Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 10:8

Judson Bible

ကု​ရှ​သည် သား​နိမ်​ရော​ဒ​ကို​လည်း​ရ​သေး၏။ ထို​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​ဦး​စွမ်း​နိုင်​သော​သူ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ကု​ရှ​သား​ကား၊ သေ​ဘ၊ ဟာ​ဝိ​လ၊ သာ​ဘ​တ၊ ရာ​ဂ​မ၊ သ​တ္တေ​ခါ​တည်း။ ရာ​ဂ​မ​သား​ကား၊ ရှေ​ဘ၊ ဒေ​ဒန်​တည်း။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ အား​ကြီး​သော​မု​ဆိုး​ဖြစ်၏။ ထို​ကြောင့် စ​ကား​ပုံ၌​ကား၊ ဘု​ရား​ရှေ့​နိမ်​ရော​ဒ၊ အား​ကြီး​မု​ဆိုး၊ ပြု​လုပ်​သည်​လို​ဟု စပ်​ဆို​သ​တည်း။

ဒု​တိ​ယ​မြစ်​ကား ဂိ​ဟုန်​အ​မည်​ရှိ​၏။ ထို​မြစ်​သည် ကု​ရှ​ပြည်​နား​တစ်​လျှောက်​လုံး​ကို စီး​သွား​လေ​၏။

ကု​ရှ​သည် သား​နိမ်​ရော​ဒ​ကို​လည်း ရ​သေး၏။ ထို​သူ​သည် မြေ​ကြီး​ပေါ်​မှာ အား​ကြီး​သော​မု​ဆိုး​ဖြစ်၏။

ပင်​လယ်​လမ်း​ဖြင့်​လည်း​ကောင်း၊ ရေ​ပေါ်၌ ဂ​မာ​လှေ​ဖြင့်​လည်း​ကောင်း၊ သံ​တ​မန်​တို့​ကို လွှတ်​တတ်​သော​ပြည်၊ နား​ထောင်​လော့။ ခိုင်​မာ​ပြင်း​ထန်​လျက် ရှေ့​ဦး​စွာ​မှ​စ၍ ယ​ခု​တိုင်​အောင်၊ ကြောက်​မက်​ဖွယ်​ဖြစ်​ထ​သော၊ ခွန်​အား​ကြီး၍ နှိပ်​နင်း​တတ်​ထ​သော၊ မြစ်​ကွဲ​ပြား​သော​မြေ၌​နေ​သော လူ​မျိုး​ထံ​သို့၊ လျင်​မြန်​သော​တ​မန်​တို့၊ သွား​ကြ​လော့။

ဓား​လက်​နက်​ဖြင့် အာ​ရှု​ရိ​ပြည်​ကို​လည်း​ကောင်း၊ မြို့​တံ​ခါး​ဝ​အ​တွင်း၌ နိမ်​ရော​ဓ​နိုင်​ငံ​ကို​လည်း​ကောင်း သုတ်​သင် ပယ်​ရှင်း​သော​အား​ဖြင့်၊ ငါ​တို့​ပြည်​သို့​လာ၍၊ ငါ​တို့​နယ်​အ​တွင်း​တွင် နင်း​သော အာ​ရှု​ရိ​လူ၏​လက်​မှ ငါ​တို့​ကို ကယ်​လွှတ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ