Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 17:5

Judson Bible

နောက်​တစ်​ဖန်​သင်၏​အ​မည်​ကို အာ​ဗြံ​ဟု​မ​ခေါ်​ရ။ သင်၏​အ​မည်​ကို အာ​ဗြ​ဟံ​ဟု​ခေါ်​ရ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​သင့်​ကို များ​စွာ​သော​လူ​အ​မျိုး​တို့၏ အ​ဘ​အ​ရာ၌​ခန့်​ထား​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သင်၏​မ​ယား​စာ​ရဲ​ကို​မူ​ကား၊ စာ​ရဲ​ဟူ​သော အ​မည်​ဖြင့်​မ​ခေါ်​ရ၊ စာ​ရာ​ဟူ​သော​အ​မည်​ဖြင့် ခေါ်​ရ၏။

နောင်၌ သင်၏​အ​မည်​ကို​ယာ​ကုပ်​ဟူ၍ မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း၊ လူ​နှင့်​လည်း​ကောင်း၊ မင်း​ကဲ့​သို့​ပြိုင်၍ နိုင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။

ယာ​ကုပ်​က​လည်း၊ နာ​မ​တော်​ကား​အ​ဘယ်​သို့​နည်း။ အ​ကျွန်ုပ်​အား ဖော်​ပြ​တော်​မူ​ပါ​ဟု မေး​လျှောက်​လျှင်၊ ငါ့​နာ​မ​ကို​အ​ဘယ်​ကြောင့်​မေး​သ​နည်း​ဟု ဆို၍၊ ထို​အ​ရပ်၌ ကောင်း​ချီး​ပေး​တော်​မူ၏။

သင်​သည် ယ​ခု​ယာ​ကုပ်​အ​မည်​ရှိ၏။ နောင်၌ သင်၏​အ​မည်​ကို ယာ​ကုပ်​ဟူ၍​မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်​ဟု မိန့်​တော်​မူ​လျက် ဣ​သ​ရေ​လ​အ​မည်​ဖြင့် သ​မုတ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​ငယ်​ကို​ချစ်၍​ကျေး​ဇူး​ပြု​တော်​မူ​သ​ဖြင့်၊ ပ​ရော​ဖက်​နာ​သန်​ကို စေ​ခိုင်း၍ ယေ​ဒိ​ဒိ​အ​မည်​ဖြင့် မှည့်​တော်​မူ၏။

အာ​ဗြ​ဟံ​အ​မည်​ရှိ​သော အာ​ဗြံ​တည်း။

အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အာ​ဗြံ​ကို​ရွေး​ချယ်၍ ခါ​လ​ဒဲ​ပြည်၊ ဥ​ရ​မြို့​မှ​ခေါ်​ခဲ့​ပြီး​လျှင် အာ​ဗြ​ဟံ​ဟူ​သော အ​မည်​ကို ပေး​တော်​မူ၏။

သင်​တို့​သည် ကိုယ်​နာ​မ​ကို၊ ငါ​ရွေး​ကောက်​သော​သူ​တို့၌ ကျိန်​ဆဲ​ဖို့​ရာ ကျန်​ရစ်​စေ​ကြ​လိမ့်​မည်။ အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို ကွပ်​မျက်၍၊ ကိုယ်​တော်၏​ကျွန်​တို့​ကို အ​ခြား​သော​နာ​မ​ဖြင့် မှည့်​တော်​မူ​မည်။

နက်​ဖြန်​နေ့၌ ပါ​ရှု​ရ​သည် ယေ​ရ​မိ​ကို ထိတ်​မှ​လွှတ်​သော​အ​ခါ၊ ယေ​ရ​မိ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ပါ​ရှု​ရ​ဟူ၍ မှည့်​တော်​မ​မူ။ မာ​ဂေါ​မိဿ​ဘိတ်​ဟူ၍ မှည့်​တော်​မူ၏။

ထို​မင်း​လက်​ထက်၌ ယု​ဒ​ပြည်​သည် ကယ်​တင်​ခြင်း​သို့​ရောက်၍၊ ဣ​သ​ရေ​လ​ပြည်​လည်း ငြိမ်​ဝပ်​စွာ နေ​ရ​လိမ့်​မည်။ ထို​မင်း​သည် ယေ​ဟော​ဝါ​ဇေ​ဒ​က​နု ဟူ​သော ဘွဲ့​နာ​မ​ရှိ​လိမ့်​သ​တည်း။

ခါ​နာန်​ပြည်​ကို​စူး​စမ်း​စေ​ခြင်း​ငှာ မော​ရှေ​စေ​လွှတ်​သော သူ​တို့၏​အ​မည်​တည်း။ နုန်၏​သား​ဩ​ရှေ​ကို ယော​ရှု​ဟူ​သော​အ​မည်​ဖြင့် မော​ရှေ​မှည့်​လေ၏။

သူ့​ကို ယေ​ရှု​ထံ​သို့ ပို့​ဆောင်​လေ၏။ မေ​ရှိ​ယ​အ​နက်​ကား ခ​ရစ်​တော်​ဟု​ဆို​လို​သ​တည်း။ ယေ​ရှု​သည် ထို​သူ​ကို​ကြည့်​ရှု၍၊ သင်​သည် ယော​န၏​သား​ရှိ​မုန်​ဖြစ်၏။ ကေ​ဖ​အ​မည်​သစ်​ကို ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏၊ ကေ​ဖ​အ​နက်​ကား ပေ​တ​ရု​ဟု ဆို​လို​သ​တည်း။

ငါ​သည် သင့်​ကို လူ​မျိုး​အ​များ​တို့၏​အ​ဘ ဖြစ်​စေ၏​ဟု ကျမ်း​စာ၌​လာ​သည်​နှင့်​အ​ညီ၊ ထို​အာ​ဗြ​ဟံ​သည်​ကား၊ သေ​လွန်​သော​သူ​တို့​ကို ရှင်​စေ​တော်​မူ​ထ​သော၊ မ​ဖြစ်​သေး​သော​အ​ရာ​တို့​ကို ဖြစ်​သော​အ​ရာ​ကဲ့​သို့ မှာ​ထား​တော်​မူ​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ကိုယ်​တိုင်​ယုံ​ကြည်​သော ဘု​ရား​ရှေ့​တော်၌ ခပ်​သိမ်း​သော​ငါ​တို့၏​အ​ဘ ဖြစ်​သ​တည်း။-

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ဝှက်​ထား​သော မ​န္န​ကို​လည်း​ကောင်း၊ ကျောက်​ဖြူ​လက်​ဖွဲ့​ကို​လည်း​ကောင်း၊ ထို​ကျောက်​ပေါ်၌ အ​က္ခ​ရာ​တင်​သော နာ​မ​သစ်​ကို​လည်း​ကောင်း ထို​သူ​အား ငါ​ပေး​မည်။ ထို​ကျောက်​ကို ရ​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ထို​နာ​မ​ကို မ​သိ​နိုင်​ရာ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ