ဘုရားသခင်မှာထားတော်မူသည်အတိုင်း စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်များအထဲက၊
အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူအသက်ချမ်းသာစေခြင်းငှာ၊ သင်္ဘောထဲသို့ သွင်းရမည်။
ငှက်လည်းအမျိုးအလိုက်၊ သားလည်းအမျိုးအလိုက်၊ တွားတတ်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာစေခြင်းငှာ၊ သင့်ထံသို့ လာကြလိမ့်မည်။
သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတတ်သောကြက်ငှက်မျိုး၊
မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ်စေခြင်းငှာ၊ စင်ကြယ်သော သားမျိုး၊ တစ်မျိုးတစ်မျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သော သားမျိုး၊ တစ်မျိုးတစ်မျိုးတွင်လည်း အထီးအမနှစ်စုံစီ၊
မိုးကောင်းကင်ငှက်၊ တစ်မျိုးတစ်မျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးအသီးတို့ကို သိမ်းယူရမည်။
အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ဝင်ကြ၏။
ထိုတန်ဆာထဲ၌ သားရဲမှစ၍ မြေ၌ကျင်လည် သောသားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုးကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့သည် ရှိကြ၏။-