Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 2:9

Judson Bible

ထို​မြေ​ထဲ​က အ​ဆင်း​လှ၍၊ စား​ဖွယ်​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး​ကို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ပေါက်​စေ​တော်​မူ​၏။ ထို​ဥ​ယျာဉ်​အ​လယ်၌ အ​သက်​ပင်​လည်း​ရှိ၏။ ကောင်း​မ​ကောင်း​ကို သိ​ကျွမ်း​ရာ​အ​ပင်​လည်း​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ပင်၏​အ​သီး​ကို​ကား မ​စား​ရ။ စား​သော​နေ့​တွင် ဧ​ကန်​အ​မှန်​သေ​ရ​မည်​ဟု လူ​ကို​ပ​ညတ်​ထား​တော်​မူ​၏။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ လူ​သည် ငါ​တို့​တွင် တစ်​ပါး​ပါး​ကဲ့​သို့​ဖြစ်၍၊ ကောင်း​မ​ကောင်း​သိ​တတ်၏။ ယ​ခု​မှာ သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ခြင်း​ငှာ၊ လက်​ကို​ဆန့်​လျက် အ​သက်​ပင်၏​အ​သီး​ကို​ယူ၍ မ​စား​သင့်​ဟု မိန့်​တော်​မူ၍၊

ထို​သို့​လူ​ကို​နှင်​ထုတ်​ပြီး​လျှင်၊ အ​သက်​ပင်​လမ်း​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ မီး​စက်​လက်​နက်​နှင့်​တ​ကွ ခေ​ရု​ဗိမ်​တို့​ကို ဥ​ယျာဉ်​အ​ရှေ့​ဘက်၌ ထား​တော်​မူ၏။

ဥ​ယျာဉ်​အ​လယ်၌​ရှိ​သော အ​ပင်၏​အ​သီး​ကို​ကား၊ သင်​တို့​သည် မ​ကိုင်​မ​စား​ဘဲ နေ​ကြ​လော့။ သို့​မ​ဟုတ်​သေ​မည်​ဟု ဘု​ရား​သ​ခင် အ​မိန့်​တော်​ရှိ​သည်​ဟု မြွေ​အား​ဆို၏။

အ​ကြောင်း​မူ​ကား၊ ထို​အ​သီး​ကို​စား​သော​နေ့၌ သင်​တို့​သည် မျက်​စိ​ပွင့်​လင်း​လျက် ကောင်း​မ​ကောင်း​ကို​သိ၍၊ ဘု​ရား​သ​ခင်​ကဲ့​သို့ ဖြစ်​ကြ​လ​တ္တံ့​သည်​ကို၊ ဘု​ရား​သ​ခင်​သိ​တော်​မူ​သည်​ဟု မိန်း​မ​အား​ဆို၏။

ဖြောင့်​မတ်​သော​သူ သီး​သော​အ​သီး​သည် အ​သက်​ပင်​အ​သီး​ဖြစ်၏။ သူ​တစ်​ပါး​တို့၏​စိတ်​ဝိ​ညာဉ်​ကို ရ​သော​သူ​သည်​လည်း ပ​ညာ​ရှိ​ဖြစ်၏။

ပ​ညာ​ကို ကိုင်​ဆွဲ​သော​သူ​သည် အ​သက်​ပင်​ကို​ရ​ပြီ။ လက်​မ​လွှတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

ငါ​သည် မိ​စ္ဆာ​ဆ​ရာ​တို့၏​ပု​ပ္ပ​နိ​မိတ်​များ​ကို ပယ်​ဖျောက်​တတ်၏။ ဗေ​ဒင်​သ​မား​တို့​ကို ရူး​သွပ်​စေ​တတ်၏။ ပ​ညာ​ရှိ​တို့​ကို​လှန်၍ သူ​တို့၏​ပ​ညာ​ကို မိုက်​စေ​တတ်၏။

သင်​သည် ကိုယ်​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို ကိုး​စား​ပြီ။ ငါ့​ကို အ​ဘယ်​သူ​မျှ​မ​မြင်​ဟု ဆို​ပြီ။ သင့်​ဉာဏ်​နှင့် သင့်​ပ​ညာ​အ​တတ်​သည်၊ သင်၏​စိတ်​ကို မှောက်​လှန်​သည်​ဖြစ်၍၊ သင်​က​ငါ​ရှိ၏၊ ငါ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​ရှိ​ဟု အောက်​မေ့​ပြီ။

မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ သူ့​ကို မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ ငါ​နှိမ့်​ချ​သော​အ​ခါ၊ နှိမ့်​ချ​သံ​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ငါ​တုန်​လှုပ်​စေ၏။ ဧ​ဒင်​သစ်​ပင်​ရှိ​သ​မျှ​တို့​နှင့် အ​ကောင်း​ဆုံး၊ အ​မြတ်​ဆုံး​သော လေ​ဗ​နုန်​သစ်​ပင်​မှ​စ၍၊ ရေ​ကို​သောက်​သ​မျှ​သော သစ်​ပင်​တို့​သည် မြေ​အောက်​အ​ရပ်​တို့၌ သက်​သာ​ခြင်း​သို့​ရောက်​ကြ၏။

သင်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​အား​ဖြင့် အ​ဘယ်​မည်​သော ဧ​ဒင်​သစ်​ပင်​နှင့် တူ​သ​နည်း။ သင်​သည် ဧ​ဒင်​သစ်​ပင်​တို့​နှင့်​အ​တူ မြေ​အောက်​အ​ရပ်​သို့ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​မည်။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ၊ ဓား​ဖြင့်​အ​သေ​ခံ​ရ​သော သူ​တို့​နှင့်​အ​တူ လဲ၍​နေ​ရ​မည်။ ထို​သို့ ဖာ​ရော​ဘု​ရင်​နှင့် သူ့​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​သည်​ဖြစ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မြစ်​ကမ်း​နား​နှစ်​ဖက်၌ စား​စ​ရာ​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ အ​ရွက်​လည်း မ​ညှိုး​မ​နွမ်း​ရ။ အ​သီး​လည်း မ​ပြတ်​ရ။ လ​တိုင်း​အ​စဉ် နု​သော​အ​သီး​ကို သီး​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က​ထွက်​သ​တည်း။ အ​သီး​သည် စား​စ​ရာ​ဖို့​ဖြစ်၏။ အ​ရွက်​သည် အ​နာ​ရော​ဂါ​ငြိမ်း​စ​ရာ​ဖို့ ဖြစ်​သည်​ဟု ငါ့​အား​ပြော​ဆို၏။

ငါ​သည် အ​သက်​မုန့်​ဖြစ်၏။-

ရုပ်​တု​ရှေ့၌​ပူ​ဇော်​သော ယဇ်​ကောင်​အ​ရာ​မှာ၊ ငါ​တို့​ရှိ​သ​မျှ​သည် ပိုင်း​ခြား​တတ်​သော ဉာဏ်​ရှိ​သည်​ကို ငါ​တို့​သိ​ကြ၏။ ဉာဏ်​သည် ထောင်​လွှား​စေ​တတ်၏။ မေ​တ္တာ​မူ​ကား တည်​ဆောက်​တတ်၏။-

သို့​ဖြစ်၍ ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဤ​ပ​ညတ်​အ​လုံး​စုံ​တို့​ကို ရှေ့​တော်၌​ကျင့်​စောင့်​ခြင်း​ငှာ သ​တိ​ပြု​လျှင်၊ ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု ပြန်​ပြော​ရ​မည်။

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ထို​သူ​သည် ငါ၏​ဘု​ရား​သ​ခင် ပ​ရ​ဒိ​သု​ဥ​ယျာဉ်၌ ရှိ​သော အ​သက်​ပင်၏​အ​သီး​ကို စား​စေ​ခြင်း​ငှာ ငါအ​ခွင့်​ပေး​မည်။

အ​သက်​ပင်​နှင့်​ဆိုင်၍၊ မြို့​တံ​ခါး​အ​တွင်း​သို့ ဝင်​အံ့​သော​ငှာ ပ​ညတ်​တော်​တို့​ကို ကျင့်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။-

မြို့​လမ်း​မ​အ​လယ်၌​လည်း​ကောင်း၊ ထို​မြစ်​နှစ်​ဖက်၌​လည်း​ကောင်း၊ အ​သက်​ပင်​ရှိ၏။ ထို​အ​သက်​ပင်​သည် အ​သီး​တစ်​ဆယ်​နှစ်​မျိုး​ကို သီး​တတ်၏။ မိ​မိ​အ​သီး​ကို​လည်း လ​တိုင်း​ပေး​တတ်၏။ အ​ရွက်​သည်​လည်း လူ​အ​မျိုး​မျိုး​တို့၏ အ​နာ​ရော​ဂါ​ငြိမ်း​စ​ရာ​ဖို့ ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ