Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 13:1

Judson Bible

အာ​ဗြံ​သ​မီး​မောင်​နှံ​တို့​သည်​လည်း၊ လော​တ​နှင့်​တ​ကွ မိ​မိ​တို့၌​ရှိ​သ​မျှ​သော ဥ​စ္စာ​ကို​ယူ၍၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သ​ဖြင့်၊ ခါ​နာန်​ပြည်​တောင်​ပိုင်း​သို့ ရောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​အာ​ဗြ​ဟံ​သည် တောင်​ပြည်​သို့ ခ​ရီး​သွား​သ​ဖြင့်၊ ကာ​ဒေ​ရှ​မြို့​နှင့် ရှု​ရ​မြို့​စပ်​ကြား​မှာ​နေ၍၊ ဂေ​ရာ​မြို့၌​တည်း​ခို၏။

အာ​ဗြ​ဟံ​သည် ဗေ​ရ​ရှေ​ဘ​အ​ရပ်၌ မန်​ကျည်း​ပင်​ကို​စိုက်၍၊ အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​ပ​တ္ထ​နာ​ပြု​လေ၏။

တု​ရု​ရဲ​တိုက်​သို့​လည်း​ကောင်း၊ ဟိ​ဝိ​မြို့​များ၊ ခါ​နာ​နိ​မြို့​များ အ​လုံး​စုံ​တို့​သို့​လည်း​ကောင်း ရောက်၍၊ ယု​ဒ​ပြည်​တောင်​ပိုင်း၊ ဗေ​ရ​ရှေ​ဘ​မြို့၌ လက်​စ​သတ်​ကြ၏။

ခါ​နာန်​ပြည်​ကို စူး​စမ်း​စေ​ခြင်း​ငှာ မော​ရှေ​စေ​လွှတ်​လျက်၊ သင်​တို့​သည် တောင်​မျက်​နှာ​လမ်း​ဖြင့်​သွား၍ တောင်​ရိုး​ပေါ်​သို့​တက်​ကြ​လော့။

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် တောင်​ပေါ်​အ​ရပ်၊ တောင်​မျက်​နှာ​အ​ရပ်၊ ချိုင့်​ထဲ​အ​ရပ်၊ စမ်း​ရေ​တွင်း​အ​ရပ် ရှိ​သ​မျှ​တို့​နှင့်​တ​ကွ မင်း​ကြီး​အ​ပေါင်း​တို့​ကို လုပ်​ကြံ၍၊ အ​သက်​ရှင်​သော​သူ​တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။

သူ​တို့​သည် ပြည်​ကို ခု​နစ်​ပိုင်း​ပိုင်း​ခြား​ရ​ကြ​မည်။ ယု​ဒ​အ​မျိုး​သည် တောင်​ဘက်​မိ​မိ​နေ​ရာ၌ နေ​ရ​မည်။ ယော​သပ်​အ​မျိုး​သည် မြောက်​ဘက်​မိ​မိ​နေ​ရာ၌ နေ​ရ​မည်။

အာ​ခိတ်​မင်း​က၊ သင်​တို့​သည် ယ​နေ့ အ​ဘယ်​အ​ရပ်​သို့​သွား၍ တိုက်​သ​နည်း​ဟု မေး​သော်၊ ဒါ​ဝိဒ်​က၊ ယု​ဒ​ပြည်​တောင်​ဘက်၊ ယေ​ရ​မေ​လ​ပြည်​တောင်​ဘက်၊ ကေ​နိ​ပြည်​တောင်​ဘက်​သို့ သွား၍ တိုက်​ပါ​သည်​ဟု လျှောက်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ