မသေမီ ငါ့ဝိညာဉ်သည် သင့်ကိုကောင်းချီးပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြားတောင့်ကိုဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဖို့ အမဲကောင်ကိုရအောင်ရှာပြီးလျှင်၊
ထာဝရဘုရားရှေ့မှာ အားကြီးသောမုဆိုးဖြစ်၏။ ထိုကြောင့် စကားပုံ၌ကား၊ ဘုရားရှေ့နိမ်ရောဒ၊ အားကြီးမုဆိုး၊ ပြုလုပ်သည်လိုဟု စပ်ဆိုသတည်း။
ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကိုချက်၍ ငါ့ထံသို့ယူခဲ့ပါလော့ဟု ပြောဆို၏။
လေးနှင့် မြားကို ဆောင်လျက် ထိုအရပ်သို့သွားကြလိမ့်မည်။ မြေတစ်ပြင်လုံး၌ ဆူးပင်မျိုးသက်သက် ဖြစ်ရလိမ့်မည်။
ငါသည် အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည်မှန်စေတော့။ အဘယ်အမှုအရာ၌မျှ ငါသည်ကျွန်မခံ။-