Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကော​လော​သဲ 2:4

Judson Bible

အ​ဘယ်​မည်​သော​သူ​မျှ ဖြား​ယောင်း​သော စ​ကား​အား​ဖြင့် သင်​တို့​ကို မ​လှည့်​ဖြား​စေ​ခြင်း​ငှာ၊ ဤ​စ​ကား​ကို ငါ​ပြော​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏​အ​ယောင်​ကို ဆောင်​သော​သူ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​သည် ပေါ်​လာ၍ ရွေး​ချယ်​သော​သူ​တို့​ကို​ပင် လှည့်​ဖြား​နိုင်​လျှင် လှည့်​ဖြား​လောက်​အောင် ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ကြ​လိမ့်​မည်။-

ယေ​ရှု​က​လည်း၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။-

အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏ အ​ယောင်​ကို​ဆောင်​သော​သူ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​သည် ပေါ်​လာ၍၊ ရွေး​ချယ်​သော​သူ​တို့​ကိုပင် လှ​ည့်​ဖြား​နိုင်​လျှင် လှ​ည့်​ဖြား​လောက်​အောင်​နိ​မိတ်​လ​က္ခ​ဏာ အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ကြ​လိမ့်​မည်။-

တ​ပည့်​တော်​များ​ကို​သွေး​ဆောင်​ခြင်း​ငှာ၊ မှား​သော​စ​ကား​ကို ပြော​တတ်​သော​လူ​တို့​သည် သင်​တို့​အ​ထဲ၌​လည်း ပေါ်​လာ​မည်​ကို​လည်း​ကောင်း ငါ​သိ၏။-

သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် လူ​ပ​ညာ​အား​ဖြင့် မ​တည်၊ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် တည်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား၊ ငါ့​ဒေ​သ​နာ​သည် လူ​ပ​ညာ​နှင့်​ယှဉ်​သော ဖြား​ယောင်း​သော​စ​ကား​နှင့်​တ​ကွ ရှိ​သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်၏​နိ​မိတ်​လ​က္ခ​ဏာ တန်​ခိုး​တော်​နှင့်​တ​ကွ ရှိ၏။

မြွေ​သည် မိ​မိ​ပ​ရိ​ယာယ်​အား​ဖြင့် ဧ​ဝ​ကို​လှည့်​စား​သ​ကဲ့​သို့၊ သင်​တို့​သည် စိတ်​ဆွေး​မြေ့​ယို​ယွင်း၍၊ ခ​ရစ်​တော်​ကို အ​ကြွင်း​မဲ့​ချစ်​သော​စိတ် ပျောက်​မည်​ဟု စိုး​ရိမ်​ခြင်း​ရှိ၏။-

ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​ခံ​စား​သော လွှတ်​ခြင်း​အ​ခွင့်​ကို ချောင်း​ကြည့်၍ ငါ​တို့​ကို ကျွန်​ခံ​စေ​မည် အ​ကြံ​နှင့်၊ ပ​ရိ​ယာယ်​အား​ဖြင့် သူ​တစ်​ပါး​သွင်း၍ ငါ​တို့​အ​ထဲ​သို့​ဝင်​သော ညီ​အစ်​ကို၏​အ​ယောင်​ကို ဆောင်​သော သူ​တို့​အ​ကြောင်း​ကြောင့် ထို​သို့​ပြု​ကြ၏။-

အ​ကြောင်း​မူ​ကား၊ သူ​တစ်​ပါး​တို့​သည် လူ​ပ​ရိ​ယာယ်​နှင့်​အ​ပြစ်​သို့ သွေး​ဆောင်​ခြင်း​ငှာ လှည့်​ဖြား ပြော​ဆို​သ​ဖြင့်၊ ငါ​တို့​သည် နောက်​တစ်​ဖန် ခပ်​သိမ်း​သော ဩ​ဝါ​ဒ လေ​တိုက်၍ ဖ​ရို​ဖ​ရဲ​လွင့်​သွား​သော သူ​ငယ်​မ​ဖြစ်​ဘဲ​လျက်၊-

ထို​ကြောင့် ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် လျှပ်​ပေါ်​သော​စိတ်​နှင့် ကျင့်​သည်​နည်း​တူ၊ သင်​တို့​သည် နောက်​တစ်​ဖန် မ​ကျင့်​မည်​အ​ကြောင်း သ​ခင်​ဘု​ရား​အ​ခွင့်​နှင့် ငါ​မှာ​လိုက်၏။-

လျှပ်​ပေါ်​သော​စ​ကား​ဖြင့် အ​ဘယ်​သူ​မျှ သင်​တို့​ကို မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​ကြောင့် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ငြင်း​ဆန်​တတ်​သော သူ​တို့ အ​ပေါ်​သို့ သင့်​ရောက်​ပေ၏။-

ဦး​ခေါင်း​တော်​ကို အ​မှီ​မ​ပြု၊ ဇာ​တိ​ပ​က​တိ၏ စိတ်​နှ​လုံး အ​ချည်း​နှီး​ထောင်​လွှား​လျက်၊ မိ​မိ​မ​သိ​မ​မြင်​သော​အ​ရာ​ကို စူး​စမ်း​လျက်၊ စိတ်​နှိမ့်​ချ​ခြင်း၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​ကို ကိုး​ကွယ်​ခြင်း၌​လည်း​ကောင်း မွေ့​လျော်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​ဆု​ကို မ​လု​မ​ယူ​စေ​နှင့်။-

ခ​ရစ်​တော်၏​တ​ရား​ကို မ​လိုက်၊ လူ​အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​နှင့် လော​ကီ​တ​ရား​နု​ကို လိုက်၍၊ လော​ကီ​ပ​ညာ​နှင့် အ​ချည်း​နှီး​သော ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လု​ယူ​မ​ဖျက်​ဆီး စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။-

တ​ရား​မဲ့​ဖြစ်​သော အ​ချည်း​နှီး​စ​ကား​ကို ရှောင်​လော့။ အ​ကြောင်း​မူ​ကား၊ ထို​စ​ကား​သည် မ​တ​ရား​သော အ​မှု​တို့​ကို ပွား​များ​စေ​လိမ့်​မည်။-

ဆိုး​ညစ်​သော​သူ၊ လှည့်​ဖြား​သော​သူ​တို့​မူ​ကား၊ သူ​တစ်​ပါး​ကို​လည်း​ကောင်း၊ ကိုယ်​ကို​လည်း​ကောင်း လှည့်​ဖြား၍ ဆိုး​ညစ်​ခြင်း၌ တ​ရွေ့​ရွေ့ တိုး​ပွား​ကြ​လိမ့်​မည်။

ချစ်​သား​တို့၊ ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်၏။ ခ​ရစ်​တော်၏ ရန်​သူ​တည်း​ဟူ​သော အ​န္တိ​ခ​ရစ် ပေါ်​လာ​ကြောင်း​ကို သင်​တို့​ကြား​ရ​သည်​အ​တိုင်း၊ ယ​ခု​ပင် အ​န္တိ​ခ​ရစ်​အ​များ​ရှိ​ကြ၏။ ထို​ကြောင့်၊ ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်​သည်​ကို သိ​ရ၏။-

သင်​တို့​ကို လှည့်​ဖြား​သော​သူ​တို့၏​အ​ကြောင်း​ကို ဤ​သို့ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။-

ချစ်​သူ​တို့၊ ခပ်​သိမ်း​သော​စိတ်​ဝိ​ညာဉ်​တို့​ကို မ​ယုံ​ကြ​နှင့်။ စိတ်​ဝိ​ညာဉ်​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည် မ​စပ်​ဆိုင်​သည်​ကို စုံ​စမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မိ​စ္ဆာ​ပ​ရော​ဖက်​အ​များ​တို့​သည် ဤ​လော​က​သို့ သွား​ကြ​ပြီ။-

လူ​ဇာ​တိ​အား​ဖြင့် ကြွ​လာ​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို ငြင်း​ပယ်​လျက်၊ လှည့်​ဖြား​သော​သူ​အ​များ​တို့​သည် လော​က​ထဲ​သို့​ဝင်​ကြ​ပြီ။ ထို​သို့​သော​သူ​သည် လှည့်​ဖြား​သော​သူ ဖြစ်၏။ အ​န္တိ​ခ​ရစ်​လည်း ဖြစ်၏။-

ကွပ်​မျက်​သော​သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ က​မ္ဘာ​ဦး​က​ပင် စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား အ​ပေါင်း​တို့​သည် သား​ရဲ​ကို ကိုး​ကွယ်​ကြ၏။-

အ​နှစ်​တစ်​ထောင် မ​ကုန်​မီ​တိုင်​အောင်၊ လူ​အ​မျိုး​မျိုး​တို့​ကို မ​လှည့်​ဖြား​ရ​မည်​အ​ကြောင်း၊ အ​နက်​ဆုံး​သော တွင်း​ထဲ​သို့ ချ​ပစ်​လှောင်​ထား၍ တံ​ဆိပ်​ခတ်​လေ၏။ အ​နှစ်​တစ်​ထောင်​ကုန်​ပြီး​မှ တစ်​ဖန် ခ​ဏ​လွှတ်​ရ​ဦး​မည်။

အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ များ​သော​ဂေါ​ဂ၊ မာ​ဂေါ​ဂ​တည်း​ဟူ​သော မြေ​ကြီး လေး​မျက်​နှာ​ပေါ်​မှာ​နေ​သော လူ​အ​မျိုး​မျိုး​တို့​ကို လှည့်​ဖြား​အံ့​သော​ငှာ​လည်း​ကောင်း၊ စစ်​တိုက်​ဖို့ စည်း​ဝေး​စေ​ခြင်း​ငှာ​လည်း​ကောင်း တက်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ