Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 13:2

Judson Bible

ထို​အ​ခါ အာ​ဗြံ​သည်၊ သိုး၊ နွား​စ​သည်​တို့​ကို​လည်း​ကောင်း၊ ရွှေ​ငွေ​ကို​လည်း​ကောင်း​အ​လွန်​ရ​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရော​ဘု​ရင်​သည် ထို​မိန်း​မ​အ​တွက် အာ​ဗြံ၌​ကျေး​ဇူး​ပြု​သ​ဖြင့်၊ သူ​သည် သိုး၊ နွား၊ မြည်း​ထီး၊ မြည်း​မ၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​များ​နှင့်​ကြွယ်​ဝ၏။

ထို​လူ​နှစ်​ဦး​တို့​သည် အ​တူ​နေ​ခြင်း​ငှာ ထို​မြေ​မ​ဆံ့​နိုင်။ ဥ​စ္စာ​များ​လွန်း၍၊ သူ​တို့​သည်​တစ်​ရပ်​တည်း​မ​နေ​နိုင်​ကြ။

အာ​ဗြ​ဟံ​သည်​အို၍၊ အ​သက်​အ​ရွယ်​ကြီး​ရင့်​လှ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ရာ​ရာ၌ သူ့​ကို​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်ုပ်၏​သ​ခင်​ကို အ​လွန်​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သူ​သည်​ကြီး​မြတ်​ခြင်း​သို့ ရောက်​လေ​ပြီ။ သိုး​စု၊ နွား​စု၊ ရွှေ၊ ငွေ၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​နှင့်​မြည်း​များ​တို့​ကို ပေး​တော်​မူ​ပြီ။

သိုး​စု၊ နွား​စု​များ၊ ကျွန်​များ​နှင့်​ပြည့်​စုံ​ကြွယ်​ဝ၏။ ထို​ကြောင့်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သူ့​ကို​ငြူ​စူ​ကြ၏။

ထို​သို့​ယာ​ကုပ်၌ စည်း​စိမ်​တိုး​ပွား၍၊ သိုး၊ ဆိတ်၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်၊ မြည်း​အ​များ​ရှိ​ကြ၏။

ကိုယ်​တော်​သည် သူ့​ကိုယ်​မှ​စ၍ သူ့​အိမ်​နှင့် သူ့​ဥ​စ္စာ​ရှိ​သ​မျှ​ပတ်​လည်၌ စောင်​ရန်း​ကာ​တော်​မူ​သည် မ​ဟုတ်​လော။ သူ​ပြု​လေ​သ​မျှ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ သူ့​သိုး​နွား​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​တို့​သည် မြေ​ပေါ်​မှာ အ​လွန်​ပွား​များ​ကြ​ပြီ။

သူ၏​ဥ​စ္စာ​ကား၊ သိုး ခု​နစ်​ထောင်၊ ကု​လား​အုတ် သုံး​ထောင်၊ နွား​ယှဉ် ငါး​ရာ၊ မြည်း​မ ငါး​ရာ၊ ငယ်​သား​အ​တိုင်း​မ​သိ​များ​သည်​ဖြစ်၍၊ ထို​သူ​သည် အ​ရှေ့​မျက်​နှာ အ​ရပ်​သား​တ​ကာ​တို့​ထက် သာ၍​ကြီး​သော​သူ ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ချီး​မင်္ဂ​လာ​သည် စည်း​စိမ်​ကို ဖြစ်​စေ​တတ်၏။ ထို​စည်း​စိမ်​နှင့်​လည်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ရော​နှော​တော်​မ​မူ။

ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ရှေ့​ဦး​စွာ​ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍​ပေး​တော်​မူ​လ​တ္တံ့။-

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ အောက်​မေ့​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို ယ​နေ့​ကဲ့​သို့ တည်​စေ​လို​သော​ငှာ၊ စည်း​စိမ်​ရ​တတ်​သော အ​စွမ်း​သ​တ္တိ​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ၏။

ကိုယ်​ကာ​ယ​ကို​ဆုံး​မ​ခြင်း​သည် များ​စွာ​သော အ​ကျိုး​ကို မ​ပေး​တတ်။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​မူ​ကား၊ ယ​ခု​ဘ​ဝ၊ နောင်​ဘ​ဝ​နှင့် စပ်​ဆိုင်​သော​က​တိ​တော်​ကို ရ​သည်​ဖြစ်၍၊-

ဆင်း​ရဲ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရ​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပြု၍၊ နှိမ့်​ချ​သော​အ​ခွင့်၊ ချီး​မြှောက်​သော​အ​ခွင့် ရှိ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ