Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 27:41

Judson Bible

အ​ဘ​သည် ယာ​ကုပ်​အား​ပေး​သော ကောင်း​ချီး​မင်္ဂ​လာ​ကြောင့်၊ ဧ​သော​သည် ယာ​ကုပ်​ကို​အ​ငြိုး​ထား၍၊ ငါ့​အ​ဘ​ကြောင့် ညည်း​တွား​ရ​သော​နေ့​ရက်​ကာ​လ​အ​ချိန်​နီး​ပြီ။ ထို​အ​ခါ ငါ့​ညီ​ယာ​ကုပ်​ကို​ငါ​သတ်​မည်​ဟု၊ အ​ကြံ​နှင့်​ပြော​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​သား​ကြီး ဧ​သော​ပြော​သော​စ​ကား​ကို အ​မိ​ရေ​ဗ​က္က​ကြား​လျှင်၊ သား​ငယ်​ယာ​ကုပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​ဧ​သော​သည် သင့်​ကို​သတ်​သ​ဖြင့်၊ သင့်​အ​မှု၌​စိတ်​ပြေ​လိမ့်​မည်။

သို့​ဖြစ်၍၊ အ​ကျွန်ုပ်​ကို​အစ်​ကို​ဧ​သော​လက်​မှ ကယ်​လွှတ်​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ပါ၏။ သူ​သည်​လာ၍ အ​ကျွန်ုပ်​ကို​လည်း​ကောင်း၊ သား​မ​ယား​တို့​ကို​လည်း​ကောင်း သတ်​မည်​ဟု အ​လွန်​စိုး​ရိမ်​ပါ​၏။

ထို​အ​ခါ ယာ​ကုပ်​သည်၊ အစ်​ကို​ဧ​သော​နေ​ရာ ဧ​ဒုံ​ပြည်​တည်း​ဟူ​သော စိ​ရ​ပြည်​သို့၊ တ​မန်​တို့​ကို မိ​မိ​ရှေ့​မှာ​စေ​လွှတ်၍ မှာ​လိုက်​သည်​ကား၊

တ​မန်​တို့​လည်း ယာ​ကုပ်​ထံ​သို့​ပြန်​လာ၍၊ ကျွန်​တော်​တို့​သည်၊ ကိုယ်​တော်၏​အစ်​ကို​ဧ​သော​ထံ​သို့ ရောက်​ခဲ့​ပါ​ပြီ။ သူ​သည်​ကိုယ်​တော်​ကို တွေ့​ခြင်း​ငှာ၊ လူ​လေး​ရာ​နှင့်​ချီ​လာ​ပါ​သည်​ဟု လျှောက်​ကြ​၏။

အ​သက်​ကြီး​ရင့်​ရာ၊ ကာ​လ​ပြည့်​စုံ​ရာ၌​အ​သက်​ချုပ်၍ အ​နိ​စ္စ​ဖြစ်​သ​ဖြင့်၊ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​လေ၏။ သား​ဧ​သော​နှင့်​ယာ​ကုပ်​တို့​သည် သင်္ဂြိုဟ်​ကြ၏။

အ​နီး​သို့​မ​ရောက်​မီ အ​ဝေး၌​ရှိ​စဉ်​ပင်၊ အစ်​ကို​တို့​သည်​မြင်​လျှင်၊ သတ်​ခြင်း​ငှာ​တိုင်​ပင်​လျက်၊

အ​ဘ​သည် မိ​မိ​သား​အ​ပေါင်း​တို့​တွင်၊ ယော​သပ်​ကို​သာ၍​ချစ်​ကြောင်း​ကို၊ အစ်​ကို​တို့​သည် သိ​မြင်​သော​အ​ခါ၊ သူ့​ကို​မုန်း၍ မေ​တ္တာ​စ​ကား​ကို​သူ့​အား မ​ပြော​နိုင်​ကြ။

အစ်​ကို​တို့​က​လည်း၊ သင်​သည် ငါ​တို့၌​မင်း​ပြု​ရ​လိမ့်​မည်​လော၊ ငါ​တို့​ကို အ​စိုး​ရ​လိမ့်​မည်​လော​ဟု ပြန်​ဆို၍၊ သူ၏​အိပ်​မက်​နှင့် သူ၏​စ​ကား​အ​ကြောင်း​ကြောင့် သာ၍​မုန်း​ကြ​၏။

ယော​သပ်​အစ်​ကို​တို့​သည် အ​ဘ​သေ​သည်​ကို​သိ​မြင်​လျှင်၊ ငါ​တို့​ကို ယော​သပ်​သည် အ​ငြိုး​ထား​ကောင်း​ထား​လိမ့်​မည်။ ငါ​တို့​သည် အ​ထက်​က​သူ့​ကို​ညှဉ်း​ဆဲ​သော​ကြောင့်၊ ငါ​တို့​အား​ဧ​ကန်​အ​မှန်​ပြန်၍ ညှဉ်း​ဆဲ​လိမ့်​မည်​ဟု​စိုး​ရိမ်​လျက်၊

အ​ဘ၏​အ​လောင်း​ကို နံ့​သာ​မျိုး​နှင့်​ပြင်​ဆင်​စေ​ခြင်း​ငှာ၊ မိ​မိ​ကျွန်​ဆေး​သ​မား​တို့​ကို အ​မိန့်​ရှိ၍၊ သူ​တို့​သည်​နံ့​သာ​မျိုး​နှင့် ပြင်​ဆင်​ကြ၏။

ကျွန်​တို့​သည် ရ​ထား​တော်​ပေါ်​က​ချ၍၊ ဒု​တိ​ယ​ရ​ထား​တော်​ပေါ်၌ တင်​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား​သော​အ​ခါ၊ အ​နိ​စ္စ​ရောက်၍ ဘိုး​ဘေး​တို့​သင်္ချိုင်း၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​သည်၊ ယော​ရှိ​မင်း အ​နိ​စ္စ​ရောက်​သော​ကြောင့် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။

အ​ကျွန်ုပ်​သည် စိတ်​ပျက်​လျက်​ရှိ​သော​အ​ခါ၊ အ​ကျွန်ုပ်​သွား​သော​လမ်း​ကို ကိုယ်​တော်​သိ​တော်​မူ၏။ အ​ကျွန်ုပ်​သွား​သော​လမ်း၌ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။

သူ​တို့​ကို ငါ၏​မိတ်​ဆွေ၊ ငါ၏​ညီ​အစ်​ကို​ကဲ့​သို့ သ​ဘော​ထား၍ ငါ​ပြု၏။ ကိုယ်​အ​မိ​ကို​အောက်​မေ့၍၊ စိတ်​မ​သာ​ညည်း​တွား​သော​သူ​ကဲ့​သို့ ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက် တ​မှိုင်​မှိုင်​နေ​လေ၏။

ဖြောင့်​မတ်​သော​သူ၌ နည်း​သော​ဥ​စ္စာ​သည် မ​တ​ရား​သော​သူ​ကြီး​တို့၌ ကြွယ်​ဝ​သော​ဥ​စ္စာ​ထက် သာ၍​ကျေး​ဇူး​ရှိ၏။

အ​ကြောင်း​မူ​ကား၊ သူ​တို့​ခြေ​သည် ဒု​စ​ရိုက်​ပြု​ရာ​သို့​ပြေး၍၊ လူ​အ​သက်​ကို သတ်​ခြင်း​ငှာ​လျင်​မြန်၏။

အ​ငြိုး​ထား​သော ညီ​အစ်​ကို​သည် ခိုင်​ခံ့​သော​မြို့​ထက် သာ၍​ခက်၏။ ညီ​အစ်​ကို ရန်​တွေ့​ခြင်း​အ​မှု​သည် ရဲ​တိုက်​တံ​ခါး​ကျင်​ကဲ့​သို့ ဖြစ်၏။

ကောက်​သော​စိတ်​သ​ဘော​နှင့် ပြည့်​စုံ၍၊ မ​ကောင်း​သော​အ​ကြံ​ကို အ​စဉ် ကြံ​စည်​တတ်၏။ သူ​တစ်​ပါး​ချင်း ရန်​တွေ့​စေ​ခြင်း​ငှာ ပြု​တတ်၏။

အ​မျက်​ထွက်​သည်​တိုင်​အောင် စိတ်​မ​တို​နှင့်။ အ​မျက်​သည် မိုက်​သော​သူ၏​စိတ်​နှ​လုံး၌ နေ​ရာ​ကျ​တတ်၏။

သင်​သည် အ​စဉ်​ရန်​ငြိုး​ဖွဲ့၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ အ​မှု​ရောက်​သော​ကာ​လ၊ အ​ပြစ်​ကြောင့် ခံ​ရ​သော​ကာ​လ​အ​ဆုံး၌၊ သူ​တို့​အ​သက်​ကို ဓား​နှင့် သတ်​သော​ကြောင့်၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​ရှေ​ကို​အောက်​မေ့၍၊ မော​ဘ​လွင်​ပြင်၌ အ​ရက်​သုံး​ဆယ်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။

အ​ကြောင်း​မူ​ကား၊ အ​ထက်​က ငါ​တို့​သည် ပ​ညာ​မဲ့​သော​သူ၊ နား​မ​ထောင်​သော​သူ၊ မှား​ယွင်း​သော​သူ၊ အ​ထူး​ထူး​အ​ပြား​ပြား​သော တပ်​မက်​ခြင်း၊ ကာ​မ​ဂုဏ်​ခံ​စား​ခြင်း အ​မှု​တို့​ကို ဆောင်​ရွက်​သော​သူ၊ မ​နာ​လို​ခြင်း၊ ငြူ​စူ​ခြင်း၌ ကျင်​လည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ အ​ချင်း​ချင်း​မုန်း​သော​သူ ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ