Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 17:4

Judson Bible

ငါ​ပြု​သော​ပ​ဋိ​ညာဉ်​သည် သင်၌​ရှိ၏။ သင်​သည်​လူ​မျိုး​အ​များ​တို့၏ အ​ဘ​ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​စေ​မည်။ သင်​သည် ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်​လိမ့်​မည်။

သင်၏​အ​မျိုး​အ​နွယ်​ကို မြေ​မှုန့်​ကဲ့​သို့​ငါ​များ​ပြား​စေ​မည်။ သို့​ဖြစ်၍ လူ​သည်​မြေ​မှုန့်​ကို​ရေ​တွက်​နိုင်​လျှင်၊ သင်၏​အ​မျိုး​အ​နွယ်​ကို ရေ​တွက်​နိုင်​ကြ​လိမ့်​မည်။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ သင်၏​အ​မျိုး​အ​နွယ်​ကို မ​ရေ​တွက်​နိုင်​အောင်၊ ငါ​အ​လွန်​များ​ပြား​စေ​မည်​ဟူ၍​လည်း​ကောင်း၊

ငါ​သည် သင့်​အား​အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​မည်။ သင်၏​အ​မျိုး​အ​နွယ်​ကို​လည်း ကောင်း​ကင်​ကြယ်​ကဲ့​သို့​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပွား​များ​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် ရန်​သူ​တို့၏​မြို့​တံ​ခါး​များ​ကို အ​စိုး​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ဝမ်း​အ​တွင်း၌ လူ​မျိုး​နှစ်​မျိုး​ရှိ၏။ သင်၏​ဝမ်း​ထဲ​က ခြား​နား​သော​လူ​စု​နှစ်​စု​ကို ဖွား​ရ​လိမ့်​မည်။ လူ​တစ်​မျိုး​သည် တစ်​မျိုး​ထက်​အား​ကြီး​လိမ့်​မည်။ အ​ကြီး​သည်​အ​ငယ်၌ ကျွန်​ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အ​န​န္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည် ကောင်း​ချီး​ပေး၍​တိုး​ပွား​စေ​သ​ဖြင့်၊ သင်​သည် အ​မျိုး​ကြီး​ဖြစ်​မည်​အ​ကြောင်း​နှင့် များ​ပြား​စေ​တော်​မူ​စေ​သ​တည်း။

ကိုယ်​တော်​က၊ ငါ​သည်​သင်၌ အ​မှန်​ကျေး​ဇူး​ပြု၍၊ မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သော သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ၊ သင်၏​အ​မျိုး​အ​နွယ်​ကို ငါ​ဖြစ်​စေ​မည်​ဟု မိန့်​တော်​မူ​ပါ​ပြီ​ဟု တောင်း​လျှောက်​လေ၏။

တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ ငါ​သည်​အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင် ဖြစ်၏။ တိုး​ပွား​များ​ပြား​လော့။ လူ​တစ်​မျိုး​မ​က၊ အ​မျိုး​မျိုး​တို့​သည် သင်၌​ဖြစ်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့​သည် သင်၏​အ​မျိုး​အ​နွယ်၌ ဖြစ်​ကြ​လိမ့်​မည်။

အ​ဘ​သည်​ငြင်း၍၊ ငါ​သိ၏​ငါ့​သား၊ ငါ​သိ၏။ သူ​သည်​ကြီး​စွာ​သော လူ​စု​ဖြစ်​လိမ့်​မည်။ သို့​သော်​လည်း၊ သူ့​ညီ​သည် သူ့​ထက်​သာ၍​ကြီး​သ​ဖြင့်၊ သူ၏​အ​မျိုး​အ​နွယ်​သည် များ​စွာ​သော​လူ​အ​စု​စု​ဖြစ်​လိမ့်​မည်​ဟု​ဆို၏။

သူ​တို့​သည်​အ​ရပ်​ရပ်​လည်​၍၊ ဧည့်​သည်​နေ​ရာ​ပြည်၊ ခါ​နာန်​ပြည်​ကို သူ​တို့​အား ပေး​ခြင်း​ငှာ၊ သူ​တို့​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ကို ငါ​တည်​စေ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ