Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကော​လော​သဲ 2:5

Judson Bible

ငါ​သည် ကိုယ်​ခ​န္ဓာ​အား​ဖြင့် သင်​တို့​နှင့် ကွာ၍ နေ​သော်​လည်း၊ စိတ်​ဝိ​ညာဉ်​အား​ဖြင့် သင်​တို့​နှင့်​အ​တူ ရှိ​သည်​ဖြစ်၍၊ သင်​တို့​သည် လျောက်​ပတ်​စွာ စီ​ရင်​ပြု​ပြင်​တတ်​သည်​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်၌ ခိုင်​ခံ့​စွာ ယုံ​ကြည်​သည်​ကို​လည်း​ကောင်း မြင်​လျှင် ဝမ်း​မြောက်​ခြင်း​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မီး​ရှို့​ရာ​ယဇ်​များ​တို့​နှင့်၊ မီး​ရှို့​ရာ​ယဇ် အ​သီး​အ​သီး​ဆိုင်​သော မိတ်​သ​ဟာ​ယ ယဇ်​ဆီ​ဥ၊ သွန်​လောင်း​ရာ ပူ​ဇော်​သ​ကာ​အ​များ​ရှိ​ကြ၏။ ထို​သို့ ဗိ​မာန်​တော်​ဝတ်​ပြု​ခြင်း​ကို စီ​ရင်​သ​တည်း။

သူ​တို့​စိတ်​သ​ဘော​မူ​ကား၊ ရှေ့​တော်၌ မ​ဖြောင့်၊ သ​စ္စာ​တော်​ကို မ​စောင့်​ဘဲ​နေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယဇ်​ပ​လ္လင်​ကို အ​နု​မော​ဒ​နာ​ပြု​စ​ရာ​ဖို့၊ မင်း​အ​သီး​အ​သီး​တို့​သည် နေ့​ရက်​အ​စဉ်​အ​တိုင်း မိ​မိ​ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ထို​သူ​များ​သည် တ​မန်​တော်​တို့၏ ဆုံး​မ​ဩ​ဝါ​ဒ​ကို​ခံ​ခြင်း၊ အ​ပေါင်း​အ​သင်း​ဖွဲ့​ခြင်း၊ မုန့်​ကို​ဖဲ့​ခြင်း၊ ပ​တ္ထ​နာ​ပြု​ခြင်း​တို့​ကို အ​မြဲ​ဆောင်​ရွက်၍ နေ​ကြ၏။

ဘု​ရား​သ​ခင့်​ရှေ့​တော်၌ နောင်​တ​ရ​ခြင်း​တ​ရား​ကို​လည်း​ကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​တို့​အား သက်​သေ​ခံ​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဆာ​မွတ်​လျှင်၊ သင်​တို့​သည် အ​ပြစ်​ခံ​လျက် မ​စည်း​ဝေး​စေ​ခြင်း​ငှာ ထို​သူ​သည် မိ​မိ​အိမ်၌ စား​စေ။ ကြွင်း​သော​အ​မှု​များ​ကို ငါ​လာ​သော​အ​ခါ စီ​ရင်​မည်။

ခပ်​သိမ်း​သော​အ​မှု​ကို တင့်​တယ်​လျောက်​ပတ်​စွာ အ​စဉ်​အ​တိုင်း စီ​ရင်​ကြ​လော့။

ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။

သင်​တို့​သည် သ​တိ​နှင့် စောင့်​နေ​ကြ​လော့။ ယုံ​ကြည်​ခြင်း၌ တည်​ကြ​လော့။ ယောက်ျား အ​စွမ်း​သ​တ္တိ​နှင့်​တ​ကွ ခွန်​အား​စုံ​လင်​လျက် နေ​ကြ​လော့။-

သင်​တို့​နှင့် လော​ဒိ​ကိ​မြို့​သူ​မြို့​သား​တို့​မှ​စ၍၊ ငါ့​မျက်​နှာ​ကို မ​မြင်​ဖူး​သော​သူ ရှိ​သ​မျှ​တို့​သည်၊-

ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် စိတ်​နှ​လုံး​အား​ဖြင့် မ​ဟုတ်၊ ကိုယ်​အား​ဖြင့်​သာ သင်​တို့​နှင့် ခ​ဏ​ကွာ​သည်​ရှိ​သော်၊ သင်​တို့​မျက်​နှာ​ကို မြင်​ခြင်း​ငှာ၊ အ​လွန်​လွမ်း​သော စိတ်​နှင့် သာ၍ ကြိုး​စား​အား​ထုတ်​ကြ၏။-

ယ​ခု​မှာ သင်​တို့​သည် သ​ခင်​ဘု​ရား၌ တည်​ကြည်​လျှင်၊ ငါ​တို့​သည် အ​သက်​ရှင်​ကြ၏။-

ငါ​တို့​သည် စိတ်​စွဲ​လမ်း​ခြင်း​ကို အ​စ​ပြု​သ​ကဲ့​သို့ အ​ဆုံး​တိုင်​အောင် တည်​ကြည်​လျှင်၊ ခ​ရစ်​တော်​နှင့် ဆက်​ဆံ​သော​သူ ဖြစ်​ကြ၏။-

ထို​မျှော်​လ​င့်​ခြင်း​မူ​ကား၊ ကု​လား​ကာ​အ​တွင်း၌​ချ၍ မြဲ​မြံ​ခိုင်​ခံ့​သော စိတ်​နှ​လုံး၏ ကျောက်​ဆူး​ကဲ့​သို့ ငါ​တို့၌​ရှိ​သ​တည်း။-

သို့​ဖြစ်၍၊ လူ​ပြည်​အ​ရပ်​ရပ်​တို့၌​ရှိ​သော သင်​တို့ ညီ​အစ်​ကို​များ​တို့​သည် ထို​သို့​သော​ဆင်း​ရဲ​ကို ခံ​ရ​ကြ​သည်​ဟု သိ​မှတ်​လျက်၊ ယုံ​ကြည်​ခြင်း၌​တည်၍ မာရ်​နတ်​ကို ဆီး​တား​ကြ​လော့။

ရု​သ​သည် လိုက်​ခြင်း​ငှာ ခိုင်​ခံ့​သော​စိတ်​ရှိ​သည်​ကို နော​မိ​သည်​သိ​မြင်​သော် တိတ်​ဆိတ်​စွာ​နေ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ