Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 19:4

Judson Bible

ထို​သူ​တို့​သည်​မ​အိပ်​မီ၊ သော​ဒုံ​မြို့​သား ယောက်ျား​အ​ကြီး​အ​ငယ်၊ အ​ရပ်​ရပ်​က​လာ​သော သူ​အ​ပေါင်း​တို့​သည် အိမ်​ကို​ဝိုင်း​၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သော​ဒုံ​မြို့​သား​တို့​သည် ဆိုး​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၌၊ အ​လွန်​အ​ပြစ်​များ​သော​သူ ဖြစ်​ကြ​သ​တည်း။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၌ ကြွေး​ကြော်​သော​အ​သံ​သည်​ကြီး၍၊ အ​လွန်​အ​ပြစ်​လေး​သော​ကြောင့်၊

ထို​တော၌ ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​က၊

လူ​များ​နောက်​သို့​လိုက်​၍ မ​တ​ရား​သ​ဖြင့်​မ​ပြု​ရ။ တ​ရား​တွေ့​သည်​အ​မှု​မှာ ကြီး​သော​သူ​ဘက်၌​နေ၍၊ တ​ရား​လမ်း​မှ လွဲ​စေ​ခြင်း​ငှာ​မ​ပြော​ရ။

သူ​တို့​သည် သူ​တစ်​ပါး၌ အ​ပြစ်​မ​ပြု​ရ​လျှင် မ​အိပ်​တတ်။ တစ်​စုံ​တစ်​ယောက်​သော​သူ​ကို မ​လဲ​စေ​လျှင် အိပ်၍​မ​ပျော်​တတ်။

မ​ကောင်း​သော အ​ကြံ​ကို ကြံ​စည်​သော​နှ​လုံး​တစ်​ပါး၊ အ​ပြစ်​ပြု​ရာ​သို့ အ​လျင်​အ​မြန်​ပြေး​တတ်​သော ခြေ​တစ်​ပါး၊

ပ​ရော​ဖက်​တို့​သည် မ​ဟုတ်​မ​မှန်​ဟော​ပြော​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝန်​ခံ၍ အ​စိုး​ရ​ကြ၏။ ထို​သို့​သော​အ​မှု​ကို ငါ၏​လူ​တို့​သည် နှစ်​သက်​ကြ၏။ ထို​အ​မှု​ဆုံး​သော​အ​ခါ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​လိမ့်​မည်​နည်း။

ဒု​စ​ရိုက်​ကို ကြိုး​စား၍​ပြု​ခြင်း​ငှာ အ​သင့်​ရှိ​ကြ၏။ မင်း​သည် လက်​ဆောင်​ကို တောင်း​တတ်၏။ တ​ရား​သူ​ကြီး​သည် တံ​စိုး​ကို စား​တတ်၏။ သူ​တစ်​ပါး​ထက်​ကြီး​သော​သူ​သည် မ​တ​ရား​သော လော​ဘ​ကို ထင်​ရှား​စေ​တတ်၏။ ထို​သို့​အ​မှု​ကို ရှုပ်​စေ​ခြင်း​ငှာ ပြု​တတ်​ကြ၏။

သူ​တို့​ခြေ​သည် လူ​အ​သက်​ကို သတ်​ခြင်း​ငှာ လျင်​မြန်၏။-

ထို​သို့ ပျော်​မွေ့​လျက်​နေ​ကြ​သော​အ​ခါ၊ ထို​မြို့​သား အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် အိမ်​ကို​ဝိုင်း၍ တံ​ခါး​ကို​ရိုက်​ကြ၏။ အိမ်​ရှင် လူ​အို​ကို​လည်း​ခေါ်၍၊ သင့်​အိမ်​သို့ ဝင်​သော​ယောက်ျား​နှင့် ငါ​တို့​သည် ဆက်​ဆံ​လို​သည်​ဖြစ်၍၊ ထုတ်​ခဲ့​လော့​ဟု ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ