Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 27:40

Judson Bible

ဓား​ဖြင့်​အ​သက်​ကို​မွေး​ရ​လိမ့်​မည်။ ညီ၌​ကျွန်​ခံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် အ​စိုး​ရ​သော​အ​ခါ၊ သူ​တင်​သော​ထမ်း​ပိုး​ကို သင်၏​လည်​ပင်း​မှ​ချိုး​ပယ်​လိမ့်​မည်​ဟု ပြန်၍​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ဝမ်း​အ​တွင်း၌ လူ​မျိုး​နှစ်​မျိုး​ရှိ၏။ သင်၏​ဝမ်း​ထဲ​က ခြား​နား​သော​လူ​စု​နှစ်​စု​ကို ဖွား​ရ​လိမ့်​မည်။ လူ​တစ်​မျိုး​သည် တစ်​မျိုး​ထက်​အား​ကြီး​လိမ့်​မည်။ အ​ကြီး​သည်​အ​ငယ်၌ ကျွန်​ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သူ​တစ်​ပါး​တို့​သည်​သင်၌​ကျွန်​ခံ၍၊ အ​ပြည်​ပြည်​တို့​သည် သင့်​ရှေ့​မှာ ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည် သင်၏​ညီ​အစ်​ကို​တို့၌​အ​ရှင်​ဖြစ်၍၊ သင့်​အ​မိ​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကျိန်​ဆဲ သော​သူ​အ​ပေါင်း​တို့​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​ကို​ခံ​ရ​ကြ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​လေ၏။

တ​မန်​တို့​လည်း ယာ​ကုပ်​ထံ​သို့​ပြန်​လာ၍၊ ကျွန်​တော်​တို့​သည်၊ ကိုယ်​တော်၏​အစ်​ကို​ဧ​သော​ထံ​သို့ ရောက်​ခဲ့​ပါ​ပြီ။ သူ​သည်​ကိုယ်​တော်​ကို တွေ့​ခြင်း​ငှာ၊ လူ​လေး​ရာ​နှင့်​ချီ​လာ​ပါ​သည်​ဟု လျှောက်​ကြ​၏။

ဧ​သော​က​လည်း၊ ငါ့​ညီ၊ ငါ၌​လုံ​လောက်​အောင်​ရှိ၏။ သင်၏​ဥ​စ္စာ​တို့​ကို ယူ​ထား​ဦး​လော့​ဟု​ဆို၏။

ဧ​ဒုံ​ပြည်​အ​ရပ်​ရပ်၌ မြို့​စောင့်​တပ်​တို့​ကို​ထား၍၊ ဧ​ဒုံ​ပြည်​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ​ကြ၏။ ဒါ​ဝိဒ်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​စောင့်​မ​တော်​မူ၏။

သင်​သည် ဧ​ဒုံ​ပြည်​ကို လုပ်​ကြံ​သော​ကြောင့် စိတ်​မြင့်​လှ၏။ ကိုယ်​နေ​ရာ၌ တတ်​တိုင်း​ဝါ​ကြွား​လျက် နေ​လော့။ သင့်​ကိုယ်​တိုင်​နှင့် ယု​ဒ​ပြည်​သည် ဘေး​ရောက်၍ ဆုံး​ရှုံး​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် အ​မှု​ရှာ​သ​နည်း​ဟု ယု​ဒ​ရှင်​ဘု​ရင်​အာ​မ​ဇိ​ကို ပြန်၍​မှာ​လိုက်​လေ၏။

အာ​မ​ဇိ​မင်း​သည် ဧ​ဒုံ​အ​မျိုး​သား​တစ်​သောင်း​ကို ဆား​ချိုင့်၌​သတ်၍ သေ​လ​မြို့​ကို​တိုက်​သ​ဖြင့်၊ ယ​နေ့​တိုင်​အောင် ယုဿေ​လ​ဟူ၍ သ​မုတ်​လေ၏။

သို့​သော်​လည်း၊ ဧ​ဒုံ​ပြည်​သား​တို့​သည် ယ​နေ့​တိုင်​အောင် ယု​ဒ​ရှင်​ဘု​ရင်​ကို ပုန်​ကန်​ကြ၏။ ထို​ကာ​လ၌၊ လိ​ဗ​န​ပြည်​သည်​လည်း ပုန်​ကန်၏။ အ​ကြောင်း​မူ​ကား၊ ယ​ဟော​ရံ​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊

ထို​မင်း​လက်​ထက်၌၊ ဧ​ဒုံ​ပြည်​သား​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ကို ပုန်​ကန်၍၊ ကိုယ်​အ​မျိုး​သား​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။

အ​ကြောင်း​မူ​ကား၊ ဧ​ဒုံ​လူ​တို့​သည် လာ​ပြန်​သ​ဖြင့်၊ ယု​ဒ​ပြည်​ကို လုပ်​ကြံ၍၊ လူ​များ​ကို ဖမ်း​ဆီး​သိမ်း​သွား​ကြ​ပြီ။

မော​ဘ​ပြည်​ကား၊ ငါ့​ရေ​ချိုး​အိုး​ဖြစ်​ရ၏။ ဧ​ဒုံ​ပြည်​ကား၊ ငါ့​ခြေ​နင်း​ရာ ဖြစ်​ရ၏။ ဖိ​လိ​တ္တိ​ပြည်​အ​ပေါ်​မှာ အောင်​သံ​နှင့် ကြွေး​ကြော်​မည်။

မြေ​ပေါ်​သို့ ငြိမ်​သက်​ခြင်း​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ငြိမ်​သက်​ခြင်း​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ဓား​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ