Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 27:4

Judson Bible

ငါ​မြိန်​ရှက်​တတ်​သော အ​မဲ​ဟင်း​လျာ​ကို​ချက်၍ ငါ့​ထံ​သို့​ယူ​ခဲ့​ပါ​လော့​ဟု ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အာ​ဗြံ​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​ကို​ကောင်း​ချီး​ပေး၍၊

ရေ​ဗ​က္က​ကို​လည်း၊ သင်​သည်​ကျွန်ုပ်​တို့၏​နှ​မ​ဖြစ်၏။ အ​သောင်း​အ​သိန်း​တို့၏​အ​မိ ဖြစ်​ပါ​စေ​သော။ သင်၏​အ​မျိုး​အ​နွယ်​သည် ရန်​သူ​တို့၏ တံ​ခါး​များ​ကို​အ​စိုး​ရ​ပါ​စေ​သော​ဟု ကောင်း​ချီး​ပေး​ကြ၏။

သူ​သည်​သွား၍ ဆိတ်​သ​ငယ်​တို့​ကို အ​မိ​ထံ​သို့ ယူ​ခဲ့​သ​ဖြင့်၊ အ​မိ​သည်​လည်း အ​ဘ​မြိန်​ရှက်​တတ်​သော​အ​မဲ​ဟင်း​လျာ​ကို ချက်​လေ၏။

မိ​မိ​ချက်​သော​အ​မဲ​ဟင်း​နှင့်​မုန့်​ကို သား​ယာ​ကုပ်​လက်၌​အပ်​ပေး၏။

ယာ​ကုပ်​က​လည်း၊ အ​ကျွန်ုပ်​ကား သား​အ​ကြီး​ဧ​သော​ဖြစ်​ပါ၏။ အ​ဘ​မှာ​ထား​သည်​အ​တိုင်း ပြု​ပါ​ပြီ။ ထ၍​ထိုင်​ပါ။ အ​ဘ၏​ဝိ​ညာဉ်​သည် အ​ကျွန်ုပ်​ကို ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​အ​မဲ​သား​ကို​စား​ပါ​လော့​ဟု ဆို​လေ၏။

ထို​သို့​သူ၏​လက်​တို့​သည် ဧ​သော၏​လက်​ကဲ့​သို့ အ​မွေး​ပါ​သော​ကြောင့်၊ ယာ​ကုပ်​ဖြစ်​မှန်း​ကို အ​ဘ​မ​ရိပ်​မိ​သ​ဖြင့်၊ ကောင်း​ချီး​ပေး​လေ၏။

အ​ဘ​က​လည်း၊ ငါ့​ထံ​ပါး​သို့ သွင်း​ခဲ့​ပါ။ ငါ့​ဝိ​ညာဉ်​သည် သင့်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ ငါ့​သား၏​အ​မဲ​သား​ကို ငါ​စား​အံ့​ဟု​ဆို​လျှင်၊ ယာ​ကုပ်​သည် အ​ဘ​ထံ​ပါး​သို့​သွင်း၍၊ အ​ဘ​စား​လေ၏။ စ​ပျစ်​ရည်​ကို​လည်း​ပေး၍ အ​ဘ​သောက်​လေ၏။

အ​ဘ​ဣ​ဇာက်​က​လည်း၊ သူ့​အ​ဝတ်၏​အ​နံ့​ကို ခံ၍​ကြည့်​ပါ။ ငါ့​သား၏​အ​နံ့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော လယ်​၏​အ​မွှေး​အ​ကြိုင်​နှင့်​တူ၏။

သူ​သည်​လည်း အ​မဲ​ဟင်း​လျာ​ကို​ချက်၍ အ​ဘ​ထံ​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ အ​ကျွန်ုပ်​အ​ဘ၏​ဝိ​ညာဉ်​သည်၊ အ​ကျွန်ုပ်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ သား၏​အ​မဲ​သား​ကို​ထ၍​စား​ပါ​လော့​ဟု​ဆို​လေ၏။

ထို​သို့ ဣ​ဇာက်​သည် သား​ဧ​သော​အား​ပြော​ဆို​သော​စ​ကား​ကို၊ ရေ​ဗ​က္က​ကြား​သည်​ဖြစ်၍၊ ဧ​သော​သည် အ​မဲ​သား​ကို​ရ​အောင် တော​သို့​အ​ရှာ​သွား​စဉ်​တွင်၊

သင်၏​အ​ဘ​က၊ ငါ​မ​သေ​မီ ထာ​ဝ​ရ​ဘု​ရား၏​ရှေ့​တော်​မှာ သင့်​ကို ငါ​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ ငါ​စား​စ​ရာ​ဖို့​အ​မဲ​သား​ကို​ယူ​ခဲ့၍၊ အ​မဲ​ဟင်း​လျာ​ကို​ချက်​ပါ​ဟု သင်၏​အစ်​ကို​ဧ​သော​အား​ပြော​သည်​ကို ငါ​ကြား​ပြီ။

ယ​ခု​ဆိတ်​စု​ရှိ​ရာ​သို့​သွား၍၊ ကောင်း​သော ဆိတ်​သ​ငယ်​နှစ်​ကောင်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ပါ​လော့။ သင်၏​အ​ဘ မြိန်​ရှက်​တတ်​သော အ​မဲ​ဟင်း​လျာ​ကို ငါ​ချက်​မည်။

အ​န​န္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည် ကောင်း​ချီး​ပေး၍​တိုး​ပွား​စေ​သ​ဖြင့်၊ သင်​သည် အ​မျိုး​ကြီး​ဖြစ်​မည်​အ​ကြောင်း​နှင့် များ​ပြား​စေ​တော်​မူ​စေ​သ​တည်း။

ယော​သပ်​က၊ ဤ​ပြည်၌ အ​ကျွန်ုပ်​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော အ​ကျွန်ုပ်၏​သား​ဖြစ်​ပါ​သည်​ဟု အ​ဘ​အား​ဆို​သော်၊ အ​ဘ​က၊ ငါ့​ထံ​သို့​လာ​ပါ​စေ​လော့။ သူ​တို့​ကို​ငါ​ကောင်း​ချီး​ပေး​မည်​ဟု​ဆို၏။

ဤ​သူ​တို့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ဆယ်​နှစ်​မျိုး​ဖြစ်၏။ ဤ​စ​ကား​သည်​လည်း သူ​တို့​အ​ဘ​မြွက်​ဆို၍၊ သူ​တို့​အ​သီး​အ​သီး​ခံ​ရ​သော​မင်္ဂ​လာ​ရှိ​သည်​အ​တိုင်း၊ ကောင်း​ချီး​ပေး​သော​စ​ကား​ပေ​တည်း။

ရှု​မောင်​သည်​လည်း သူ​တို့​ကို ကောင်း​ကြီး​ပေး၍ မယ်​တော်​မာ​ရိ​အား၊ ဤ​သူ​ငယ်​ကား ဣ​သ​ရေ​လ​လူ​အ​များ လဲ​မည်​အ​ကြောင်း၊ အ​များ ထ​မည်​အ​ကြောင်း၊ လူ​အ​များ​တို့၏​အ​ကြံ​အ​စည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငြင်း​ခုံ​စ​ရာ​ဖြစ်​မည်​အ​ကြောင်း ခန့်​ထား​သော​သူ​ဖြစ်၏။-

ထို​သို့ ကောင်း​ကြီး​ပေး​တော်​မူ​စဉ်​တွင်၊ တ​ပည့်​တော်​တို့​နှင့်​ခွာ၍ ကောင်း​ကင်​ဘုံ​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၏။

ဣ​ဇာက်​သည်​လည်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​နာ​ဂတ်​အ​ရာ​တို့​ကို အ​မှတ်​ပြု၍ ယာ​ကုပ်​နှင့် ဧ​သော​ကို ကောင်း​ချီး​ပေး၏။-

ထို​အ​ခါ ယော​ရှု​သည် ကောင်း​ချီး​ပေး၏။ ဟေ​ဗြုန်​ပြည်​ကို​လည်း၊ ယေ​ဖု​န္နာ၏​သား​ကာ​လက် အ​မွေ​ခံ​စ​ရာ​ဖို့ အပ်​ပေး​လေ၏။

ကောင်း​ချီး​ပေး၍ လွှတ်​လိုက်​လေ၏။ သူ​တို့​သည် ကိုယ်​နေ​ရာ​အိမ်​သို့ သွား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ