Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 38:9

Judson Bible

ဩ​နန်​သည်​သား​ကို​ရ​လျှင်​မူ​ကား၊ မိ​မိ​သား​မ​မှတ်​ရ​ဟု​သိ၍ အစ်​ကို​အား သား​ကို​မ​ပေး​လို​ဘဲ၊ အစ်​ကို​မ​ယား​ထံ​သို့​ဝင်​သော​အ​ခါ၊ သုက်​ရည်​ကို​ထုတ်၍ စွန့်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မ​မူ​သော​ကြောင့်၊ ဩ​နန်​ကို​လည်း ကွပ်​မျက်​တော်​မူ၏။

ဒေါ​သ​သည် လူ​မိုက်​ကို​ဖျက်​ဆီး​တတ်၏။ ပ​ညာ​မ​ရှိ​သော သူ​သည်​လည်း ငြူ​စူ​သော​သ​ဘော​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​တတ်၏။

မာ​န​သည် ကြမ်း​ကြုတ်​သော​သ​ဘော​ရှိ၏။ ဒေါ​သ​သည် ပြင်း​ထန်​တတ်၏။ ငြူ​စူ​သော​စိတ်​ကို​ကား၊ အ​ဘယ်​သူ​ဆီး၍ ခံ​နိုင်​သ​နည်း။

အ​တူ​နေ​သော ညီ​အစ်​ကို​တို့​တွင်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သား​မ​ရှိ​ဘဲ​သေ​လျှင်၊ သေ​သော​သူ၏​မ​ယား​သည် အ​ခြား​တစ်​ပါး​သော​လူ​စိမ်း​နှင့် စုံ​ဖက်​ခြင်း​ကို မ​ပြု​ရ။ သူ၏​လင်​ညီ​သည် သူ့​ကို​သိမ်း​ယူ​ဆက်​ဆံ၍ မ​ရီး၌ ပြု​အပ်​သော​ဝတ်​ကို​ပြု​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး၌ အစ်​ကို​အ​မည်​ကို မ​ပျောက်​စေ​ခြင်း​ငှာ၊ အ​ဦး​ဖွား​သော​သား​သည် သေ​သော​ဘ​ကြီး၏ အ​ရိုက်​အ​ရာ​ကို ခံ​ရ​မည်။

အ​ကြောင်း​မူ​ကား၊ အ​ထက်​က ငါ​တို့​သည် ပ​ညာ​မဲ့​သော​သူ၊ နား​မ​ထောင်​သော​သူ၊ မှား​ယွင်း​သော​သူ၊ အ​ထူး​ထူး​အ​ပြား​ပြား​သော တပ်​မက်​ခြင်း၊ ကာ​မ​ဂုဏ်​ခံ​စား​ခြင်း အ​မှု​တို့​ကို ဆောင်​ရွက်​သော​သူ၊ မ​နာ​လို​ခြင်း၊ ငြူ​စူ​ခြင်း၌ ကျင်​လည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ အ​ချင်း​ချင်း​မုန်း​သော​သူ ဖြစ်​ကြ၏။-

သို့​မ​ဟုတ် သင်​တို့​စိတ်​ထဲ​မှာ ခါး​စွာ​သော ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း​ရှိ​လျှင်၊ သ​မ္မာ​တ​ရား​ကို မု​သား​ဖြင့်​ဆန်၍ မ​ဝါ​ကြွား​ကြ​နှင့်။-

အ​ကြောင်း​မူ​ကား၊ ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း​ရှိ​လျှင်၊ မ​ငြိမ်​မ​ဝပ်​ရုန်း​ရင်း​ခတ်​ခြင်း၊ ဆိုး​ညစ်​စွာ ပြု​မူ​ခြင်း အ​မျိုး​မျိုး​ရှိ​တတ်၏။-

ကျမ်း​စာ​ချက် အ​ချည်း​နှီး​သက်​သက် ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့၌ တည်​နေ​သော ဝိ​ညာဉ်​တော်​သည် ငြူ​စူ​စေ​ချင်​သော သ​ဘော​ရှိ​သည် ဟူ၍​လည်း​ကောင်း၊ ထင်​ကြ​သ​လော။-

နော​မိ​က​လည်း၊ ငါ့​သ​မီး​တို့ ပြန်​သွား​ကြ​လော့။ ငါ​နှင့်​အ​တူ အ​ဘယ်​ကြောင့် လိုက်​ရ​မည်​နည်း။ သင်​တို့​လင်​ရှာ​ဖို့ ငါ၏​ဝမ်း၌ သား​ရှိ​သေး​သ​လော။

သေ​သော​သူ၏​နာ​မည်​ကို သူ၏​ညီ​အစ်​ကို​စု​ထဲ​က​လည်း​ကောင်း၊ သူ​နေ​ရာ မြို့​တံ​ခါး​ထဲ​က​လည်း​ကောင်း မ​ပြတ်​စေ​ခြင်း​ငှာ၊ သူ၏​အ​မွေ​အား​ဖြင့် သူ၏​နာ​မည်​ကို ထောက်​မ​မည်​အ​ကြောင်း၊ မ​ဟာ​လုန်၏​မ​ယား မော​ဘ​အ​မျိုး​သ​မီး ရု​သ​ကို ငါ၏​မ​ယား​ဖြစ်​စေ​ခြင်း​ငှာ ငါ​ဝယ်​သည်​ကို သင်​တို့​သည် ယ​နေ့​သက်​သေ​ဖြစ်​ကြ​ပါ၏​ဟု အ​သက်​ကြီး​သူ​များ၊ လူ​များ​အ​ပေါင်း​တို့​အား ပြော​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ