Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 7:7

Judson Bible

ရေ​လွှမ်း​မိုး​ခြင်း​ဘေး​ကြောင့်၊ နော​ဧ​သည် မိ​မိ သား၊ မ​ယား၊ ချွေး​မ​များ​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့​ဝင်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သင်၌​မူ​ကား၊ ငါ့​ပ​ဋိ​ညာဉ်​ကို ငါ​တည်​စေ​မည်။ သင်​သည် သား၊ မ​ယား၊ ချွေး​မ​များ​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့​ဝင်​ရ​မည်။

ထို​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် နော​ဧ​ကို တစ်​ဖန်​မိန့်​တော်​မူ​ပြန်​သည်​ကား၊ ဤ​ကာ​လ​အ​မျိုး​တွင် သင်​သည် ငါ့​ရှေ့၌​ဖြောင့်​မတ်​ကြောင်း​ကို ငါ​သိ​မြင်​သည်​ဖြစ်၍၊ သင်၏​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့ ဝင်​ကြ​လော့။

သ​မ္မာ​သ​တိ​ရှိ​သော​သူ​သည် အ​မှု​ကို​မျှော်​မြင်၍ ပုန်း​နေ​တတ်၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား၊ အ​စဉ်​အ​တိုင်း​သွား၍ အ​မှု​နှင့်​တွေ့​တတ်၏။

ရေ​လွှမ်း​မိုး​ခြင်း မ​ဖြစ်​မီ​ကာ​လ၌ နော​ဧ​သည် သင်္ဘော​ထဲ​သို့​ဝင်​သော နေ့​တိုင်​အောင် လူ​များ​တို့​သည် စား​သောက်​လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက် နေ၍၊-

နော​ဧ​သည် သင်္ဘော​ထဲ​သို့​ဝင်၍၊ ရေ​လွှမ်း​မိုး​ခြင်း​ဖြစ်​သ​ဖြင့် လူ​ခပ်​သိမ်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သည် နေ့​တိုင်​အောင် လူ​များ​တို့​သည် စား​သောက်​လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက် နေ​ကြ၏။-

နော​ဧ​သည် မ​မြင်​သေး​သော အ​မှု​အ​ရာ​တို့​ကို ဖော်​ပြ​သော ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​ပြီး​မှ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ကြောက်​ရွံ့​သော​စိတ်​ရှိ၍၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို ကယ်​တင်​ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ၏။ ထို​ယုံ​ကြည်​ခြင်း​အား​ဖြင့် လော​ကီ​သား​တို့​ကို အ​ပြစ်​တင်၍ ယုံ​ကြည်​ခြင်း​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ခြင်း​ကို​လည်း အ​မွေ​ခံ​ရ၏။

အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မု​သား​မ​သုံး​နိုင်​သော အ​ရာ​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပြောင်း​လဲ​နိုင်​သော အ​ရာ​နှစ်​ပါး​ကို အ​မှီ​ပြု၍၊ ကိုယ်​ရှေ့၌​ထား​သော မျှော်​လ​င့်​ရာ​ကို ခို​လှုံ​ခြင်း​ငှာ ပြေး​သော ငါ​တို့​သည် သက်​သာ​အား​ကြီး​ကြ​မည်​အ​ကြောင်း​တည်း။-

ထို​ဝိ​ညာဉ်​တို့​မူ​ကား ရှေး​ကာ​လ၊ နော​ဧ​လက်​ထက်၌၊ နည်း​သော​သူ​တည်း​ဟူ​သော လူ​ရှစ်​ယောက်​တို့​ကို ရေ​အား​ဖြင့် ကယ်​ဆယ်​သော​သင်္ဘော​ကို တည်​လုပ်​စဉ်​တွင်၊ ဘု​ရား​သ​ခင်၏ ခ​န္တီ​တော်​သည် ဆိုင်း​လင့်​တော်​မူ​သော်​လည်း၊ နား​မ​ထောင်​သော​ဝိ​ညာဉ် ဖြစ်​သ​တည်း။-

ရှေး​လော​က​ဓာတ်​ကို​လည်း နှ​မြော​တော်​မ​မူ။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ဟော​သော နော​ဧ​နှင့် လူ​ခု​နစ်​ယောက်​တို့​ကို စောင့်​မ​တော်​မူ၍၊ ဘု​ရား​ကို မ​ကိုး​ကွယ်​သော လော​ကီ​သား​အ​ပေါင်း​တို့​ကို ရေ​လွှမ်း​မိုး​စေ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ