Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 2:8

Judson Bible

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​လည်း အ​ရှေ့​မျက်​နှာ၊ ဧ​ဒင်​အ​ရပ်​၌​ဥ​ယျာဉ်​ကို စိုက်​ပျိုး​ပြီး​လျှင်၊ ဖန်​ဆင်း​တော်​မူ​သော​လူ​ကို ထို​ဥ​ယျာဉ်​၌ နေ​ရာ​ချ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ​အ​ခါ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မ​မူ​မီ၊ ဇော​ရ​မြို့​သို့​သွား​သော​လမ်း၊ ယော်​ဒန်​မြစ်​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်၌ ရေ​များ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ယျာဉ်​တော်​ကဲ့​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​သည်​ကို၊ လော​တ​မျှော်​ကြည့်၍​မြင်​လျှင်၊

လူ​သည် မိ​မိ​ထွက်​သော​မြေ၌​လုပ်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်၊ ဧ​ဒင်​ဥ​ယျာဉ်​ထဲ​က လွှတ်​လိုက်​တော်​မူ၏။

ထို​သို့​လူ​ကို​နှင်​ထုတ်​ပြီး​လျှင်၊ အ​သက်​ပင်​လမ်း​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ မီး​စက်​လက်​နက်​နှင့်​တ​ကွ ခေ​ရု​ဗိမ်​တို့​ကို ဥ​ယျာဉ်​အ​ရှေ့​ဘက်၌ ထား​တော်​မူ၏။

ကာ​ဣ​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ထွက်​သွား၍၊ ဧ​ဒင်​ပြည်​အ​ရှေ့၊ နော​ဒ​ပြည်​တွင် နေ​လေ​၏။

ငါ့​ဘိုး​ဘေး​တို့​သည် ဖျက်​ဆီး​သော​အ​မျိုး​သား၊ ဂေါ​ဇန်​အ​မျိုး​သား၊ ခါ​ရန်​အ​မျိုး​သား၊ ရေ​ဇပ်​အ​မျိုး​သား၊ တေ​လ​သာ​မြို့၌​ရှိ​သော ဧ​ဒင်​အ​မျိုး​သား​တို့​ကို သူ​တို့၏​ဘု​ရား​များ​တို့​သည် ကယ်​ယူ​ကြ​ပြီ​လော။

ထို​သို့​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​ကို ချမ်း​သာ​ပေး​တော်​မူ​မည်။ သူ၏​ဆိတ်​ညံ​ရာ အ​ရပ်​အ​လုံး​စုံ​တို့​ကို ချမ်း​သာ​ပေး​မည်။ သူ၏​တော​ကို ဧ​ဒင်​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​လွင်​ပြင်​ကို ထာ​ဝ​ရ​ဘု​ရား၏ ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​သ​ဖြင့်၊ ဇိ​အုန်​မြို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း၊ သီ​ချင်း​ဆို​ခြင်း​နှင့် ပြည့်​စုံ​လိမ့်​မည်။

ခါ​ရန်​မြို့​သား၊ က​န္နေ​မြို့​သား၊ ဧ​ဒင်​မြို့​သား၊ ရှေ​ဘ​ကုန်​သည်၊ အာ​ရှု​ရိ​ကုန်​သည်၊ ခိ​လ​မဒ်​ကုန်​သည်​တို့​လည်း၊ သင်​နှင့်​ကုန်​သွယ်၍၊

ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌​နေ​ပြီ။ သင်၏​ခေါင်း​ပေါ်​မှာ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ စိန်၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ပ​တ္တ​မြား အ​စ​ရှိ​သော​ကျောက်​မြတ် အ​မျိုး​မျိုး​တို့​ကို ဆောင်း​လေ၏။ ရွှေ​ဖြင့်​လုပ်​သော ပတ်​သာ၊ ပု​လွေ​တို့​သည်​လည်း၊ သင်​ဖွား​သော​နေ့၌​ပင် သင့်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ​ကြ၏။

မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ သူ့​ကို မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ ငါ​နှိမ့်​ချ​သော​အ​ခါ၊ နှိမ့်​ချ​သံ​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ငါ​တုန်​လှုပ်​စေ၏။ ဧ​ဒင်​သစ်​ပင်​ရှိ​သ​မျှ​တို့​နှင့် အ​ကောင်း​ဆုံး၊ အ​မြတ်​ဆုံး​သော လေ​ဗ​နုန်​သစ်​ပင်​မှ​စ၍၊ ရေ​ကို​သောက်​သ​မျှ​သော သစ်​ပင်​တို့​သည် မြေ​အောက်​အ​ရပ်​တို့၌ သက်​သာ​ခြင်း​သို့​ရောက်​ကြ၏။

သင်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​အား​ဖြင့် အ​ဘယ်​မည်​သော ဧ​ဒင်​သစ်​ပင်​နှင့် တူ​သ​နည်း။ သင်​သည် ဧ​ဒင်​သစ်​ပင်​တို့​နှင့်​အ​တူ မြေ​အောက်​အ​ရပ်​သို့ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​မည်။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ၊ ဓား​ဖြင့်​အ​သေ​ခံ​ရ​သော သူ​တို့​နှင့်​အ​တူ လဲ၍​နေ​ရ​မည်။ ထို​သို့ ဖာ​ရော​ဘု​ရင်​နှင့် သူ့​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​သည်​ဖြစ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​ရှေ့​မှာ မီး​လောင်၏။ နောက်၌​လည်း မီး​လျှံ​တောက်၏။ ရှေ့​တွင်​ရှိ​သော ပြည်​သည် ဧ​ဒင်​ဥ​ယျာဉ်​ကဲ့​သို့ ဖြစ်၏။ နောက်၌​ကား၊ သုတ်​သင်​ပယ်​ရှင်း​သော လွင်​ပြင်​ဖြစ်၏။ အ​ကယ်​စင်​စစ် သူ​တို့​လက်​မှ အ​ဘယ်​အ​ရာ​မျှ မ​လွတ်​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ