Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 38:10

Judson Bible

ထို​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မ​မူ​သော​ကြောင့်၊ ဩ​နန်​ကို​လည်း ကွပ်​မျက်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​သား။ ဧ​ရ၊ ဩ​နန်၊ ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ။ ထို​သူ​တို့​တွင် ဧ​ရ​နှင့် ဩ​နန်​သည် ခါ​နာန်​ပြည်၌​သေ​သ​တည်း။ ဖာ​ရက်​သား၊ ဟေ​ဇ​ရုံ​နှင့် ဟာ​မု​လ။

ငို​ကြွေး​မြည်​တမ်း​ချိန်​လွန်​မှ၊ ဒါ​ဝိဒ်​သည် လူ​ကို​စေ​လွှတ်၍ ထို​မိန်း​မ​ကို နန်း​တော်​သို့​ခေါ်​စေ​သ​ဖြင့်၊ သူ​သည် မိ​ဖု​ရား​အ​ဖြစ်​သို့​ရောက်၍ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။ သို့​ရာ​တွင် ဒါ​ဝိဒ်​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆိုး​သော​အ​မှု​ဖြစ်​သ​တည်း။

အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တည်း​ခို​သော ဤ​မု​ဆိုး​မ၌ ဘေး​ဥ​ပဒ်​ပြု၍၊ သူ၏​သား​ကို သေ​စေ​တော်​မူ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ကြွေး​ကြော်​လေ၏။

ယု​ဒ​သည် ခါ​နာန်​အ​မျိုး​ဖြစ်​သော ရှု​အာ​သ​မီး​တွင်​မြင်​သော​သား​ကား ဧ​ရ၊ ဩ​နန်၊ ရှေ​လ​တည်း။ ယု​ဒ​သား​ကြီး​ဧ​ရ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဆိုး​သော​သူ​ဖြစ်၍ ကွပ်​မျက်​တော်​မူ​ခြင်း​ကို ခံ​ရ၏။

ဒါ​ဝိဒ်​ပြု​သော​အ​မှု​ကို ဘု​ရား​သ​ခင်​သည် အ​လို​တော်​မ​ရှိ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ဒဏ်​ခတ်​တော်​မူ​မည်​ဖြစ်၍၊

မ​တ​ရား​သော​သူ​သည် မ​တ​ရား​သ​ဖြင့် ပြု​စဉ်​အ​ခါ၊ လှဲ​ခြင်း​ကို​ခံ​ရ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သေ​သော​အ​ခါ၌​ပင် မျှော်​လင့်​စ​ရာ​ရှိ၏။

ရှိ​လျှင် ထာ​ဝ​ရ​ဘု​ရား​သိ​မြင်​သ​ဖြင့်၊ မ​နှစ်​သက်​ဘဲ သူ​မှ​အ​မျက်​တော်​ကို လွှဲ​တော်​မူ​မည်။

ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​လျက်၊ ငါ​မုန်း​သော​အ​မှု၊ ဤ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို မ​ပြု​ပါ​နှင့်​ဟု​ပြော​သော်​လည်း၊

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား၏​တ​မန်​ဟ​ဂ္ဂဲ​က၊ ငါ​သည် သင်​တို့​နှင့် အ​တူ​ရှိ၏​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို လူ​များ​တို့​အား ဆင့်​ဆို​လေ၏။

တစ်​ဖန် လူ​များ​တို့​သည် အ​လို​တော်​မ​ရှိ​သော မြည်​တမ်း​ခြင်း​ကို​ပြု​ကြ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​စ​ကား​ကို​ကြား၍ အ​မျက်​ထွက်​တော်​မူ၏။ ရှို့​တော်​မူ​သော​မီး​သည် သူ​တို့​တွင်​လောင်၍ တပ်​အ​စွန်​အ​နား၌​ရှိ​သော သူ​အ​ချို့​တို့​ကို သေ​စေ​လေ၏။

ဗာ​လမ်​က​လည်း၊ အ​ကျွန်ုပ်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​သည် လမ်း၌ ကန့်​လန့်​နေ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​မ​သိ​ပါ။ ယ​ခု​မှာ အ​လို​တော်​မ​ရှိ​လျှင် အ​ကျွန်ုပ်​ပြန်​သွား​ပါ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​အား​ဆို​လျှင်၊

ယု​ဒ၏​သား​ဟူ​မူ​ကား၊ ခါ​နာန်​ပြည်၌​သေ​သော​ဧ​ရ​နှင့် ဩ​နန်​အ​စ​ရှိ​သော၊

လူ​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပြစ်​မှား​လျှင်၊ တ​ရား​သူ​ကြီး စစ်​ကြော​စီ​ရင်​ရ၏။ လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​လျှင်၊ သူ့​အ​တွက် အ​ဘယ်​သူ တောင်း​ပန်​လိမ့်​မည်​နည်း​ဟု ဆုံး​မ​သော်​လည်း၊ သူ​တို့​သည် အ​ဘ၏​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ကွပ်​မျက်​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ