​ကောင်း၊ နား​ပန်း​ဆံ​ကို နုတ်​သော​သူ​တို့​အား၊ ငါ့​ပါး​ကို​လည်း​ကောင်း ငါ​အပ်၏။ အ​ရှက်​ခွဲ​ခြင်း​နှင့် တံ​တွေး​ထွေး​ခြင်း​မှ ငါ​သည် ကိုယ်​မျက်​နှာ​ကို​မ​လွှဲ။

မ​ထီ​မဲ့​မြင်​ပြု​ခြင်းကိုခံ၍၊ လူ​တို့​တွင်​အ​ယုတ်​ဆုံး​သော​သူ​ဖြစ်​၏။ ငြို​ငြင်​သော​သူ၊ နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​နှင့် ကျွမ်း​ဝင်​သော​သူ ဖြစ်၏။ သူ​တစ်​ပါး​မျက်​နှာ​လွှဲ​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့ ဖြစ်၏။ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို​ခံ​လျက်​ရှိ၍၊ ငါ​တို့​သည် မ​ရို​သေ​ကြ။

သို့​သော်​လည်း၊ ထို​သူ​သည် ငါ​တို့​အ​နာ​ရော​ဂါ ဝေ​ဒ​နာ​များ​ကို ယူ​တင်​ဆောင်​ရွက်​လေ၏။ ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ဆုံး​မ၍ နှိမ့်​ချ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ငါ​တို့​သည် ထင်​မှတ်​ကြ​ပြီ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သိ​တော်​မူ၏။ အ​ကျွန်ုပ်​ကို​အောက်​မေ့​လျက် အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​ကို တ​ရား​သ​ဖြင့် ပေး​တော်​မူ​ပါ။ သူ​တို့​ကို​သည်း​ခံ၍၊ အ​ကျွန်ုပ်​ကို သုတ်​သင်​ပယ်​ရှင်း​တော် မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​အ​တွက် ကဲ့​ရဲ့​ခြင်း​ခံ​ရ​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။

ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ အ​နာ​ဂ​တ္တိ​ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း​ဟု လူ​အ​စု​အ​ဝေး​တို့​ကို မိန့်​တော်​မူ၏။ ထို​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို စွန့်​ပစ်၍​ပြေး​ကြ၏။

သူ​သည် မိ​မိ​ဒေ​သ​အ​ရပ်​သို့ ကြွ​လာ​သော်​လည်း၊ မိ​မိ​လူ​မျိုး​တို့​သည် သူ့​ကို​လက်​မ​ခံ​ဘဲ နေ​ကြ၏။-

မ​ယုံ​ကြည်​သော​ကြောင့် ယေ​ရှု​အား​ဆို​ကြ၏။-

ထို​သူ​တို့​နှင့် ဒါ​ဝိဒ်​ပြော​သည်​ကို အစ်​ကို​အ​ကြီး​ဧ​လျာ​ဘ​ကြား​လျှင် ဒါ​ဝိဒ်​ကို​အ​မျက်​ထွက်၍၊ သင်​သည် အ​ဘယ်​ကြောင့် ဤ​အ​ရပ်​သို့​လာ​သ​နည်း။ ထို​နည်း​သော​သိုး​တို့​ကို တော​တွင် အ​ဘယ်​သူ​လက်၌ အပ်​ခဲ့​သ​နည်း။ သင့်​မာ​န​ကြီး​ခြင်း၊ သင့်​စိတ်​နှ​လုံး​ဆိုး​ညစ်​ခြင်း​ကို ငါ​သိ၏။ စစ်​ပွဲ​ကို ကြည့်​ရှု​ခြင်း​ငှာ​သာ လာ​ပြီ​ဟု ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ