ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကိုချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။
ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲနေ၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏။
အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။
မြို့ထဲသို့ရောက်ပြီးမှ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့၏မျက်စိကိုဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ သူတို့၏မျက်စိကိုဖွင့်တော်မူသဖြင့်၊ သူတို့သည်မြင်၍ ရှမာရိမြို့ထဲမှာ ရှိသည်ဟုသိကြ၏။
ခုတင်သည် ကိုယ်မဆန့်လောက်အောင်တို၏။ စောင်သည်လည်း မခြုံလောက်အောင် ငယ်၏။
သင်သည် အဝတ်အချည်းစည်းရှိ၍၊ အရှက်ကွဲခြင်းကို ခံရမည်။ ငါသည် အပြစ်ဒဏ်ကို ပေးမည်။ အဘယ်သူနှင့်မျှ မိတ်သဟာယမဖွဲ့။
သူတို့ရက်သောအမြှေးဖြင့် အဝတ်ကို မလုပ်ရ။ ကိုယ်အကျင့်နှင့် ကိုယ်ကို မခြုံရကြ။ သူတို့ပြုသောအမှုသည် အဓမ္မအမှုဖြစ်၏။ သူတို့လက်၌ ကြမ်းတမ်းသောအမှုရှိ၏။
ယေရုရှလင်မြို့ ပြစ်မှားသောအပြစ်သည် အလွန်များသောကြောင့်၊ ရွံရှာဖွယ် ဖြစ်လေ၏။ သူ့ကို ရိုသေဖူးသောသူအပေါင်းတို့သည် သူ၌ အချည်းစည်းရှိခြင်းကို မြင်သောကြောင့် မထီမဲ့မြင်ပြုကြ၏။ သူသည်လည်း ညည်းတွား၍ နောက်သို့ပြန်သွားလေ၏။
မရဏနိုင်ငံ၌ ပြင်းပြစွာသောဝေဒနာကိုခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကိုလည်းကောင်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကိုလည်းကောင်း အဝေးကမြင်လျှင်၊-
တင့်တယ်ခြင်းမရှိသော အင်္ဂါတို့သည် သာ၍ကြီးသော တင့်တယ်ခြင်းကို ခံရကြ၏။-
ထိုသို့ ကိုယ်တိုင်တွေ့မြင်သောအမှုကြောင့် သင်သည် အရူးဖြစ်ရလိမ့်မည်။