မျှော်ကြည့်၍၊ မိမိရှေ့မှာ လူသုံးယောက်ရပ်နေကြသည်ကိုမြင်သောအခါ၊ ခရီးဦးကြိုပြုခြင်းငှာ တဲတံခါးဝမှပြေး၍ မြေသို့ဦးညွှတ်ချလျက်၊
အာဗြံသည်လည်းပျပ်ဝပ်လျင်၊ ဘုရားသခင်က၊
ထိုလူတို့သည် ထိုအရပ်ကထ၍ သောဒုံမြို့သို့ မျက်နှာပြုလျက်သွားကြ၏။ အာဗြဟံသည်လည်း သူတို့ကိုပို့ခြင်းငှာ လိုက်လေ၏။
ထိုသူတို့သည် ထိုအရပ်မှမျက်နှာလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြဟံမူကား၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေလျက်ရှိသေး၏။
အကျွန်ုပ်သခင်၊ ရှေ့တော်၌အကျွန်ုပ်သည် မျက်နှာရလျှင် ကိုယ်တော်ကျွန်မှ လွန်၍မသွားပါနှင့်။
ကောင်းကင်တမန်နှစ်ပါးတို့သည် ညဉ့်ဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှာထ၍ မြေ၌ဦးညွှတ်ချလျက်၊
အာဗြဟံသည်လည်း၊ ထိုပြည်သားများရှေ့မှာ ဦးညွှတ်ချလျက်၊ အကယ်၍ ငါ့စကားကိုနားထောင်ပါ။
အာဗြဟံသည်ထ၍၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက်၊
ညဉ့်ဦးအချိန်၌ ဆင်ခြင်လိုသောငှာ၊ တောအရပ်သို့ထွက်သွား၍၊ မျှော်ကြည့်လျှင်၊ ကုလားအုတ်များလာသည်ကို မြင်လေ၏။
ယာကုပ်သည်တစ်ယောက်တည်းနေရစ်၍၊ လူတစ်ဦးသည် မိုးလင်းသည်တိုင်အောင် သူနှင့်လုံးထွေးလေ၏။
ယောသပ်သည်နိုင်ငံအုပ်ဖြစ်၍ ပြည်သားအပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယောသပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။
ယောသပ်သည်အိမ်သို့ရောက်သောအခါ၊ သူတို့သည် ကိုယ်၌ပါသောလက်ဆောင်ကို အိမ်ထဲယောသပ်ထံသို့သွင်း၍ သူ့ရှေ့မှာဦးညွှတ်ချလျက် နေကြ၏။
သူတို့က၊ ကိုယ်တော်ကျွန်၊ ကျွန်တော်တို့အဘသည် ကျန်းမာပါ၏၊ အသက်ရှင်ပါသေး၏ဟုလျှောက်လျက်၊ ဦးညွှတ်ချ၍ ရှိခိုးလျက်နေကြ၏။
ယုဒနှင့် ညီအစ်ကိုတို့သည် ယောသပ်အိမ်သို့ရောက်၍၊ သူသည်အိမ်၌ရှိသေးသဖြင့်၊ သူ့ရှေ့မှာပျပ်ဝပ်လျက် နေကြ၏။
ယောသပ်သည်လည်း၊ သားတို့ကိုအဘ၏ဒူးကြားမှထုတ်၍ အဘရှေ့၌ဦးညွှတ်ချစေ၏။
ယေရိခေါမြို့မှာ ကြည့်ရှုသောပရောဖက်အမျိုးသားတို့သည် ဧလိရှဲကိုမြင်လျှင်၊ ဧလိယ၏ဝိညာဉ်သည် ဧလိရှဲအပေါ်မှာ ကျိန်းဝပ်သည်ဟုဆိုလျက် ခရီးဦးကြိုပြုအံ့သောငှာသွား၍ သူ့ရှေ့၌ မြေပေါ်မှာပျပ်ဝပ်ကြ၏။
သန့်ရှင်းသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့။ အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့။-
အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။-
ယောရှုသည် ယေရိခေါမြို့အနားမှာရှိနေစဉ် မျှော်ကြည့်၍၊ လူတစ်ယောက်သည် ဓားကိုဓားအိမ်မှ ထုတ်ကိုင်လျက်၊ ကန့်လန့်ရပ်နေသည်ကို မြင်လျှင်၊ သူ့ထံသို့သွား၍ သင်သည် ငါတို့ဘက်၌နေသောသူလော၊ ငါတို့ရန်သူဘက်၌ နေသောသူလောဟုမေးသော်၊
မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကို ပြုကြလော့။-
ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည် မြုံသောကြောင့် သားမဖွားသော်လည်း၊ ယခု ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။
ရုသသည် မြေပေါ်မှာ ဦးချပျပ်ဝပ်လျက်၊ ကျွန်မသည် တစ်ပါးအမျိုးသားဖြစ်၍ ကိုယ်တော်သည် ကျွန်မကို သိမှတ်မည်အကြောင်း၊ အဘယ်သို့ စိတ်တော်နှင့်တွေ့ရပါသနည်းဟု လျှောက်လေ၏။