Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 3:8

Judson Bible

နေ​ဧ​သော​အ​ချိန်​တွင်၊ ထို​ဥ​ယျာဉ်၌ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ကြွ​တော်​မူ​သော​အ​သံ​ကို လူ​လင်​မ​ယား​တို့​သည်​ကြား​လျှင်၊ အ​ထံ​တော်​မှ​လွတ်​ခြင်း​ငှာ၊ ဥ​ယျာဉ်​အ​ပင်​တို့​တွင် ပုန်း​ကွယ်​လျက်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်၊ အာ​ဗြ​ဟံ​နှင့် နှုတ်​ဆက်​ခြင်း​အ​မှု​ကုန်​စင်​ပြီး​မှ၊ ကြွ​သွား​တော်​မူ၏။ အာ​ဗြံ​ဟံ​သည်​လည်း မိ​မိ​နေ​ရာ​အ​ရပ်​သို့ ပြန်​လေ၏။

လူ​က​လည်း၊ ဥ​ယျာဉ်၌ ကိုယ်​တော်၏​အ​သံ​ကို ကျွန်​တော်​ကြား​လျှင်၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်၊ ကြောက်၍ ပုန်း​လျက်​နေ​ပါ​သည်​ဟု လျှောက်​လေ၏။

မ​မြင်​နိုင်​အောင် ထူ​ထပ်​သော​တိမ်​တို့​သည် ကိုယ်​တော်​ကို လွှမ်း​မိုး​ကြ၏။ ကောင်း​ကင်​စ​ကြ​ဝ​ဠာ​ထိပ်​ပေါ်​မှာ လှည့်​လည်​တော်​မူ​သည်​ဟု ဆို​တတ်၏။

ငါ​သည် လူ​ပြု​တတ်​သ​ကဲ့​သို့၊ ကိုယ်​ဒု​စ​ရိုက်​ကို​ဖုံး၍၊ ကိုယ်​ရင်​ထဲ၌ ကိုယ်​အ​ပြစ်​ကို ဝှက်​ထား​ဖူး​သ​လော။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ​စ​ကား​ကို လှန်​ပြန်၍၊ မိုး​သက်​မုန်​တိုင်း​ထဲ​က မိန့်​တော်​မူ​သည်​ကား၊

ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​သည် ခပ်​သိမ်း​သော​အ​ရပ်၌​ရှိ၍၊ ကောင်း​မ​ကောင်း​ကို ကြည့်​ရှု​တော်​မူ၏။

ငါ​မ​မြင်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​သည် မ​ထင်​ရှား​သော​အ​ရပ်၌ ပုန်း​ရှောင်၍ နေ​နိုင်​သ​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​မေး​တော်​မူ၏။ ငါ​သည် ကောင်း​ကင်​မြေ​ကြီး​ကို နှံ့​ပြား​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။

ဣ​သ​ရေ​လ​ပြစ်​မှား​ရာ အာ​ဝင်​မြို့​ကုန်း​တို့​သည် ပြို​ကျ၍၊ ဆူး​ပင်​အ​မျိုး​မျိုး​တို့​သည် သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို လွှမ်း​မိုး​ကြ​လိမ့်​မည်။ မြို့​သား​တို့​က​လည်း၊ အို တောင်​များ​တို့၊ ငါ​တို့​ကို ဖုံး​အုပ်​ကြ​ပါ။ အို ကုန်း​များ​တို့၊ ငါ​တို့​အ​ပေါ်၌ ကျ​ကြ​ပါ​ဟု ခေါ်​ကြ​လိမ့်​မည်။

သင်​တို့​တွင်​လည်း​လှည့်​လည်၍ သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​မည်။ သင်​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။

သို့​သော်​လည်း၊ ယော​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ တာ​ရှု​မြို့​သို့ ပြေး​မည့်​အ​ကြံ​ရှိ​သည်​နှင့် ထ​လျက် ယု​ပ္ပေ​မြို့​သို့​သွား၍ ရောက်​သ​ဖြင့်၊ တာ​ရှု​မြို့​သို့​သွား​သော သင်္ဘော​ကို တွေ့​ကြုံ၍ သင်္ဘော​ခ​ကို​ပေး​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ သင်္ဘော​သား​တို့​နှင့်​အ​တူ တာ​ရှု​မြို့​သို့​လိုက်​ခြင်း​ငှာ သင်္ဘော​ကို စီး​လေ၏။

ကိုယ်​ကို​ကိုယ်​သိ​သော​စိတ်​နှ​လုံး​သည် သက်​သေ​ခံ​သ​ဖြင့်​လည်း​ကောင်း၊ အ​ချင်း​ချင်း ဆွေး​နွေး​ဆင်​ခြင်၍ အ​ပြစ်​တင်​လျက်၊ လွှတ်​လျက်​နေ​သ​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​စိတ်​နှ​လုံး​ထဲ၌ မှတ်​သား​သော တ​ရား၏​အ​ကျိုး​ကို ထင်​ရှား​စွာ ပြ​ကြ၏။-

အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ကယ်​တင်၍ ရန်​သူ​တို့​ကို သင့်​လက်၌​အပ်​ခြင်း​ငှာ၊ သင်၏​တပ်​ထဲ​မှာ သွား​လာ​တော်​မူ၏။ ထို​ကြောင့်၊ သင့်​အ​ထဲ၌ မ​စင်​ကြယ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မြင်၍ သင်​မှ ရှောင်​သွား​တော်​မ​မူ​မည်​အ​ကြောင်း၊ သင်၏​တပ်​သည် သန့်​ရှင်း​ရ​မည်။

ဘု​ရား​သ​ခင်​သည် မီး​ထဲ​က​မိန့်​မြွက်​တော်​မူ​သံ​ကို သင်​တို့​သည်​ကြား​သ​ကဲ့​သို့၊ အ​ခြား​သော​လူ​မျိုး​သည် ကြား၍၊ အ​သက်​ချမ်း​သာ​ရ​ဖူး​သ​လော။

အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​ကြောင့် ယ​ခု​သေ​ရ​ပါ​မည်​နည်း။ ဤ​ကြီး​စွာ​သော​မီး​ဖြင့် အ​ကျွန်ုပ်​တို့​သည် ဆုံး​ရှုံး​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​အ​သံ​တော်​ကို တစ်​ဖန်​ကြား​ရ​လျှင် သေ​ရ​ပါ​လိမ့်​မည်။

ငါ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော​သူ​ရှေ့၌ မ​ထင်​ရှား​သော အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​ကွယ်​အ​ကာ မ​ရှိ​ဘဲ၊ မျက်​မှောက်​တော်၌ လှန်​ထား​လျက် ရှိ​ကြ၏။

လော​ကီ​ဘု​ရင်၊ မှူး​မတ်၊ စစ်​သူ​ကြီး၊ သူ​ဌေး၊ သူ​ကြွယ်၊ ခွန်​အား​ကြီး​သော​သူ​မှ​စ၍ ကျွန်​များ၊ လူ​လွတ်​များ အ​ပေါင်း​တို့​သည် မြေ​တွင်း၌​လည်း​ကောင်း၊ တောင်​ပေါ်​မှာ ရှိ​သော ကျောက်​များ၌​လည်း​ကောင်း၊ ပုန်း​ရှောင်​လျက်​နေ၍၊ ထို​တောင်​များ၊ ကျောက်​များ​တို့​ကို ခေါ်​လျက်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ