Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 69:9

Judson Bible

ကိုယ်​တော်၏​အိမ်​တော်၌ စွဲ​လမ်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို​စား​ပါ၏။ ကိုယ်​တော်​ကို ကဲ့​ရဲ့​သော သူ​တို့၏​စ​ကား​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏ ပ​ဋိ​ညာဉ်​တ​ရား​ကို​စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍ ကိုယ်​တော်၏​ပ​ရော​ဖက်​များ​ကို ဓား​နှင့် သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း​ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင်​သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။

ငါ၏​ဘု​ရား​သ​ခင် အိမ်​တော်၌ ငါ့​စိတ်​နှ​လုံး စွဲ​လမ်း​သော​ကြောင့်၊

ငါ့​ညီ​အစ်​ကို​တို့​ကို ငါ​နှင့်​ကွာ​ဝေး​စေ​တော်​မူ၏။ ငါ့​အ​သိ​အ​ကျွမ်း​တို့​သည် ငါ့​ကို​မ​သိ၊ ရိုင်း​သော​သူ​ဖြစ်​ကြ၏။

ရန်​သူ​တို့​သည် စ​ကား​တော်​တို့​ကို မေ့​လျော့​သော​ကြောင့်၊ စွဲ​လန်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​ပါ​၏။

အ​ကျွန်ုပ်​အ​သက်​ကို ရှာ​သော​သူ​တို့​သည် ကျော့​ကွင်း​များ​ကို ထောင်​ထား​ကြ​ပါ၏။ အ​ကျွန်ုပ်၌ အ​ပြစ်​ပြု​ခြင်း​အ​ခွင့်​ကို ရှာ​သော​သူ​တို့​သည် တစ်​နေ့​လုံး မ​နာ​လို​သော​စ​ကား​ကို​ပြော၍၊ မ​ကောင်း​သော​ပ​ရိ​ယာယ်​ကို ကြံ​စည်​ကြ​ပါ၏။

လမ်း၌​လျှောက်​သွား​သော​သူ​အ​ပေါင်း​တို့​သည် သူ့​ကို​လု​ယူ​ကြ၏။ အိမ်​နီး​ချင်း​တို့​တွင် ကဲ့​ရဲ့​ဖွယ်​ဖြစ်​ပါ၏။

အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ကိုယ်​အ​လို​သို့ မ​လိုက်။ ကျမ်း​စာ​လာ​သည်​အ​တိုင်း ကဲ့​ရဲ့​ခြင်း​ကို ခံ​တော်​မူ၏။ ကိုယ်​တော်​ကို ကဲ့​ရဲ့​သော​သူ​တို့၏​စ​ကား​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ၏​ဟု ကျမ်း​စာ​လာ​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ