Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 19:3

Judson Bible

ကျပ်​ကျပ်​သွေး​ဆောင်​သော​ကြောင့် တစ်​ဖန်​လော​တ​နေ​ရာ​သို့​လှည့်၍၊ သူ၏​အိမ်​သို့​ဝင်​ကြ၏။ လော​တ​လည်း၊ သူ​တို့​အ​ဖို့​ပွဲ​လုပ်၍၊ တ​ဆေး​မ​ပါ​သော​မုန့်​ကို​ပေါင်း​ပြီး​မှ၊ သူ​တို့​သည်​စား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သ​ခင်​တို့၊ ကိုယ်​တော်​တို့​ကျွန်​၏​အိမ်​သို့​ဝင်၍ တစ်​ည​လုံး​နေ​ကြ​ပါ။ ခြေ​ကို​ဆေး​ကြ​ပါ။ နံ​နက်​စော​စော​ထ၍ ကြွ​သွား​ကြ​ပါ​လော့​ဟု ဆို​လေ​၏။ ကောင်း​ကင်​တ​မန်​တို့​က၊ ငါ​တို့​သည်​မ​ဝင်၊ တစ်​ည​လုံး​လမ်း၌​နေ​တော့​မည်​ဟု ဆို​သော်​လည်း၊

ထို​သူ​ငယ်​ဣ​ဇာက်​သည် ကြီး​ပွား၍ နို့​နှင့်​ကွာ​လေ၏။ နို့​ကွာ​သော​နေ့၌ အာ​ဗြ​ဟံ​သည် ပွဲ​ကြီး​လုပ်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော​သူ၊ ကျွန်ုပ်​အိမ်​သို့​ဝင်​ပါ​လော့။ ပြင်၌​အ​ဘယ်​ကြောင့် ရပ်​နေ​သ​နည်း။ အိမ်​ကို​လည်း​ကောင်း၊ ကု​လား​အုတ်​များ​နေ​ရာ​အ​ရပ်​ကို​လည်း​ကောင်း၊ ကျွန်ုပ်​ပြင်​ပါ​ပြီ​ဟု​ဆို​သ​ဖြင့်၊

ဣ​ဇာက်​သည်၊ သူ​တို့​အ​ဖို့ စား​သောက်​ပွဲ​ကို​လုပ်၍၊ အ​တူ​စား​သောက်​ကြ၏။

တစ်​နေ့​သ၌ ဧ​လိ​ရှဲ​သည် ရှု​နင်​မြို့​သို့​သွား​ရာ​တွင်၊ ထို​မြို့၌ ထင်​ရှား​သော​မိန်း​မ​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ကို ကျွေး​ခြင်း​ငှာ ခေါ်​ပင့်​လေ၏။ နောက်​မှ ထို​လမ်း​သို့​သွား​သော​အ​ခါ​ခါ၊ ကျွေး​ခြင်း​ကို​ခံ​အံ့​သော​ငှာ ထို​အိမ်​သို့​ဝင်​တတ်၏။

ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ရ​မည်။ ပ​ထ​မ​နေ့​ရက်၌ တ​ဆေး​ကို အိမ်​များ​မှ​ပယ်​ရ​မည်။ ပ​ထ​မ​နေ့​မှ​စ၍ ခု​နစ်​ရက်​နေ့​တိုင်​အောင်၊ တ​ဆေး​ပါ​သော​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။

တ​ဆေး​မ​ရော​ဘဲ အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​ခဲ့​သော မုန့်​စိမ်း​ကို​ယူ၍၊ တ​ဆေး​မ​ပါ​သော​မုန့်​ကို​ဖုတ်​ရ​ကြ​၏။ အ​ကြောင်း​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်၌ မ​နွှဲ​မ​ဖင့် အ​နှင်​ခံ​ရ​သော​ကြောင့်၊ ကိုယ်​စား​စ​ရာ​ကို​မ​ပြင်​မီ​ကြ။

ငါ​ဆို​သည်​ကား၊ အ​ဆွေ​ခင်​ပွန်း​ဖြစ်​သည်​ကို​ထောက်၍ မ​ထ၊ မ​ပေး​သော်​လည်း၊ အား​မ​လျော့​ဘဲ တောင်း၍​နေ​သော​ကြောင့် ထ၍​လို​ချင်​သ​မျှ​ကို ပေး​လိမ့်​မည်။-

သ​ခင်​က၊ မြို့​ပြင်၊ လမ်း​မ၊ ခြံ​နား​သို့ သွား​ဦး​လော့။ ငါ့​အိမ်​ကို ပြည့်​စေ​ခြင်း​ငှာ အ​နိုင်​အ​ထက် ခေါ်​သွင်း​လော့။-

ထို​နောက်​မှ​လေ​ဝိ​သည် ကိုယ်​တော်​အ​ဖို့​အ​လို့​ငှာ မိ​မိ​အိမ်၌ ကြီး​စွာ​သော​ပွဲ​ကို​ခံ၍၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌ လျောင်း​ကြ၏။-

ထို​ကြောင့် ထို​သူ​တို့​သည်​ပွဲ​လုပ်​ကြ​သ​ဖြင့် မာ​သ​သည် လုပ်​ကျွေး​မှု​ကို​ဆောင်၍၊ လာ​ဇ​ရု​သည် ကိုယ်​တော်​နှင့်​အ​တူ လျောင်း​သော​သူ​တို့ အ​ဝင်​ဖြစ်၏။-

ထို​ကြောင့်၊ ဟောင်း​သော​တ​ဆေး၊ ဆိုး​ညစ် မိုက်​မဲ​ခြင်း​တ​ဆေး​တို့​ကို ပယ်​ပစ်၍၊ တ​ဆေး​မဲ့​မုန့်​တည်း​ဟူ​သော ကြည်​ဖြူ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့် ပွဲ​ခံ​ကြ​ကုန်​အံ့။-

အ​ကြောင်း​မူ​ကား၊ တစ်​ယောက်​သော​သူ​သည် လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​သည်​မှန်​လျှင်၊-

အ​ချို့​သော​သူ​တို့​သည် ဧည့်​သည်​ဝတ်​ကို ပြု​သည်​တွင်၊ ကောင်း​ကင်​တ​မန်​တို့​ကို အ​မှတ်​တ​မဲ့ ဧည့်​ခံ​ကြ​ပြီ။-

ဂိ​ဒေါင်​သည် သွား၍ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် လုပ်​သော တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​လေ၏။ ဆိတ်​သား​ကို တောင်း၌​ထည့်၍၊ ဆိတ်​သား​ပြုတ်​ရည်​ကို အိုး၌​လောင်း​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​ရှိ​ရာ သ​ပိတ်​ပင်​အောက်​သို့ ဆောင်​ခဲ့၍ ဆက်​လေ၏။

ထို​မိန်း​မ​သည် မိ​မိ​အိမ်၌ ဆူ​အောင်​ကျွေး​သော နွား​က​လေး​တစ်​ကောင် ရှိ​သည်​ဖြစ်၍ အ​လျင်​အ​မြန် သတ်​လေ၏။ မုန့်​ညက်​ကို​လည်း​ယူ၍ နယ်​သ​ဖြင့်၊ တ​ဆေး​မဲ့​မုန့်​ကို ဖုတ်​ပြီး​မှ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ