ကမ္ဘာဦး 10:9Judson Bibleထာဝရဘုရားရှေ့မှာ အားကြီးသောမုဆိုးဖြစ်၏။ ထိုကြောင့် စကားပုံ၌ကား၊ ဘုရားရှေ့နိမ်ရောဒ၊ အားကြီးမုဆိုး၊ ပြုလုပ်သည်လိုဟု စပ်ဆိုသတည်း။ အခန်းကိုကြည့်ပါ။ |
ပင်လယ်လမ်းဖြင့်လည်းကောင်း၊ ရေပေါ်၌ ဂမာလှေဖြင့်လည်းကောင်း၊ သံတမန်တို့ကို လွှတ်တတ်သောပြည်၊ နားထောင်လော့။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင်၊ ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိပ်နင်းတတ်ထသော၊ မြစ်ကွဲပြားသောမြေ၌နေသော လူမျိုးထံသို့၊ လျင်မြန်သောတမန်တို့၊ သွားကြလော့။
အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ အသက်ဝိညာဉ်တို့ကိုဖမ်းခြင်းငှာ ခပ်သိမ်းသောသူတို့၏နံပါး၌ ခေါင်းအုံးကိုထည့်၍၊ လူအကြီးအငယ်တို့ ခေါင်းပေါ်မှာ ဦးထုပ်တို့ကို တင်ထားသောမိန်းမတို့သည် အမင်္ဂလာရှိကြ၏။ ငါ့လူတို့၏ အသက်ဝိညာဉ်ကိုဖမ်း၍၊ ကိုယ်အသက်ဝိညာဉ်ကို သေခြင်းမှ ကယ်ချွတ်ကြလိမ့်မည်လော။