အကျွန်ုပ်သခင်၊ ရှေ့တော်၌အကျွန်ုပ်သည် မျက်နှာရလျှင် ကိုယ်တော်ကျွန်မှ လွန်၍မသွားပါနှင့်။
မျှော်ကြည့်၍၊ မိမိရှေ့မှာ လူသုံးယောက်ရပ်နေကြသည်ကိုမြင်သောအခါ၊ ခရီးဦးကြိုပြုခြင်းငှာ တဲတံခါးဝမှပြေး၍ မြေသို့ဦးညွှတ်ချလျက်၊
ရေအနည်းငယ်ကို ယူခဲ့ပါရစေ။ ခြေကိုဆေးပြီးလျှင် သစ်ပင်အောက်၌လျောင်းနေကြပါလော့။
ထာဝရဘုရားကောင်းချီးပေးတော်မူသောသူ၊ ကျွန်ုပ်အိမ်သို့ဝင်ပါလော့။ ပြင်၌အဘယ်ကြောင့် ရပ်နေသနည်း။ အိမ်ကိုလည်းကောင်း၊ ကုလားအုတ်များနေရာအရပ်ကိုလည်းကောင်း၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်၊
ကျွန်တော်၌ နွား၊ မြည်း၊ သိုး၊ ဆိတ်၊ ကျွန်ယောက်ျား မိန်းမများရှိကြပါ၏။ ကျွန်တော်သည် သခင်၏စိတ်တော်နှင့်တွေ့စေခြင်းငှာ၊ လျှောက်ကြားလိုက်ပါသည်ဟု၊ ငါ့သခင်ဧသောကိုလျှောက်ကြဟု မှာလိုက်လေ၏။
ထိုကြောင့် ယောသပ်သည် သခင်ရှေ့၌မျက်နှာရ၍ ခစားလျက်နေရ၏။ သခင်သည်လည်း မိမိအိမ်တွင် အိမ်အုပ်အရာနှင့်ခန့်ထား၍ ဥစ္စာရှိသမျှကိုအပ်လေ၏။
အကျွန်ုပ်သည် တစ်ဖန်လာပြန်၍၊ ဘောဇဉ်ပူဇော်သကာကို ဆောင်ခဲ့သဖြင့်၊ ကိုယ်တော်ရှေ့၌ မတင်မီတိုင်အောင်၊ ဤအရပ်က ကြွသွားတော်မမူပါနှင့်ဟု တောင်းပန်လျှင်၊ သင်သည် ပြန်၍ မလာမီတိုင်အောင် ငါနေမည်ဟု မိန့်တော်မူ၏။
ဂိဒေါင်သည် သွား၍ ဆိတ်သငယ်တစ်ကောင်ကိုလည်းကောင်း၊ မုန့်ညက်တစ်ဧဖာနှင့် လုပ်သော တဆေးမဲ့မုန့်ပြားတို့ကိုလည်းကောင်း ပြင်ဆင်လေ၏။ ဆိတ်သားကို တောင်း၌ထည့်၍၊ ဆိတ်သားပြုတ်ရည်ကို အိုး၌လောင်းပြီးမှ၊ ကောင်းကင်တမန်ရှိရာ သပိတ်ပင်အောက်သို့ ဆောင်ခဲ့၍ ဆက်လေ၏။
ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကိုယူ၍ ဤကျောက်ပေါ်မှာ တင်ထားလော့။ အမဲသားပြုတ်ရည်ကို သွန်းလောင်းလော့ဟု ဆိုလျှင်၊ ဆိုသည်အတိုင်း ဂိဒေါင်သည် ပြုလေ၏။